Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေး-တမူး လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၅ ဦးသေဆုံး

ကလေး-တမူး လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၅ ဦးသေဆုံး

0
By Editor on August 2, 2022 Headline

ကလေးမြို့မှ တမူးမြို့သို့ သွားသည့် စစ်ကောင်စီယာဉ်တန်းကို ဇူလိုင်လ ၃၀ ရက်နေ့က PDF-Kalay တပ်ဖွဲ့ဝင်များမှ ကလေး-တမူးကားလမ်းမကြီးပေါ်တွင် သုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

တမူးမြို့ဘက်သို့ သွားသည့် စစ်ကား ၄ စီးနှင့် ၁၂ ဘီးကားကြီးတစ်စီးကို PDF-Kalay တပ်ဖွဲ့ဝင်များမှ ၅၆ မိုင်အနီးတွင် တစ်ကြိမ်၊ နေကျော်လေးအနီးတွင် တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကား ၃ စီးပျက်စီးကာ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့သည်ဟု PDF-Kalay က ထုတ်ပြန်သည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေကြေပျက်စီးသည့် စစ်ကောင်စီတပ်သားများ၏အလောင်းအား ကောက်ယူရန် ကလေးမြို့ဘက်မှ ထပ်မံထွက်ခွါလာသော ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ကာ စစ်ကောင်စီတပ်သား ၅ ဦး ထပ်မံသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်ဟု PDF-Kalay ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုင်းထိမှန်သေဆုံးသော စစ်ကောင်စီတပ်သားများ၏ အလောင်းများနှင့် ဒဏ်ရာရရှိသူများကို ၁၂ ဘီးကားကြီး ပေါ်တင်ဆောင်ကာ ကလေးမြို့ဘက်သို့ ပြန်လည်မောင်းနှင်ပြီး ကျန်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တမူးမြို့ဘက်သို့ ဦးတည်ထွက်ခွာသည်ဟု သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့သည် ၅၆ မိုင်နှင်းဆီခြံအနီးမှ ပြည်သူ ၃ ဦးနှင့် နေကျော်လေးအနီး လမ်းဘေးစားသောက်ဆိုင်မှ ပြည်သူတချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု PDF-Kalay က ဆိုသည်။

လက်ရှိ စစ်ရေးအခြေနေများအရ ကလေး-တမူးလမ်းမကြီးအား ည ၉ နာရီမှ မနက် ၅ နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုကြရန် PDF-Kalay က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.