Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေး-ဂန်ဂေါ လမ်းမကြီးအား ဖြတ်သန်းသွားလာခြင်း လုံးဝမပြုကြရန် PDF-Kalay ထုတ်ပြန်

ကလေး-ဂန်ဂေါ လမ်းမကြီးအား ဖြတ်သန်းသွားလာခြင်း လုံးဝမပြုကြရန် PDF-Kalay ထုတ်ပြန်

0
By Editor on July 21, 2023 Khonumthung

(04SS)

စစ်ကိုင်းတိုင်း ကလေးမြို့နှင့် မကွေးတိုင်း ဂန်ဂေါမြို့သို့သွားရာ အဓိက လမ်းမကြီးအား စစ်ရေးအခြေအနေကြောင့် အများပြည်သူ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုကြရန် ယမန်နေ့ ဇူလိုင် ၁၈ ရက်က ပြည်သူ့ကာကွယ်ရေးတပ် PDF-Kalay က သတိပေးချက် ထုတ်ပြန်သည်။

ယခုလက်ရှိ ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ထိတွေ့ တိုက်ပွဲမရှိသော်လည်း စစ်ရေးတင်းမာနေခြင်းကြောင့် ပြည်သူများအား မလိုလားအပ်သည့် အန္တရယ်မှ ကြိုတင်ကာကွယ်နိုင်ရန် ထုတ်ပြန်ထားခြင်းဖြစ်သည်ဟု PDF-Kalay မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ ကလေး-ဂန်ဂေါ လမ်းမကြီးအား အသုံးမပြုရန် သတိပေးချက်အား မလိုက်နာဘဲ ဖြတ်သန်းသွားလာခြင်းကြောင့် လုံခြုံရေးအန္တရယ် တစ်စုံတစ်ရာ ဖြစ်ပွါးပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် တာဝန်ယူခံပေးမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိသည်။

ယခုကဲ့သို့ ဒေသကာကွယ်ရေးတပ်ဖွဲ့မှ အများပြည်သူလုံခြုံစေရန် ထုတ်ပြန်သည့် သတိပေးချက်များအား ကလေးမြို့နယ်အတွင်းရှိ ပြည်သူ ၁၀၀ တွင် ၈၀ ရာခိုင်နှုန်းက လိုက်နာဆောင်ရွက်မှု ရှိနေသည်ဟုလည်း PDF-Kalay ထံမှ သိရသည်။

ကလေး-ဂန်ဂေါ လမ်းပိုင်းအား ပြန်လည်အသုံးပြုနိုင်သည့် အခြေအနေရောက်ရှိပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ပြန်လည်အကြောင်းကြား ထုတ်ပြန်မည်ဟုလည်း သိရသည်။

ထို့အပြင် ယခုလက်ရှိ ကလေးမြို့နယ်အတွင်း ကလေး- တမူးလမ်း၊ ကလေး- သိုင်ငဲင်းလမ်းမကြီးများအား စစ်ရေးအခြေအနေအရပ်ရပ်ကြောင့် ဖြတ်သန်းသွားလာခွင့် ပိတ်ထားဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.