Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ကလေးမြို့ အကျဥ်းထောင်တွင်း ဖြိုခွင်းခံရခြင်း (၃) နှစ်ပြည့်

ကလေးမြို့ အကျဥ်းထောင်တွင်း ဖြိုခွင်းခံရခြင်း (၃) နှစ်ပြည့်

0
By Editor on March 17, 2025 Featured

စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်ကလေး အကျဥ်းထောင်အတွင်း ဖိနှိပ်မှုကို အဓိက အုပ်ချုပ်ရေးမဏ္ဏိုအဖြစ် အသုံးပြုခြင်းကြောင့် အရေးပေါ် ကိစ္စအဖြစ် ထိမ်းသိမ်းခံ အချုပ်သား ဗန်ဒိမ်း ဦးဆောင်သည့်အဖွဲ့များမှ ဆန္ဒထုတ် ဖော်မှုကြောင့် လူမဆန်စွာ ဖြိုခွင်းခံရပြီး အကျဥ်းသား အချုပ်သား ၉ ဦး ကျဆုံးခဲ့သည် မှာ ယနေ့ဆိုလျှင် သုံးနှစ် ပြည့်မြောက်ခဲ့ပါပြီ။

စစ်အာဏာသိမ်းပြီး လွန်ခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့ ညနေ ၄:၅၀ အချိန် ခန့် အကျဥ်းထောင် အတွင်း ဆန္ဒထုတ်ဖော်မှု ဖြစ်ပွားခဲ့သည်။စစ်အာဏာရှင် အစိုးရ၏ လည်ပတ်နေသည့် အုပ်ချုပ်ရေး ယန္တရား ဖြစ်သော အကျဥ်းဦးစီးဌာနများမှ ဖိနှိပ်မှု ပိုမိုဆိုးရွားလာခြင်းကြောင့် မတရားမှု ကို တွန်းလှန်လိုသည ဗန်ဒိမ်း နှင့် အကျဥ်းသားအချုပ်သားများအဖွဲ့သည် တောင်းဆိုချက် ၃ ချက်ဖြင့်ဆန္ဒထုတ်ဖော်ခဲ့ကြသော်လည်း အကျဥ်းဦးစီးဌာန တာဝန်ခံ အရာရှိများမှ ညှိနှိုင်း ဆွေးနွေး အဖြေရှာခြင်းမရှိပဲ လက်နက်သုံးဖြိုခွဲခံခဲ့ရပါသည်။

အကျဥ်းသား အချုပ်သား များမှ တောင်းဆိုချက် ၃ ချက်မှာ –

(1) စစ်အာဏာရှင်အစိုးရ ကို အသိအမှတ်မပြု
(2) ပြည်သူတွေနှင့် ပူးပေါင်းရန်
(3) CDM လှုပ်ရှားမှု ကို ထောက်ခံရန် ရည်ရွယ်ပြီး ဆန္ဒ ထုတ်ဖော်ကြခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်ရာတွင် လူစုလူဝေး ဖြိုခွင်းသည့် အကျဥ်းထောင် လုပ်ထုံး လုပ်နည်း အရ သတိပေးအဆင့်၊ တုတ် ဒိုင်း သုံးပြီး ဖြိုခွဲ သည့် အဆင့် ၊ လောက်လေးခွ သုံးဖြိုခွဲသည့် အဆင့်များ အသုံး ပြုခြင်း မရှိပဲ အကျဥ်းဦးစီးတာဝန်ခံ အရာရှိ မှ ပြင်းပြင်းထန်ထန် လက်နက် အသုံး ပြု ပြီး ဖြိုခွဲ ခဲ့ခြင်းကြောင့် အကျဥ်းသားအချုပ် သားများ ဘက်မှ ၉ ဦး အထိ ကျဆုံးခဲ့ရသည့် အဆင့်ဖြစ်လာခဲ့ပါသည်။အကျဥ်းသား အချုပ်သားများ ဆန္ဒထုတ်ဖော်ရန် အဓိက အကြောင်း အရင်းမှာ မတရား သဖြင့် ဖိနှိပ် အုပ်ချုပ်ခွဲခြား ဆက်ဆံခြင်းနှင့် အဓိက အချက် ၁၀ ချက် လည်းရှိကြောင်း သိရပါတယ်။

၁။ လိုင်းဝင်ထားသော အကျဥ်းသားများအား Main Jail ရုံး၌ မိမိအိမ်နှင့် ဖုန်းပြောစေခြင်း။

၂။ လိုင်းမဝင် အိမ်နှင့် အဆက်အသွယ်မရသော အကျဥ်းသားများအား စာတိုက်မှတဆင့် စာပို့ပေးမည်ဆိုသော်လည်း အမှန်တကယ် လုပ်ဆောင်ပေးခြင်း မရှိခြင်း။

၃။ လိုင်းဝင်သော အကျဥ်းသားများ.အပေါ် ဘက်လိုက် အုပ်ချုပ်ခြင်း၊ အကျဥ်းသားရပိုင်ခွင့်ထက်ပိုသော အခွင့်အရေး ပေးခြင်း။

၄။ ကိုဗစ်ကာလ ထောင်ဝင်စာ ဧည့်တွေ့ခွင့် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ပိတ်ပင်ထားသော်လည်း လာဘ် ငွေ ဖြင့် ဧည့်တွေ့စေခြင်း။

၅။ အကျဥ်းသား /အကျဥ်းသူ များအတွက် နိုင်ငံတော်မှ ချမှတ်ပေးထားသော အသုံးအဆောင် ပစ္စည်း များကို ပေးအပ်ခြင်းမရှိပဲ မိမိကိုယ်ကျိုး အတွက် အသုံးပြုခြင်း။

၆။ ပြည်သူ့ဝန်ထမ်း အကြီး အကဲဖြစ်သော်လည်း မိမိလက်အောက်ခံ ဝန်ထမ်းများ အား ကြီးကြပ်ကွပ်ကဲစေခြင်း မရှိပဲ အကျဥ်းသား များကို အုပ်ချုပ်စေခြင်း၊ ဖိနှိပ်မှု များကို သိရှိသော်လည်း အရေးယူခြင်း မရှိပဲ လစ်လျူရှုခြင်း။

၇။ ဝန်ထမ်းများမှ တရားမဝင် ပစ္စည်း များ အကျဥ်းထောင်အတွင်း ထည့်သွင်းသော်လည်း တားမြစ်ပိတ်ပင်ခြင်း မရှိပဲ လာဘ်စားကာ တရားမဝင်ပစ္စည်းများသွင်းစေခြင်းဖြင့် အခွင့်အရေး ပေးကာ အုပ်ချုပ်ခြင်း။

၈။ အကျဥ်းသားနှင့် ဝန်ထမ်း ပြသနာ ရှိခဲ့သည်ရှိသော် အမှား အမှန်ကို တရားမျှတစွာ ဆုံးဖြတ်ခြင်းမရှိပဲ မိမိဝန်ထမ်းဘက်မှ အလုံးစုံ ရပ်တည်ခြင်း။

၉။ အင်္ဂါနေ့ အိပ်ဆောင်အလိုက် စစ်ဆေးလှည့်လည်ရာတွင်အမျိုးသား အိပ်ဆောင်တွင်သော်လည်းကောင်း ၊ အမျိုးသမီးအိပ်ဆောင်တွင်သော်လည်းကောင်း အရာရှိတစ်ဦးပြောဆိုရန် မသင့်တော်သော ညစ်ညမ်း သော အသုံးအနှုန်းများဖြင့်အကျဥ်းသား/သူ များကို ပြောဆို ဆက်ဆံခြင်း၊ လှောင်ပြောင်ပြောဆိုခြင်း။

၁၀။ အကျဥ်းသား/သူ များ၏ ရပိုင်ခွင့် တောင်းဆိုသူများအား အိပ်ဆောင် ပြောင်းစေခြင်း ၊ အခန်းပြောင်းစေခြင်း၊ တိုက်ပိတ်ခြေကျင်းခတ်ရန်ခြိမ်းခြောက် ပြောဆိုခြင်းတို့ကြောင့်ဖြစ်သည်ဟုကိုယ်တိုင်ပါဝင် သိရှိခဲ့သူမှ ပြောပါသည်။

သို့သော် ကလေးအကျဥ်းထောင်၏ လုံခြုံရေး ၊စီမံရေး၊ထောက်ပံ့ရေးနှင့်လုပ်ငန်းဆိုင်ရာ ကိစ္စ ရပ်များတင်ပြချက် ထုတ်ပြန်ချက် အရ ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်ပြီး” ကလေးအကျဥ်းထောင် အတွင်း ၁၅.၃.၂၀၂၂ ရက်နေ့ ညနေ ၄:၄၀ အချိန် အိပ်ဆောင် (၅) အချုပ်ဆောင်မှ အရေးကိစ္စ ဖြင့် ထိန်းသိမ်း ထားရှိသည့် အချုပ်သား ဗန်ဒိမ်း (ဘ)ဦးလျန်ပုမ် ဦးဆောင်သည့် အကျဥ်းသား အချုပ်သား၅၀ ဦးခန့်သည် စည်းကမ်း ထိန်းရုံး (Main Jai) သို့ ထွက်ပြေးလာပြီး ဒုတာဝန်ခံ အရာရှိ ဒုကြီးကြပ်ရေးမှုးနှင့် တာဝန်ကျ ဝန်ထမ်းများအား ဓားစာခံပြုလုပ်၍ အကျဥ်းထောင်တံခါးမကြီအား စီးနင်းတိုက်ခိုက်ထွက်ပြေးရန်ကြံသည့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ တာဝန်ခံ အရာရှိ ၏ ညွန်ကြားမှုဖြင့် ဗဟိုကင်းမှ လူစုခွဲ တည်ငြိမ်စေရန် သေနတ် ဖြင့် ခြောက်လှန့် ပစ်ခတ်၍ ထိန်းသိမ်း နိုင်ခဲ့ ပါသည် ဟုသိရသည်။ယင်းဖြစ်စဥ်များနှင့်အတူ ၃/၁၅ ဖြစ်စဥ် အတွင်းရှုမြင်မှု နှင့် မြင်ကွင်း တချို့ နှင့် အကျဥ်းဦးစီးဌာန တင်ပြချက် များမှ ထိန်ချန် မှုများလည်း ရှိကြောင်းမျက်မြင် သက်သေများနှင့် ဖော်ပြသွားပါမည်။၃ -၁၅ ဖြစ်စဥ် နှင့် ပတ်သက်ပြီး မှတ်တမ်း တင်ပြချက် နှင့် အချက်အလက် များကိုတစ်ချက်ခြင်း ရှင်းလင်းရန်လည်း လိုအပ်ကြောင်း သိရှိရပြီး အချက် ၃ ချက်ဖြင့် ဖော်ပြသွားရမည် ဖြစ်ပါသည်။

(၁) အချက် အရေးကိစ္စဖြင့် ထိန်းသိမ်းထားရှိခံရသည့် အချုပ်သား.ဗန်ဒိမ်း မှာစစ် အာဏာသိမ်းပြီး နိုင်ငံရေး ပုဒ်မ ၅၀၅-က ဖြင့် ထိန်းသိမ်းခံထားရသူဖြစ်ပြီး လက်ရှိ Chin National Defence Force (CNDF) အဖွဲ့၏ စခန်းမှုး တာဝန်ခံ ဖြစ်ပါသည်။ဆန္ဒထုတ်ဖော်မှုတွင် အရေးကိစ္စ နှင့်ပတ်သက်ပြီး နိုင်ငံရေးအကျဥ်းသား လူပုဂ္ဂိုလ် တစ်ဦးခြင်း အနေဖြင့် ချဥ်းကပ်လေ့လာမည်ဆိုပါက ဗန်ဒိမ်း သည် ဦးဆောင်သူအဖြစ် ခြွင်းချက်မရှိ ကန့်ကွက်သူမရှိ လက်ခံကြမည်ဖြစ်ပြီး ယနေ့အထိ မော်လိုက်ကလေး အကျဥ်းထောင် အတွင်း.နိုင်ငံရေးအကျဥ်းသားများ၏ ရင်ထဲမှာ လေးစား အသိအမှတ် ပြုခံရသူလည်းဖြစ်ပါသည်။

(၂) အချက် ဒုတာဝန်ခံ အရာရှိ ၊ဒုကြီးကြပ်ရေးမှုးနှင့်တာဝန်ကျ ဝန်ထမ်း များဓားစာခံ အဖြစ် ပြုလုပ်ခြင်း ဓားစာခံ ဆိုသည့်နေရာတွင် ရယူလိုမှု အတွက်ရှိသလို မိမိကိုယ်ကို ခုခံရန် အတွက်ရှိမည် ဖြစ်ပါသည်။ ဆန္ဒထုတ်ဖော်သည့် အကျဥ်းသားများနှင့် အကျဥ်းဦးစီးဌာန ဝန်ထမ်းများမှ မည်သည့်ညှိုနှိုင်းမှုမှ မရှိ လက်နက် အသုံးပြုခြင်း ပစ်ခတ်ခြင်း အခင်းအကျင်းတွင် လက်နက်မဲ့ အကျဥ်းသား.များအနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ရန် အတွက်ကြောင့် သာ ပြုလုပ်ရခြင်းဖြစ်သည်။၎င်းဆန္ဒထုတ်ဖော်မှုတွင် လည်း ကြိုတင်ကြံစည် ခြင်းမဟုတ် မိမိအသက် အန္တရာယ် ရှိလာခြင်းကြောင့်သာမလွဲမရှောင်သာ မိမိကိုယ်ကိုခုခံကာကွယ်ရန်အသုံးပြုခြင်း ဖြစ်သည်ဟု မျက်မြင် ကိုယ်တွေ့ တစ်ဦးထံမှ သိရသည်။

(၃) အချက် အကျဥ်းထောင် တံခါးမကြီးအား စီးနင်းတိုက်ခိုက် ထွက်ပြေးရန်ကြံသည့် အကြမ်းဖက် တိုက်ခိုက်မှု ဆိုရာတွင် လည်းကောင်း ဖြစ်စဥ် သည် အကြမ်းဖက် မှုလုပ်ရန်သက်သက် မဟုတ်ပဲ ဆန္ဒထုတ်ဖော်မှုသာ ဖြစ်သည်ကို သတိချပ်စေချင်ပါသည်။ ဘယ်အကျဥ်းသားများမှ တခါးမကြီး နားမရောက်သလို အုပ်ရိုးအနီးလည်း မရောက်ရှိကြောင်း နှင့် အကျဥ်းထောင် Main Jali ရုံး အနီးအနား တွင်သာ ဖြစ်ပွား ခဲ့ပြီး အကျဥ်းထောင် တံခါး မကြီးနှင့် ဗဟိုကင်းကြား ပေအားဖြင့် ပေ ၃၀၀ နီးပါး ခန့် အကွာအဝေး တွင်သာဖြစ်ခဲ့ကြောင်း.မျက်မြင် သက်သေမှ ရှင်းပြထားပါသည်။

ထို့ကြောင့် ဆန္ဒထုတ်ဖော်မှု အခင်းအကျင်းတွင် ဖြိုခွဲ ရေးပိုင်းတာဝန်ခံ အရာရှိ ၏လုပ်ရပ်များသည် ဥပဒေ မှ ပေးအပ်ထားသော အာဏာကို လိုအပ်သည်ထက် ပိုမိုသုံးစွဲ ခြင်းဖြစ်ရာ၊ ရာဇသတ်ကြီး ဥပဒေနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရသည်။ဖြစ်စဥ် တွင် သေနတ်ထိမှန် သည့် အကျဥ်းသားများ.ရှိသလို သေဆုံးသူများလည်းရှိပြီး ဒဏ်ရာ ရရှိသည့် အကျဥ်းသားများကိုလည်း ပြင်းထန်ဒဏ်ရာရသည့်အနေအထား တွင် လူမဆန်စွာ ရိုက်နှက် နှိပ်စက်ခြင်းများ ပြုလုပ်ကာ ဆန္ဒထုတ်ဖော်မှု ဦးဆောင် သူ ဗန်ဒိမ်း မှာလည်း ရင်ဘတ်ကျည်ထိ ၍ ကုသရန် အချိန်မပေးသည့်အပြင် ရိုက်နှက်နှိပ်စက်မှုကြောင့် သေတဲ့ အထိ ဖြစ်ခဲ့ကြောင်းသိရသည်။

ဖြစ်စဥ် မျက်မြင် သက်သေတဦးကလည်း သေနတ်နဲ့ ဖြိုခွင်းရာမှာ သေစေနိုင်လောက်တဲ့ ခန္ဓာကိုယ် အတွင်းပိုင်းကို ထိပြီး ကျဆုံး ရတဲ့ ရဲဘော်တွေ ရှိတယ်။ ဗန်ဒိမ်း ဆိုရင် သားကြီး ကျွန်တော် ထိပြီလို့ပြောတယ်။ဒါ့အပြင် ပြင်းထန် ဒဏ်ရာရ တဲ့အနေအထား.ကနေ လူမဆန်စွာရိုက်နှက် သတ်ပုတ်ခံရပြီး ကျဆုံး ရတဲ့ သူတွေလည်းရှိတယ်။ သေချာတာက Main Jail ကွင်းပြင် မှာ ဒဏ်ရာ ရတဲ့သူတွေ ရော ဒဏ်ရာရသူတွေကို ပြုစုဖို့ကျန်ခဲ့သူတွေရော အကုန်လုံး ကို တွေးတောင်မတွေးဝံ့စရာ ရက်စက်မှုတွေ နဲ့ နှိပ်စက် တာကတော့ ထောင်အာဏာပိုင်တွေဘက်က ငြင်းဆိုလို့ ရမယ်မထင်ဘူး ဟုပြောသည်။သေဆုံး အကျဥ်းသားများမှ အများစု မှာ ပွဲချင်းပြီး သေဆုံးမှု မဟုတ်ပဲ ရိုက်နှက် သတ်ပုတ် ခြင်း ကြောင့် သေဆုံးကြခြင်းဖြစ်ပြီး အခင်းဖြစ်စဥ်တွင် ၃ ဦးပွဲချင်းပြီး သေဆုံးပြီး ဗန်ဒိမ်း နှင့် ကျန် ၅ ဦး.မှာ ရိုက်နှက် ခြင်းကြောင့်သေဆုံးရသည်။

ရိုက်နှက်သတ်ပုတ် ခြင်းနှင့် ပတ်သက်ပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၀ လူသတ်မှု ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် သေစေရန် အကြံဖြင့် ဖြစ်စေသေစေလောက်သော ကိုယ်အဂ်ါ နာကျင်စေမှု ဖြစ်စေရန် အကြံဖြင့် ဖြစ်စေ ပြုလုပ်မှု တစ်ခုခုကို ပြု၍ သေစေလျှင် လူသတ်မှု ဖြစ်သည်။ သို့ဖြစ်၍ အကျဥ်းသား များကို ရိုက်နှက် မှု လုပ်ရပ်များသည် လည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ လူသတ်မှု ပြစ်မှု မြောက် ပါသည်။ ဖြစ်စဥ် သေဆုံးသူ အကျဥ်း သားအများစု မှာ ရောဂါအခံ ရှိသူများ မဟုတ်သလို ငယ်ရွယ်ပြီး သန်မာသူများဖြစ်ကြောင်းသိရသည်။ဖြစ်စဥ် ဖြစ်ပြီး ဒဏ်ရာ မပြင်းထန်သည့် အချို့ အကျဥ်းသားများသည် ထောင်ဆေးရုံ တွင်ကုသပေးပြီး ပြင်းထန်ဒဏ်ရာ ရရှိသူများ မှာ ပြည်သူ့ဆေးရုံ ကြီး (ကလေးမြို့) သို့ ပို့ဆောင် ခဲ့သည်။ ပို့ဆောင် ရာတွင်လည်း လူမဆန်သည့် အပြုအမူ တခုမှာ Dead Body တွေအပေါ် လူနာတွေ တက်ခိုင်းခြင်း အတင်းအဓမ္မ ခြိမ်းခြောက် ထိုင်ခိုင်းကြောင်းသိရသည်။

အဆိုပါ အရေးကိစ္စ ဖြစ်ပြီး ထောင်ပိုင် ဦးကျော်သူမှာ ရာထူးလျှော့ အပြောင်းအရွေ့ ခံရပြီး ဖြစ်စဥ် အတွင်း ဒဏ်ရာရ အကျဥ်းသား များအား ရိုက်နှက် နှိပ်စက် ခြင်းပြုလုပ်သူ အကျဥ်းထောင်ဝန်ထမ်း ရဲဝင့်အောင် ၊ ဆွေလင်းနိုင် ၊ အောင်ဟိန်းကျော် ၊ သီဟဇော် (ခ) မဲကြီး ၊ လမင်းနိုင်တို့မှာ ယနေ့ အချိန်အထိ ဆက်လက် တာဝန်ထမ်းဆောင် နေဆဲဖြစ်ကြောင်း ကျန်တဦး နိုင်နိုင်ဟန် မှာ ထွက်ပြေးသွားပြီဖြစ်ကြောင်းသိရသည်။

ကလေးမြို့ မော်လိုက်ကလေး အကျဥ်းထောင်တွင် အခြား ထူးခြား ဖြစ်စဥ် ဆိုးများ မရှိသေးသော်လည်း ယခင် ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် အကျဥ်းသား ကျော်လှ (ခ)ငမြင့် (ဘ) ဦးသိန်းဖေပါ ၆ ဦး ဦးဆောင် သည့် အကျဥ်းသား ၂၀ ခန့်သည် စည်ကမ်းထိန်းရုံး main jali သို့ ထွက်ပြေးလာပြီး တာဝန်ခံ အရာရှိ ၊ တာဝန်ကျ ဝန်ထမ်း နှင့် စည်းကမ်း ထိန်း အကျဥ်းသား.များ ကို စီးနင်း တိုက်ခိုက် အကျဥ်းထောင်တံခါးမကြီး အား.စီးနင်း.တိုက်ခိုက် ထွက်ပြေးရန် ကြံစည်သည့် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဥ် နှင့်ပတ်သက်ပြီး က ၂၇၁၄ လ/ထ ညွန်ကြားရေးမှုး အောင်လင်းအား အငြိမ်းစားပေးလိုက်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.