Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးအကျဉ်းထောင် အာဏာပိုင်များက အကျဉ်းသားများ၏ မိသားစုဝင်များအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပြောဆိုမှုများရှိနေ

ကလေးအကျဉ်းထောင် အာဏာပိုင်များက အကျဉ်းသားများ၏ မိသားစုဝင်များအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပြောဆိုမှုများရှိနေ

0
By Editor on January 28, 2025 Headline

စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင် အာဏာပိုင်များသည် အကျဉ်းသားများ၏ မိသားစုဝင်များအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပြောဆိုမှုများရှိနေကြောင်း အကျဉ်းသားများ၏ မိသားစုဝင်များထံမှ သိရသည်။

ကလေးအကျဉ်းဦးစီးဌာန အကျဉ်းထောင်တာဝန်ခံ အရာရှိ ဦးအောင်စိုးဟိန်းနှင့် ထောင်လုံခြုံရေးတာဝန်ခံအရာရှိ ဟန်ဝင်းအောင်တို့သည် အကျဉ်းသားများ နေရေးထိုင်းရေးနှင့် လျှော့ရက်ခံစားခွင့်များ သက်သာခွင့် စဉ်းစားပေးမည်ဟုဆိုကာ အကျဉ်းသားများ၏ ဇနီးများအပေါ် လိင်ပိုင်းဆိုင်ရာ အသားယူပြောဆိုမှုများရှိနေကြောင်း အမည်မဖော်လိုသော အကျဉ်းသားမိသားစုဝင်တစ်ဦးက ပြောသည်။

“အစကတော့ ထောင်ပိုင်ကြီးနဲ့ အဆက်သွယ်ရရင် ကျမအမျိုးသားအတွက် အထဲမှာ အဆင်ပြေမယ်ဆိုပြီး ကျမဖုန်းနံပါတ် ပေးလိုက်တာပါ။ ကျမယောကျာ်းနဲ့ ဧည့်တွေ့ပြီး အိမ်ပြန်ရောက်တော့မှ ဖုန်းဆက်လာတယ်။ ထောင်ပိုင်ကြီးက သူ့ကို အဘ၊ ဦးလေးလို့ခေါ်တာကို အဲ့လိုမခေါ်နဲ့ ကိုကြီးလို့ခေါ်ပါ၊ ပြီးတော့ သူနဲ့ သီးသန့်ချိန်းတွေ့ အတူနေပေးရင် အမျိုးသားကိုလည်း လျှော့ရက်တွေရမယ်။ လုပ်ပေးလို့ရတယ်။ အဲ့လိုလာပြောသွားတယ်။ အဲ့လိုအပြောခံရတော့ ကျမ အရမ်းကြောက်သွားတယ်၊ ရှက်လည်းရှက်တယ်။ တခါမှလည်း အဲ့လို အပြောမခံရဖူးဘူး။ ဒါကြောင့် ကျမလည်း တခြားသူတွေဆီ စုံစမ်းကြည့်သေးတယ်၊ တခြားသူတွေလည်း အဲ့လိုအပြောခံရတယ်လို့ ထပ်သိရတယ်။ သူနဲ့ ဗိုလ်လေး ဟန်ဝင်းအောင်က အကျဉ်းသူတွေကိုတောင် ထိကပါး၊ ရိကပါး ပြောတာတွေလည်းရှိတယ်လို့လည်း သိရတယ် ကြားရတယ်” ဟု အကျဉ်းသား မိသားစုဝင်က ပြောသည်။

ထိုကဲ့သို့ လိင်ပိုင်းဆိုင်ရာ အသားယူပြောဆိုမှုများ ကြုံနေရသည့်အပြင် ငွေကြေးတောင်းခံခြင်း၊ ကုန်ပစ္စည်းများဝယ်ပေးရန် တောင်းခံခြင်းများလည်း ကြုံနေရသည်ဟု သိရသည်။

“အကျဉ်းဦးစီးထဲက တချို့ ဗိုလ်လေးတွေလည်း အဲ့လိုပဲ။ အကျဉ်းသားတွေရဲ့ဇနီး၊ မိသားစုဝင်တွေဆီ အထူးသဖြင့် မိန်းကလေးတွေကို ဦးတည်ကြတာ။ သူတို့က ထောင်ကျနေတဲ့ သူတို့ယောကျားတွေအတွက် ဟိုဟာဒီဟာ လုပ်ပေးလို့ရတယ်၊ ထောင်ထဲရောက်နေတဲ့သူတွေအတွက် စဉ်းစားပေးနော်။ ငါ့အတွက်တော့ ပိုက်ဆံဘယ်လောက်ပေး၊ သင်တန်းသွားမှာ ခရီးစရိတ်ပေး၊ မုန့်ဝယ်ပေး၊ နာရီလေးလိုချင်လို့ ဝယ်ပေး အဲလို စသဖြင့်ပေါ့ တောင်းတာရှိတယ်။ တကယ်ကို အဓိပ္ပာယ်မရှိတာတွေ လုပ်နေကြတာ။ သိက္ခာကိုမရှိကြဘူး” ဟု အမည်မဖော်လိုသူ အကျဉ်းသား မိသားစုဝင်တစ်ဦးက ပြောသည်။

ယခုလက်ရှိ ကလေးအကျဉ်းထောင်တွင် အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း (၁,၅၀၀) နီးပါးရှိသည်ဟု သိရပြီး ယင်းအနက် နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ (၅၀၀) နီးပါးရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.