Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေး-ဂန့်ဂေါကြားရှိ စစ်ကောင်စီ အခြေစိုက်စခန်း ၄ ခုကို ၂ လအတွင်း သိမ်းပိုက်နိုင်ခဲ့ဟု CDF-KKG ထုတ်ပြန်

ကလေး-ဂန့်ဂေါကြားရှိ စစ်ကောင်စီ အခြေစိုက်စခန်း ၄ ခုကို ၂ လအတွင်း သိမ်းပိုက်နိုင်ခဲ့ဟု CDF-KKG ထုတ်ပြန်

0
By Editor on April 15, 2025 Headline

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကျေးရွာများကို လေကြောင်းဗုံးကြဲ မှု ၁,၀၀၀ ကျော် ပြုလုပ်ခဲ့

(004SS/002MG)

CDF-KKG Major Operation အဖြစ် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက စတင်ဖော်ဆောင်ခဲ့သော ကလေးနှင့် ဂန့်ဂေါအကြားရှိ စစ်ကောင်စီ အခြေစိုက်စခန်း ၄ ခုကို ၂ လတာအတွင်း ဘုရားကျေးဇူးတော်ကြောင့် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု CDF-KKG က ယနေ့တွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါ စစ်ဆင်ရေးအတွက် စုဖွဲ့လေ့ကျင့်မှုကို ၂၀၂၄ ခုနှစ်အတွင်း စတင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖော် ဆောင်ခဲ့ကာ ကလေး-ဂန်ဂေါအကြား စစ်ကောင်စီအခြေစိုက်စခန်းများဖြစ်ကြသော ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ (အရှေ့ ၊ အနောက်) ၊ ပျူစောထီး စိုးမိုးသည့် ကြံသာရွာများကို သိမ်းပိုင်နိုင်ခဲ့ခြင်းဟု သိရသည်။

CDF-KKG Major Operation စစ်ဆင်ရေးတစ်ခုလုံးကို ချင်းအမျိုးသား တပ်မတော် (CNA) မှ စစ်ရေးကွပ်ကဲခဲ့‌ကြောင်း ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကလေးနှင့် ဂန့်ဂေါအကြားရှိ စစ်ကောင်စီ အခြေစိုက်စခန်းများအနက် အခိုင်မာဆုံးနှင့် အတောင့်တင်းဆုံး စခန်းတစ်ခုဖြစ်သော ကမ်းပါးနီစခန်းကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၁၅ မတိုင်မီတွင် မှန်တောရွာနှင့် အောင်သာယာရွာ (အနောက်) ရှိ စစ်ကောင်စီ ခြေကုပ်စခန်းများကိုလည်းကောင်း၊ ဧပြီလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ပျူစောထီးစိုးမိုးသည့် ကြံသာရွာကိုလည်းကောင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း CDF-KKG က ထုတ်ပြန်သည်။

ကလေးနှင့် ဂန့်ဂေါအကြားရှိ တိုက်ပွဲအတွင်း စစ်ကောင်စီမှ ပြန်လည် ထိုးစစ်ဆင်မှု စုစုပေါင်း ၁၉ ကြိမ်ပြုလုပ်ခဲ့ပြီး စစ်မြေပြင်နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကျေးရွာများသို့ ဂျက်ဖိုက်တာအပါအဝင် Y12၊ Y8 လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုပေါင်း ၁,၀၀၀ ကျော် ပြုလုပ်ခဲ့သည်ဟု CDF-KKG က ထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အပြစ်မဲ့ပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့‌ပြီး အယောက် ၄၀ ကျော်က ဒါဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် လေကြောင်းဗုံးကျဲခံရမှုကြောင့် ပြည်သူပိုင် ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိက အဆောက်အဦးများနှင့် ပြည်သူ့ နေအိမ်ပေါင်း ၆၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ကျေးရွာပေါင်း ၁၂ ရွာကျော်မှ ပြည်သူပေါင်း ၂၀,၀၀၀ ဝန်းကျင်မှာ စစ်ဘေးတိမ်းရှောင်ခဲ့ရကာ ထက်ဝက်ကျော်မှာ ယခုအချိန်ထိ တိမ်းရှောင်နေကြရဆဲ ဖြစ်ကြောင်း သိရသည်။

CDF-KKG Major Operation အတွင်း အသက်ပေးဆပ်သွားခဲ့ကြသည့် CDF-KKG နှင့် မဟာမိတ်အဖွဲ့အစည်းအသီးသီးမှ အာဇာနည်ရဲဘော်များ ၊ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ရသည့် ရဲဘော်များ၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် ရဲဘော်များကို ဂုဏ်ပြု အောက်မေ့ပါကြောင်းနှင့် အောင်ပွဲရရှိသည်အထိ အစွမ်းကုန်ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြသော ရဲဘော်များ၏ ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်မှုတို့ကို လေးစားဂုဏ်ယူကြောင်း ထုတ်ပြန်ထားသည်။

CDF-KKG Major Operation ကို ချင်းအမျိုးသားတပ်မတော် CNA ၊ CDF-Hakha ၊ CDF-Thangtlang ၊ CDF CDM – Siyin ၊ ABSDF , ယောဒေသ လွတ်မြောက်ရေး တပ်ပေါင်းစု ၊ CDF – Senthang ၊ နဂါးညီနောင်၊ ဟံသာဝတီ ပကဖ၊ MCR ၊ PDF Vakok ၊ RKDF စသည့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကလေး-ဂန့်ဂေါ အကြား ကျန်ရှိနေသေးသော စစ်ကောင်စီစခန်းများ၊ ပျူစောထီး စိုးမိုးကျေးရွာ များကိုလည်း မကြာမီ အတွင်း ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ အခြေပြုလှုပ်ရှားရာဒေသ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီများကို မိတ်ဖက်တော်လှန်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း Chinland Defense Force – Kalay Kabaw Gangaw က အသိပေးထုတ်ပြန် ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.