Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေး-ဖလမ်း လမ်းမကြီး ပိတ်ပင်ထားမှုကြောင့် ဖလမ်းမြို့နယ်တွင် ဓာတ်ဆီတစ်ဂါလံကျပ် ၆၀၀၀၀ အထိ မြင့်တက်၊ တောင်ယာလုပ်ကိုင်သူများ အခက်ကြုံနေကြရ

ကလေး-ဖလမ်း လမ်းမကြီး ပိတ်ပင်ထားမှုကြောင့် ဖလမ်းမြို့နယ်တွင် ဓာတ်ဆီတစ်ဂါလံကျပ် ၆၀၀၀၀ အထိ မြင့်တက်၊ တောင်ယာလုပ်ကိုင်သူများ အခက်ကြုံနေကြရ

0
By Editor on December 4, 2023 Headline

(003PT)

ကလေး-ဖလမ်း လမ်းမကြီးအသွားလာပိတ်ပင်ထားခြင်းကြောင့် ဖလမ်းမြို့နယ်အတွင်း ဓာတ်ဆီ တစ်ဂါလံ ၆၀,၀၀၀ အထိမြင့်တက်လာသည့်အတွက် ဆိုင်ကယ် အသုံးပြုမှုနည်းလာပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်ရာတွင်လည်း အခက်ကြုံနေကြရသည်ဟု ဒေသခံများထံမှ သိရသည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က ပြည်သူအများစုမှာ တောင်ယာထွက်သီးနှံများ သယ်ယူပို့ဆောင်ရာတွင် ဆိုင်ကယ်ကို အဓိကထား အသုံးပြုလေ့ရှိကြပြီး ယခုကဲ့သို့ ဓာတ်ဆီစျေးနှုန်းမြင့်တက်မှုကြောင့် တောင်ယာလုပ်ငန်းမှာ အခက်ခဲကြုံတွေ့နေကြရခြင်းဖြစ်သည်။

ကလေး-ဖလမ်း လမ်မကြီးဘေးရှိ ဗားလုံကျေးရွာခံတစ်ဦးက “ကျွန်မတို့က ခါတိုင်းဆို တောင်ယာသွားရင်လည်း ဆိုင်ကယ်ပဲသုံးတာ၊ အထူးသဖြင့် ကော်ဖီထုပ်တွေသယ်တဲ့အခါ ဆိုင်ကယ်နဲ့ပဲသယ်တာ၊ အခုတော့ လူကပဲထမ်းနေရ တယ် အိမ်အထိ ၃ မိုင်လောက်ကို။ ပြီးတော့ ခြေလျှင်နဲ့ပဲသွားလာနေရတော့တယ်။ ဓာတ်ဆီဝယ်ဖို့တောင် ရွာထဲမှာ မရှိသလောက်ပဲအခု” ဟု ပြောသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ်ကိုဆက်သွယ်သော ကလေး-သိုင်းငင်း-ဖလမ်း ကားလမ်းမကြီးကို ချင်းကာ ကွယ်ရေးတပ်ဖွဲ့များက လုံခြုံရေးအခြေအနေကြောင့် အကန့်သန့်မရှိ အသွားလာပိတ်ပင်ထားခြင်းဖြစ်ပြီး အခြေခံစား သောက်ကုန်နှင့် လောင်စာဆီများ ၀င်ရောက်နိုင်ခြင်းမရှိသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သည်။

ယင်းကြောင့် ချင်းတောင်ဒေက သီးနှံများ အရောင်အဝယ်လုပ်ကိုင်သူများနှင့် တောင်ယာစိုက်မျိုးရေးလုပ်ကိုင်သူများမှာ အကြပ်အတည်း ထပ်ဆင့်ကြုံတွေ့နေရသည်ဟု တောင်ယာလုပ်ကိုင်သူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့က တောင်ယာကထွက်တဲ့ ကော်ဖီထုပ်နဲ့ အာလူးတွေ၊ ကောက်ပဲသီးနှံတွေအားလုံးက ကလေးကို ကားနဲ့သည်ပြီး ရောင်းနေရတာ။ အခုက ကားလမ်းကလည်းပိတ်တော့ သီးနှံတွေက ရောင်းလို့မရဘူး။ သီးနှံတွေကလည်း သူ့အချိန်နဲ့အခါ ယူရတာ၊ မဟုတ်ရင် ရစ်ကုန်ပြီးတော့ ပုပ်သိုးတာ ဖော်ဖီထုတ်တွေဆို။ အခုလလည်း ဒီတိုင်း တောင်ယာမှာ ထားလိုက်တယ် မယူတော့ဘူး။ ဝတ်စာအတွက် ပဲယူဖြစ်တယ်” ဟု ကော်ဖီထုပ်စိုက်တောင်သူတစ်ဦးက ပြောသည်။

ချင်းပြည်နယ်မြောက်ပိုင်းဒေသက ပြည်သူများမှာ သီးနှံနှင့်ကုန်စိမ်းများကို  ကလေးမြို့သို့ တင်ပို့နေကြတာဖြစ်ပြီး ယခုကဲ့သို့ကားလမ်းပိတ်ပင်မှုကြောင့် တောင်ယာထွက်သီးနှံများ အရောင်းဝယ်မလုပ်ကိုင်နိုင်တော့သည့်အတွက် ဝင်ငွေပြတ်လပ်မှု အကြပ်တည်းများ ကြုံတွေ့နေကြရကြေင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကန့်သတ်မှုကြားမှ ဟားခါးမြို့နယ်ပြင်ပထွက်ခွါပြီး ပြန်မလာသူများကို တော်လှန်ရေးကာလအလွန်တွင်လည်း ပြန်လာခွင့်ပြုတော့မည်မဟုတ်ဟု CDF-Hakha ပြော

GZA၊ YDF ခေါင်းဆောင်နှင့်ရဲဘော်များ လုပ်ကြံပစ်ခတ်ခံရမှုကို အမှုမှန်ပေါ်ရေး ပူးပေါင်းဆောင်ရွက်မည်ဟု ချင်းညီနောင်ကြေညာ

HPO/CDF-Hualngoram က ဒေသန္တရအုပ်ချုပ်ရေး ပြန်လည်ဖော်ဆောင်၊ ရိခေါဒါရ်မြို့ခံများအားလုံး နေရပ်ပြန်ရောက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.