Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့ YCW ကျောင်းပိုင်ရှင်ဆရာတစ်ဦး ကျောင်းသူများအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုကျူးလွန်မှုဖြင့် တိုင်ကြားခံရ

ကလေးမြို့ YCW ကျောင်းပိုင်ရှင်ဆရာတစ်ဦး ကျောင်းသူများအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုကျူးလွန်မှုဖြင့် တိုင်ကြားခံရ

0
By Editor on July 30, 2026 Headline

ကျောင်းဘက်မှ မမှန်ကန်ကြောင်း ငြင်းဆို

(004SS)

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ သဇင်လမ်းရှိ YCW ကိုယ်ပိုင်အထက်ကျောင်းပိုင်ရှင် ဆရာတစ်ဦးသည် ကျောင်းသူများ၏ ခန္ဓာကိုယ်အား မသင့်လျော်သော နည်းလမ်းဖြင့် ထိတွေ့ကိုင်တွယ်ခြင်းနှင့် မအပ်စပ်သော လိင်ပိုင်းဆိုင်ရာ စကားများမေးမြန်းခြင်းအပါအဝင် လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုများ ကျူးလွန်နေမှုဖြင့် တိုင်ကြားခံရသည်ဟု သိရ သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယခင် ပညာသင်နှစ်အသီးသီးတွင်တက်ရောက်ခဲ့ဖူးသည့် ကျောင်းသူဟောင်းများနှင့် နစ်နာသူများသည် ကြောက်ရွံ့မှုများကြောင့် နှစ်ပေါင်းများစွာ ထုတ်ဖော်မပြောဆိုနိုင်ခဲ့ကြဘဲ လက်ရှိတွင် လိင်ပိုင်း ဆိုင်ရာ အနိုင်ကျင့်ခံရမှုများကို ကူညီပေးနေသည့် Against Sexual Violence – ASV Team ထံ အကူအညီတောင်းခံကာ တိုင်ကြားလာခဲ့ကြသည်ဟု ယင်းအဖွဲ့ကထုတ်ပြန်သည်။

လက်ရှိတွင် အဆိုပါ ကျောင်းပိုင်ရှင်အား လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုများကျူးလွန်ခြင်းဖြင့် ASV team ထံ လာရောက်တိုင်ကြားသူ ၁၀ ယောက်ဝန်းကျင်ရှိလာပြီဟု အဖွဲ့တာဝန်ခံက ပြောသည်။

“ကျူးလွန်ခံရတဲ့ နစ်နာသူအရေအတွက်ဟာ ကျနော်တို့ ASV ဆီကိုရောက်လာတာ ၁၀ ဦးထက်မက အတော်များနေပါပြီ။ လက်ခံနားထောင်ရတာ စိတ်မချမ်းသာစရာကောင်းလှတဲ့ အဖြစ်အပျက်တွေပါပဲ။ ကျနော်တို့ မသိနိုင်၊ ကျနော်တို့ကို မတွေ့သေးတဲ့ နစ်နာသူပေါင်းများစွာလည်း ရှိနေနိုင်ပါသေးတယ်။ ကျွန်တော်တို့ဆီ လုံခြုံစိတ်ချစွာ လာတိုင်ပင်လို့ရပါတယ်”
ဟု ASV Team တာဝန်ခံ ကိုအောင်ဇမ္ဗူက ပြောသည်။

ကျောင်းပိုင်ရှင်ဖြစ်သူသည် ကျောင်းသူများအား ခေါင်းကိုက်လျှင် နှိပ်ပေးရမည်၊ ရင်သားကင်ဆာကို ကာကွယ်ရန် နှိပ်ပေးသင့်သည် စသည့် ကျန်းမာရေးဆိုင်ရာ အကြောင်းပြချက် အမျိုးမျိုးဖြင့် ခန္ဓာကိုယ်ကို မသင့်လျော်စွာ ထိတွေ့ကိုင်တွယ်ခဲ့ကြောင်း ASV ၏ ဖော်ပြချက်အရ သိရသည်။

ထို့အပြင် ကျူးလွန်သူက ကိုယ်ပိုင်ရုံးခန်းအတွင်းသို့ ကျောင်းသူ/သား တစ်ဦးချင်းစီ သီးသန့်ခေါ်ယူ၍ အာသာဖြေလျှင် အရည်မည်သို့ထွက်သနည်း၊ နင်အပျိုရည်ပျက်ပြီလားစသည့် စိတ်နှိုးကြွဖွယ် မေးခွန်းများ မေးမြန်းခြင်း၊ လူအများရှေ့တွင် စိတ်ပိုင်းဆိုင်ရာ ဖိအားပေး အရှက်ခွဲခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း ASV ကဆိုသည်။

ယခင်က အဆိုပါကျောင်းတက်ရောက်ခဲ့ဖူးသည့် ကျောင်းသူဟောင်းအချို့၏ ထုတ်ဖော်ပြောဆိုချက်များအရလည်း ကျောင်းပိုင်ရှင်၏ မသင့်လျော်သော အပြုအမူများကို ကျောင်းသားများအကြား သိရှိထားကြကြောင်းနှင့် အမေရိကန်တွင် သင်တန်းတက်ရောက်ခဲ့ဖူးသည်ဟု ဆိုကာ လိင်ပညာပေး (Sex Education) ခေါင်းစဉ်တပ်၍ ပါးစပ်အရသာခံ ပြောဆိုလေ့ရှိကြောင်း သိရသည်။

LGBTQ+ ကိစ္စများနှင့် ပတ်သက်၍လည်း လူအများရှေ့တွင် မျက်စိထောက်ကြည့်ကာ အရှက်ခွဲလေ့ရှိပြီး လူမှုကွန်ရက် ပေါ်တွင် သွားရောက်ထောက်ပြပါက Ban ခံရလေ့ရှိကြောင်း ကျောင်းသူဟောင်းအချို့က ဆိုသည်။

အဆိုပါ ဖြစ်စဉ်အပေါ် ASV Team အနေဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့် ယှက်ခြင်းကို လုံးဝလက်မခံဘဲ နစ်နာသူများဘက်မှ အပြည့်အဝ ရပ်တည်သွားမည်ဟု ဆိုသည်။

“ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဆက်လက်စုဆောင်းလျက်ရှိပါတယ်။ အလားတူ ကြုံတွေ့ခဲ့ရသူများ၊ သက်သေအထောက်အထားများ သို့မဟုတ် ဆက်စပ်အချက်အလက်များရှိပါက ASV Team သို့ လုံခြုံစွာ ဆက်သွယ် ပေးနိုင်ပပါတယ်။ ပေးပို့လာသော အချက်အလက်များနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လျှို့ဝှက်ချက်များကို အပြည့်အဝ ထိန်းသိမ်းစောင့်ရှောက်ပေးမည်ဖြစ်ပြီး နစ်နာသူများဘက်မှ လိုအပ်သော ဥပဒေရေးရာနှင့် အခြားလိုအပ်သော အကူအညီများကို အတတ်နိုင်ဆုံး ရပ်တည်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။” ဟု ASV Team မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ ခိုနူမ်းသုန်သတင်းဌာနမှ YCW ကိုယ်ပိုင်အထက်တန်းကျောင်းသို့ ဆက်သွယ်မေးမြန်း ရာတွင် အဆိုပါ ဖြစ်စဉ်အား မမှန်ကန်ကြောင်း ငြင်းဆိုထားသည်။

“ဒီဖြစ်စဉ်က မမှန်ကန်ပါဘူး။ ပြန်လည်ဖြေရှင်းချက် လုပ်သွားမှာပါ”ဟု YCW ကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ASV (Against Sexual Violence) အဖွဲ့သည် အမျိုးသမီးများနှင့် ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံ ရမှု၊ အရှက်ခွဲ ခြိမ်းခြောက်ခံရမှု၊ ငွေညှစ်အကြပ်ကိုင်ခံရမှု စသည့် အနိုင်ကျင့်ခံရသည့် အဖြစ်အပျက်များကို ကာကွယ်ကူညီပေးနေသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.