(005MK)
ကလေးမြို့အနောက်တောင်ဘက် စက္ကန့်ကျေးရွာက မြေးအဖွားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲက သတ်ဖြတ်ပြီး နေအိမ်နှင့်အတူ မီးရှို့ခဲ့သည် ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့မနက်ပိုင်းက စက္ကန့်ကျေးရွာထဲသို့ ၀င်ရောက်ကာ လူနေအိမ်များ မီးရှို့ဖျက်ဆီးကာ ရွာထဲကနေ ထွက်ပြေးရန်ပြင်ဆင်နေသော မြေးအဖွားနှစ်ဦးကို ဖမ်းဆီး၍ သတ်ဖြတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများနှင့်နီးစပ်သောသတင်းရင်းမြစ်ထံမှသိရသည်။
သေဆုံးသွားသော မြေးအဖွား ၂ ဦးမှာ အသက် ၆၅ နှစ်အရွယ်ဒေါ် Neih Hnem နှင့် အသက် ၁၄ နှစ်အရွယ် Van Bawi Lian တို့ဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် မြေးအဖွားနှစ်ဦးကို သတ်ဖြတ်ပြီးနောက် နေအိမ် နှင့်အတူ မီးရှို့ခဲ့ကြသည်ဟု သိရသည်။
မသန်စွမ်းအမျိုးသားတစ်ဦးလည်း ရွာထဲမှာကျန်ရစ်ပြီး ယခုချိန်ထိ ရှာမတွေ့ကြသေးပဲ သေသလား ရှင်သလား မသိရကြောင်း CNO UCR ကထုတ်ပြန်သည်။
ချင်းတောင်ခြေတွင်တည်ရှိသော စက္ကန့်ကျေးရွာသည် အိမ်ခြေ ၆၀၀ ခန့်ရှိပြီး ချင်းလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့က ယနေ့ အောက်တိုဘာ ၇ ရက်မနက်ပိုင်းကတည်းက ကျေးရွာအတွင်းရှိနေအိမ်းများ စတင်မီးရှို့ခဲ့ပြီး လူနေအိမ်ခြေ ၁၀၀ နီးပါးခန့်ပျက်စီးမည်ဟုခန့်မှန်းကြသည်။
ယခုနှစ် ဇန်န၀◌ါရီလ ၅ ရက်နေ့ တုန်းကလည်း စက္ကန့်ကျေးရွာက နေအိမ် ၈၀ ကျော်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်သည်။