Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေး အကျဉ်းထောင်မှ နိုင်/ကျဉ်း ၂၃ ဦးအပါအဝင် အကျဉ်းသား ၃၃ ဦးလွတ်လာ

ကလေး အကျဉ်းထောင်မှ နိုင်/ကျဉ်း ၂၃ ဦးအပါအဝင် အကျဉ်းသား ၃၃ ဦးလွတ်လာ

0
By Editor on April 17, 2026 Khonumthung

(002MG)

စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်သား (၂၃) ဦးအပါအဝင် အကျဉ်းသူ၊ အကျဉ်းသား (၃၃) ဦး လွတ်မြောက်လာသည်ဟု ကလေးမြို့နိုင်ငံရေးအကျဉ်းသားနဲ့ နီးစပ်သူထံမှ သိရသည်။

“ဒီနေ့ ၃၃ ယောက်လွတ်တယ်။ နိုင်/ကျဥ်းက မိန်းကလေး နှစ်ယောက်၊ ယောကျားလေး ၂၁ ယောက်ပါ။ ဘယ်သူတွေ လည်းဆိုတာ စုံးစမ်းနေတုန်းပါ” ဟု ပြောသည်။

အာဏာသိမ်းစစ်တပ်သည် ယနေ့မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်း အမှတ်အဖြစ် အကျဉ်းထောင်အ သီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အ ကျဉ်းသား၊ အကျဉ်းသူ (၄၃၃၅) ဦးအား ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁)အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူး လွန်ပါက ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအား ဆက်လက်ကျခံ ပါမည်ဟု သတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်သည်။

၎င်းအပြင် လွတ်ငြိမ်းတွင် မပါဝင်သူများအားပြစ်ဒဏ်လျှော့ပေးခြင်း ၊ သေဒဏ်ချမှတ်ခံထားရသူများအား ထောင်ဒဏ်တသက်၊ ထောင်ဒဏ် တသက်နှင့် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ကျခံနေရသူမျအား ထောင်ဒဏ် ၄၀ နှစ်၊ ထောင် ဒဏ် ၄၀ နှစ်အထက် ကျခံနေရသူများအား ထောင်ဒဏ် ၄၀ နှစ်နှင့်အထက် ထောင်ဒဏ် ၄၀ နှစ်နှင့် အောက် ကျခံနေရ သူများကိုလည်း ၎င်းတို့ကျခံရန်ကျန်သော ပြစ်ဒဏ်၏ ၆ ပုံတပုံအား လျှော့ပေါ့ပေးခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ စာရင်းပြုစုချက်အရ ဧပြီလ ၁၇ ရက်နေ့၊ မွန်းလွဲပိုင်း (၂) နာရီအထိ အတည်ပြုနိုင်သည့်အချက်အလက်များအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံရေးအကျဉ်းသား ၁၆၅ ဦးသာ လွတ်မြောက်လာသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.