Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့ သာယာကုန်းရွာအနီးတိုက်ပွဲ စစ်ကောင်စီဘက် အထိနာ

ကလေးမြို့ သာယာကုန်းရွာအနီးတိုက်ပွဲ စစ်ကောင်စီဘက် အထိနာ

0
By Editor on August 3, 2022 Khonumthung

စစ်ကိုင်းတိုင်း ကလေးမြို့နယ် နည်းပညာတက္ကသိုလ်ကနေ တောင်ပိုင်းဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သြဂုတ်လ ၂ ရက်နေ့က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အကျဆုံးများပြီး အထိနာနေတယ်လို့ သိရပါတယ်။

ကလေး-ဂန့်ဂေါလမ်းမအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သာယာကုန်းကျေးရွာအနီးမှာ PDF (Kalay) တပ်ရင်း ၁၊ ၂၊ ၅၊ ၆၊ ပ.က.ဖ (ကလေး) ၊ CNDF ၊ CDF (KKG) နဲ့ RKDF ပူးပေါင်းတပ်ဖွဲ့တွေက သြဂုတ်လ ၂ ရက်နေ့က စတင်ဖြတ်တောက် တိုက်ခိုက်ခဲ့ပြီး နံနက် ၆ နာရီခွဲကနေ မွန်းလွဲ ၃ နာရီ ခန့်အထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြ တယ်လို့ PDF (Kalay) က ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သားအနည်းဆုံး ၁၅ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kalay-PDF တပ်ရင်း-၁ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“မနေ့က မနက်ခြောက်နာရီခွဲလောက်မှာ ကျွန်းချောင်းနဲ့ သာယာကုန်းကြားမှာ ထိတွေ့မှုစဖြစ်တယ် သာယာကုန်းရွာအဝင်နားမှာ ပြန်ပြီးထိတွေ့မှုပြန်ဖြစ်တယ် ညနေခြောက်ခွဲအထိ၊ စစ်ကောင်စီဘက်က ၂၀ လောက်တော့ကျတယ် GTI ကျောင်းဝင်းထဲကို ၁၅ လောင်းပဲသယ်သေးတယ်ဆိုတော့ ကျန်တဲ့အလောင်းကိုတော့ ညမှနောက်ထပ်ကားနဲ့ လာ သယ်တာရှိသေးတာဆိုတော့ ဘယ်လောက်လဲမသိရသေးဘူး အနည်းဆုံး ၁၅ ယောက်ဖြစ်မယ်” ဟု Kalay-PDF တပ်ရင်း-၁ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ သြဂုတ်လ ၂ ရက်နေ့မွန်းလွဲ ၂ နာရီခန့်မှာတော့ သာယာကုန်းရွာကို ဝင်ရောက်ပြီး ကျေးရွာအတွင်းက အပြစ်မဲ့ပြည်သူ ၁၀ ယေက်ကျော် ဖမ်းဆီးကာ အဲဒီထဲက အမျိုးသား ၁ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ PDF (Kalay) က ဆိုပါတယ်။

“ပြည်သူတွေ၊ မသန်စွမ်းတွေ၊ ကလေးငယ်ငယ်တွေကျန်နေခဲ့တဲ့ဟာတွေရော ဖမ်းခေါ်သွားတာ၊ ပထမဆုံးက ဆယ်ယောက်ပဲဖမ်းတာ၊ ပြီးမှ ဆက်တိုက်ဆက်တိုက် ဖမ်းတာ။ သူတို့တွေကို ရွာထဲမှာထားတယ်။ ပြီးတော့ ဓားစာခံအနေနဲ့ ဘယ်နှစ်ယောက်လောက်ရှိမလဲမသိဘူး ရှေ့ကိုထုတ်ပြီးမှ ကြိုးတုပ်ပြီးမှ အရှေ့ကို အရင်လွတ်တယ်ပြီးမှ သူတို့က အနောက်ကနေ သေနတ်နဲ့လိုက်တယ်” ဟု Kalay-PDF တပ်ရင်း-၁ ကတာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ သူတို့ဖမ်းဆီးထားတဲ့ပြည်သူတွေကိုလူသားဒိုင်းအဖြစ် စစ်ကြောင်းမှာ ဆက်လက်ခေါ်သွားပြီး တိုက်ပွဲအခြေအနေဆက်လက်ပြင်းထန်လာနိုင်တာကြောင့် ကလေး-ဂန့်ဂေါလမ်းမကြီးကို အသုံးမပြုကြဖို့ PDF (Kalay) က သတိပေးထားပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.