(002MG)
စစ်ကိုင်းတိုင်းဒေသ၊ ကလေးမြို့မြောက်ပိုင်း ကလေး-တမူးလမ်းပိုင်းတွင် အောက်တိုဘာလ (၁၆) ရက်နေ့ကစတင်ပြီး စစ်ကော်မရှင်တပ်ဖွဲ့သည် အင်အာ းအများအပြားဖြင့် စစ်ကြောင်းထိုးလာသော ကြောင့် ပြည်သူထောင်ချီသည် စစ်ဘေးတိမ်း ရှောင်နေကြရကြောင်း သိရသည်။
စစ်ကော်မရှင်တပ်ဖွဲ့သည် မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းမဖြစ်သည့် ကလေး- တမူးလမ်းပိုင်းအား ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကြောင်း သုံးကြောင်းဖြင့် ကလေး-တမူးလမ်းမကြီးဖက် စော်ဘွားရေရှင်ကျေးရွာအနီး စစ်အင်အား (၅၀၀) ဖြင့် စစ်ကြောင်းတစ်ကြောင်း၊ စခန်းကြီးကျေးရွာမှ ရာဇဂြိုလ်မြို့ အတွင်း အင်အား (၃၀၀) စစ်ကြောင်းတစ်ကြောင်း နှင့် ကလေးမြို့အနောက်ဘက်မှ ဆည်ကြီးကျေးရွာဘက်သို့ အင်အား (၃၀၀) ခန့်တို့ဖြင့် စစ်ကြောင်းထိုးလာခဲ့ကြခြင်းဖြစ်သည်။
ကလေး-တမူး အာရှလမ်းပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ဖွဲ့သည် ရာဇာဂြိုလ်မြို့အတွင်း စစ်ကြောင်း ထိုးဝင်ရောက်ခဲ့ပြီးနောက် ယနေ့ မနက်ပိုင်းတွင် ပျဉ်းတောဦး၊ လက်ပံချောင်းကျေးရွာဖက်သို့ တဆက်တည်း စစ်ကြောင်း ထိုး လာခြင်း ဖြစ်သည်ဟု ပျဉ်းတောဦး ဒေသခံက ပြောသည်။
ပျဉ်းတောဦးဒေသခံက “ဒီမနက် (၉) နာရီကျော်လောက်မှာ ရွာထဲကိုဖြတ်လာကြတယ်၊ စစ်ကားရော ခြေလျင်နဲ့ပါ အင်အား (၃၀၀) လောက်ရှိမယ် သူတို့က ရွာထဲလမ်းမကြီးအတိုင်းဝင်လာကြတယ်။ ရွာ ထဲမှာ အားလုံးက ညကတည်းကကြိုတင်ရှောင်နေကြရတယ်။ ဒါပေမယ့် ဒီညနေပိုင်းမှာ သူတို့ရွာကို ကျော်ပြီး နောက်ပိုင်းမှာတော့ လမ်းမနဲ့လှမ်းတဲ့နေရာက တချို့တလေတော့ ရွာထဲပြန်ဝင်ကြတယ်။ ကျွန်တော်တို့နေတဲ့ရပ်ကွက်ဖက်တော့ အိမ်တွေဝင်ဖျက်ဆီးတာမျိုးတွေ့ မတွေ့ရသေးဘူး၊ ဒါပေမယ့် ဈေးတန်းဖက်တော့ သူတို့ဝင်ဖျက်ဆီးလားဆိုတာ မသိနိုင်သေးဘူး၊ ပြီးရင်လက်ပံချောင်းကနေ ရွာအဝင် ဖက်က လူငယ်ဂိတ်မှာတော့ အလောင်း (၃) လောင်းတော့ တွေ့တယ်။ ဘယ်သူ၊ ဘယ်ဝါလဲဆိုတာ မတိအကျမသိနိုင်သေးဘူး” ဟု ပြောသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်ဖွဲ့စစ်ကြောင်းသည် မော်စီကျေးရွာဖက်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ပြည်သူ အနည်းအငယ်သာနေအိမ် ကြည့်ရန်ပြန်ကြသူသာရှိသည်ဟု သိရပြီး အများစုသည် စစ်ကော်မ ရှင်တပ်ဖွဲ့ စစ်ကြောင်း ပြန်လှည့်လာမည်စိုးရိမ်ကြသောကြောင့် ဆက်လက်စစ်ဘေး တိမ်းရှောင်နေကြဆဲဖြစ်သည်ဟု သိရသည်။
စစ်ကော်မရှင်တပ်ဖွဲ့ စစ်ကြောင်းထိုးလာခြင်းကြောင့် ကလေးမြို့နယ်မြောက်ပိုင်းရှိ ရာဇဂြိုလ်၊ အောင် ရွာ၊ မင်းလှ၊ ညောင်တုန်း၊ ပျဉ်တောဦး၊ မျောက်တော၊ ချောင်းဦး၊ လက်ပံချောင်း၊ အင်ကြင်းခုံ၊ မောက် လင်း၊ ကြိုးကြာကွင်း၊ စမိတ်ကွင်း၊ ပြည်တော်သာ၊ ပျဉ်းခုံကြီး၊မော်စီ ကျေးရွာတို့ရှိ ပြည်သူအများသည် တောထဲနှင့် ကလေးမြို့ဘက်သို့ စစ်ဘေးတိမ်းရှောင်ကြရသည်ဟု သိရသည်။
အဆိုပါ ကျေးရွာများရှိ စစ်ဘေးတိမ်းရှောင်ကြသည့်သူများထဲတွင် သက်ကြီးရွယ်အို၊ ကလေးငယ် အပါအဝင် ကိုယ်ဝန်ဆောင်မိခင်နှင့် နာမကျန်းဖြစ်သူ စစ်ဘေးတိမ်းရှောင်နေရသူ ခန့်မှန်းခြေ လူဦးရေ (၃,၀၀၀) ခန့်ရှိကာ ဆေးဝါးနှင့် ရိက္ခာများလိုအပ်နေကြောင်း သိရသည်။
ယနေ့ အောက်တိုဘာ (၂၀) ရက်နေ့မနက်ပိုင်းတွင် လက်ပံချောင်းကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင် ရောက်လာကြ သည့် စစ်ကော်မရှင်တပ်ဖွဲ့သည် လက်ပံချောင်းကျေးရွာ အဝင်ရှိ ဒေသကာကွယ်ရေးတပ် ဖွဲ့ စစ်ဆေးရေးဂိတ်တခုအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။
ကလေးမြို့မြောက်ပိုင်းတွင် စစ်ကော်မရှင်တပ်ဖွဲ့သည် စစ်ကြောင်းထိုးနေသည့်အတွက် အောက်တို ဘာလ (၁၆) ရက်နေ့မှစတင်ကာ ကလေး- ခမ်းပတ် ကားလမ်းပိုင်းအား ယာယီပိတ်ထားသည်ဟု သိရသည်။

