Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

0
By Editor on February 19, 2026 Featured

(006SV)

စစ်အာဏာသိမ်းမှု ၅ နှစ်ရှိလာချိန် လက်နက်ကိုင်တော်လှန်ရေး အားကောင်းတဲ့ ချင်းပြည်နယ်မှာ ချင်းတော်လှန်ရေးအင်အားစု တွေဟာ ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ ဖွဲ့စည်းပြီး စစ်ရေးနဲ့ နိုင်ငံရေးကို တပြိုက်နက် တည်ဆောက်၊ အကောင်အထည်ဖော်နေပါတယ်။

ချင်းလဲန်းကောင်စီနဲ့ ချင်းပြည်အစိုးရအဖွဲ့ရဲ့ ပထမသက်တမ်း ပြီးဆုံးသွားပြီးနောက် အခုလပိုင်းတွေထဲ ၂၀၂၃ ချင်းလဲန်းဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ချင်းလဲန်းကောင်စီ၊ လွှတ်တော်၊ အစိုးရ၊ တရားရေး၊ စာရင်းစစ်ချုပ်တို့ကို ပြန်ပြီး ရွေးချယ်ခန့်အပ်မှုတွေ ပြုလုပ်ထားပြီဖြစ်ပါတယ်။

ချင်းပြည်အစိုးရအဖွဲ့ကို ဒုတိယသက်တမ်းအတွက် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးဌာနတွေကို ကျစ်ကျစ်လစ်လစ်နဲ့ ပြန်လည်ရွေး ချယ်တင်မြောက်ပြီး အစိုးရအဖွဲ့ကို ၈ ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။

လက်ရှိ ချင်းလဲန်းကောင်စီနဲ့ အစိုးရသက်တမ်းကာလအတွင်း ချင်းနိုင်ငံရေးနဲ့ စစ်ရေး အလားအလာတွေ၊ အခင်းအကျင်းတွေနဲ့ပတ်သက်လို့ ချင်းလဲန်းကောင်စီ ဒုတိယဥက္ကဌ ၂ ဒုဥက္ကဋ္ဌ Salai Bawi Kung ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – ချင်းပြည်အစိုးရအဖွဲ့သစ်ကို ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားတာ တွေ့ပါတယ်။ ဘယ်လိုပြင်ဆင်ဖွဲ့စည်းသလဲဆိုတာ သိချင်ပါတယ်။

ဖြေ – ဒါက ပြင်ဆင်ဖွဲ့စည်းတာ မဟုတ်ပဲနဲ့ ကောင်စီ၊ လွှတ်တော်၊ အစိုးရ၊ တရားရေးနဲ့ စာရင်းစစ်ချုပ်တို့ရဲ့ သက်တမ်းက ၂ နှစ်စီပဲ ရှိတာပေါ့နော်။ ၂ နှစ်ဆိုတော့ သက်တမ်းက ကောင်စီက ၂၀၂၅ ဒီဇင်ဘာလ ၆ ရက်မှာ သက်တမ်းတိုး ဖွဲ့စည်းပြီးပြီ။ ပြီးတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်မှာ အရင် အစိုးရက သက်တမ်းကုန်တယ်။ အဲဒီတော့ ကောင်စီကနေ အစိုးရ၊ တရားရေး ၊ စာရင်းစစ်ချုပ် တို့ကို ရွေးချယ် ခန့်အပ်တာပါ။ ပြန်လည်ဖွဲ့စည်းတာ မဟုတ်ပဲနဲ့ သက်တမ်းကုန်သွားလို့ ဒုတိယသက်တမ်းအတွက် အခြေခံဥပဒေ အရ ပြန်ပြီး ရွေးချယ်ခန့်အပ်တာပါ။

မေး – အစိုးရသစ်ဖွဲ့စည်းတာမှာ ဝန်ကြီးချုပ် အပြောင်းအလဲအပြင် အစိုးရအဖွဲ့ကို ပြန်ရွေးချယ် ဖွဲ့စည်းလာတာ တွေ့ရပါတယ်။ အဲဒါက ဘာကြောင့်ပါလဲခင်ဗျာ။

ဖြေ – ရွေးကောက်တင်မြောက်ရေးကော်မတီဆိုတာ အခြေခံဥပဒေမှာ ရှိတယ်။ အဲဒီကော်မတီကနေမှ သူတို့အစုအဖွဲ့ ၃ ခု၊ CNF အစုအဖွဲ့ ၊ လွှတ်တော်အစုအဖွဲ့၊ မြို့နယ်/ဒေသအစုအဖွဲ့ ၃ ခုက သူတို့က ရွေးကောက်တင်မြောက်ရေး ကော်မတီကို ဖွဲ့စည်းတာပါ။ လွှတ်တော်က ၉ ဦးပါတယ်။ မြို့နယ်နဲ့ ဒေသက ၁၉ ဦးပါတယ်။ CNF က ၅ ဦးပေါ့နော်။ အဲဒီ အယောက် ၃၃ ကပဲ ကော်မတီဖွဲ့ ပြီးတော့ သူတို့ ဖြစ်စေချင်တဲ့ ၊ လုပ်စေချင်တဲ့ လူကို သူတို့ ရွေးကောက်တင်မြောက်တာပါ။ Nominate လုပ်တာပါ။ အဲဒီအတိုင်းပဲ ကောင်စီက ခန့်ထားတာပါ။ ရွေးကောက်တင်မြောက်ရေးကော်မတီကနေ နာမည်စာရင်း တင်သွင်းတဲ့ဟာကို ကျနော်တို့ ကောင်စီက ခန့်ထားတာ ဖြစ်တယ်။ ရွေးကောက်တင်မြောက်ရေးကော်မတီကနေမှ တရားလွှတ်တော်ချုပ်အသစ်တွေကို အဆိုတင်သွင်းတဲ့အတွက် ကျနော်တို့ ကောင်စီက ဘာမှစောဒက တက်စရာ မလိုပါဘူး။ ဘာဖြစ်လို့ အပြောင်းအလဲလုပ်ရ သလဲဆိုရင် ကျနော်တို့ ဝန်ကြီးချုပ်ဟောင်းလို့ ခေါ်ရမှာပေါ့၊၊ သူက အကြောင်းအမျိုးမျိုးကြောင့် ဒီနှစ်က ကျနော် နားချင်တယ် ပြောပြီးမှ နားသွားတာဖြစ်တယ်။ ကျန်တဲ့ ဟာတွေကတော့ ရွေးကောက်တင်မြောက်တဲ့အခါမှာ အဆင်မချောတာတို့ ရှိကောင်း ရှိတယ်။ သို့သော် အခြေခံဥပဒေ ၂၀၂၃က ခိုင်မာတဲ့အတွက် အဆင်မချောတဲ့ဟာကလည်း အကောင်းဆုံးပြန်ပြီးတော့ လုပ်တဲ့ အခါကြတော့ အဲဒီလို အစိုးရသစ်က ပေါ်လာရခြင်းဖြစ်ပါတယ်။ ပြောရရင် တခါတလေ ပြည်သူတွေ လိုချင်တဲ့ဟာလည်း မဖြစ် တာလည်း ဖြစ်ရင် ဖြစ်နိုင်ပါတယ်။ ပြည်သူလိုချင်တဲ့ ဟာလည်း ဖြစ်ရင် ဖြစ်နိုင်ပါတယ်။ ချင်းလဲန်းကောင်စီရဲ့ သဘော သဘာဝကတော့ အခြေခံဥပဒေနဲ့၊ မူနဲ့ဘောင်နဲ့ သွားတဲ့အတွက် စုပေါင်းဦးဆောင်မှုနဲ့ သွားတဲ့အတွက် အခုလက်ရှိ လုပ်ရမယ့် လူတွေဟာလည်း အဆင်ပြေမှာပါလို့ ပြောချင်ပါတယ်။

မေး – အခုအစိုးရအသစ်အဖွဲ့ကို ကျစ်ကျစ်လစ်လစ်နဲ့ ဖွဲ့စည်းလာတာ တွေ့ရပါတယ်။ အခုက အစိုးရအဖွဲ့က ၈ ဦးပေါ့နော်။ ပထမအစိုးရသက်တမ်းမှာ အစိုးရအဖွဲ့ကို ၁၄ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ လက်ရှိအစိုးရအဖွဲ့ကို ထပ်မံတိုးချဲ့ဖို့ကော ရှိပါသေးလားခင်ဗျာ။ အဲဒီအကြောင်းချင်းရာနဲ့ပတ်သက်လို့ သိချင်ပါတယ်ခင်ဗျာ။

ဖြေ – ထပ်ဖွဲ့စရာ မရှိတော့ပါဘူး။ အခုက ကျစ်ကျစ်လစ်လစ်နဲ့ အစိုးရကို ဖွဲ့ချင်တာပါ။ ဘာဖြစ်လို့ ပထမအစိုးရသက်တမ်းတုန်းက ဝန်ကြီး ၁၄ ဦးခန့်ရသလဲဆိုရင် အဲဒီတုန်းက နိုင်ငံရေးအရ အားလုံးပါဝင်နိုင်အောင်ဆိုပြီး ဆွဲဆောင်တဲ့အနေနဲ့ လုပ်တာပါ။ နိုင်ငံရေး အားလုံး သဘောတူညီမှု ရအောင်၊ စည်းလုံးအောင် လုပ်တဲ့ဟာပါ။ အခုက ၂ နှစ်ရှိပြီးဆိုတော့ သက်တမ်းလည်း ရှိပြီးဆိုတော့ ဒါတွေက မလိုအပ်တော့ပါဘူး။ အခုက အခြေခံဥပဒေကို ပိုပြီးတော့ ခိုင်မာအောင် သွားတဲ့ဟာ ဖြစ်တဲ့အတွက် ဝန်ကြီးကို ၇ ဦးနဲ့ပဲ လုပ်သွားတာပါ။ နောင်မှာ ပိုတိုးဖို့ မရှိပါဘူး။ ပိုလျော့ဖို့ပဲ ရှိမှာပါ။ အစိုးရအဖွဲ့မှာက ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၇ ဦး၊ ရှေ့နေချုပ် ၁ ဦး ပေါ့နော်။

မေး – ချင်းလဲန်းအစိုးရအဖွဲ့သစ်ရဲ့ ၂ နှစ်တာ သက်တမ်းအတွင်းမှာကော ဘယ်လိုအရာတွေကို ဦးစားပေး အကောင်အထည် ဖော်သွားမှာလဲခင်ဗျာ။

ဖြေ – ကျနော်တို့က အစိုးရအဖွဲ့ မဟုတ်တော့ ကျနော်တို့ကောင်စီက နိုင်ငံရေးဦးဆောင်အဖွဲ့သာဖြစ်တယ်။ ကျနော်တို့ ကောင်စီ အောက်မှာ အစိုးရ၊ လွှတ်တော်၊ တရားရေးတို့ ရှိပေမယ့်လို့ ကောင်စီအနေနဲ့က သူတို့သွားရမယ့် အသေးစိတ်ကိစ္စတွေကိုတော့ ဝင်ရောက်စွက်ဖက်မှု မရှိပါဘူး။ သူတို့ရဲ့ အစွမ်းအစပေါ်မှာ မူတည်ပြီးတော့မှ သွားမှာပါ။ ဒါပေမယ့် ပြောလို့ ရတာက ကာကွယ်ရေး ကိုပဲ အဓိက ဦးစားပေးပြီး သွားရမှာပါ။ ကျန်တဲ့ ဝန်ဆောင်မှုတွေကတော့ ပညာရေးပဲ ဖြစ်ဖြစ်၊ ကျန်းမာရေးပဲဖြစ်ဖြစ် သူဟာနဲ့သူ သွားနေမှာဖြစ်တယ်။ သို့သော် သေချာတာကတော့ ကာကွယ်ရေးဝန်ကြီးဌာနကနေ ကာကွယ်ရေးကိစ္စကို အဓိက ဦးတည်ပြီး တော့မှ၊ ရတဲ့ ဘဏ္ဍာငွေကလည်း များသောအားဖြင့် အဲဒီမှာပဲ အသုံးပြုလိမ့်မယ်လို့ ယူဆပါတယ်။ ကောင်စီက မူဝါဒက ချမှတ်ပေးတယ်။ လမ်းညွှန်တယ်။ ဦးဆောင်တယ်။ တကယ့်အကောင်အထည်ဖော်တာက အစိုးရပါ။

မေး – ဒီလိုဆိုရင် ချင်းလဲန်းကောင်စီအနေနဲ့ ဒီ ၂ နှစ်တာ သက်တမ်းမှာ ကာကွယ်ရေးပိုင်းကို အဓိက မူဝါဒ ချမှတ်ထားတယ် ဆိုတဲ့သဘောလား?

ဖြေ- အကုန်လုံးတော်တော်များများမှာတော့ ကျနော်တို့ မူဝါဒတွေ ချမှတ်ထားပါတယ်။ သို့သော် ကျနော်တို့ ကောင်စီကနေ ထပ်ပြီးတော့မှ သွားရမယ့်နေရာမှာ ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်လို့ ဆွေးနွေးခဲ့ပါတယ်။

မေး – ဒီလိုအခြေအနေတွေက ဘာကြောင့်ပါလဲခင်ဗျာ။

ဖြေ – ဘာဖြစ်လို့လဲဆိုတော့ တခြားဝန်ဆောင်မှုတွေက လိုအပ်ပေမယ်လို့ အဲဒါက စစ်ကို မနိုင်သေးဘဲနဲ့တော့ အဆင်မပြေဘူး။ အဲဒါကြောင့် ကာကွယ်ရေး အားကောင်းမှပဲ ချင်းပြည်မှာ စကစက ကင်းစင်မှာ ဖြစ်တယ်။ မကင်းစင်သေးရင်တောင်မှ မလှုပ်နိုင် အောင် လုပ်ဆောင်ထားရမယ်။ ပြီးရင် မြေပြန့်ကနေ တက်လာမယ့် စကစတွေကိုလည်း ကျနော်တို့ တွန်းလှန်ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကာကွယ်ရေးကို အဓိက ဦးစားပေးတာပါ။

မေး – ဒီလာမယ့် သက်တမ်းကာလ ၂ နှစ်အတွင်းမှာ စစ်ရေးနဲ့ နိုင်ငံရေး အလားအလာကို ဘယ်လိုမျှော်မှန်းထားပါသလဲ။

ဖြေ – ကျနော်တို့ကတော့ ပိုကောင်းလာမယ်လို့ ယုံကြည်ထားတယ်။ ဘာကြောင့်လဲဆိုတော့ အခုက ကျနော်တို့ ချင်းပြည်မှာ ရှိတဲ့ အဖွဲ့တွေကလည်းပဲ သဘောပေါက်လာတယ်။ ဒါက ညီမှ ဖြစ်မယ်။ မညီဘူးဆိုရင် ကျနော်တို့ အကုန်လုံး ကျဆုံးကုန်မယ်ဆိုတာ သဘောပေါက်တဲ့အတွက် ကျနော်တို့ ချင်းလဲန်းကောင်စီမှာ အစုအဖွဲ့တွေကလည်းပဲ ပိုညီညွတ်လာတယ်။ ဒါတင်မကပါဘူး။ ချင်းပြည်မှာ ရှိတဲ့ ကျန်တဲ့ ချင်းညီနောင်အဖွဲ့ဟာလည်း ကျနော်တို့က စစ်တိုက်တဲ့အခါမှာ ညီအစ်ကိုလိုပဲ တိုက်တာပါ။ နိုင်ငံရေး ကိစ္စက သဘောမတူနိုင်သေးရင်လည်းပဲ ပြသနာ မထားပါဘူးလို့။ အဲလိုစိတ်ဓါတ်ရှိလာပြီးဖြစ်တဲ့အတွက် စစ်တိုက်တဲ့နေရာမှာ ပိုညီပြီးဟေ့ ဆိုရင် ကျနော်တို့ ရန်သူကို နိုင်ပြီးတော့မှ ပိုကောင်းတဲ့ နေရာ၊ ပိုကောင်းတဲ့ ချင်းပြည်ကို တည်ဆောင်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်။

မေး – ပထမအကြိမ် ချင်းလဲန်းကောင်စီနဲ့ ချင်းပြည်အစိုးရသက်တမ်းမှာ ဘာတွေကို ဘယ်လိုအကောင်အထည် ဖော်နိုင်ခဲ့ပါသလဲ၊ ဘယ်လိုအောင်မြင်မှုတွေကို ဖော်ဆောင်နိုင်ခဲ့ပါသလဲ။

ဖြေ – ပထမသက်တမ်းမှာက တည်ဆောက်တဲ့ ကာလဆိုတော့ အနေအထား အတော်ကျသွားပြီလို့ အဲလို ယူဆတယ်။ လုပ်ငန်းမှာ အောင်မြင်မှုက ဘယ်လောက်ရှိသလဲဆိုတာက ဥပမာ ကာကွယ်ရေးကို ကြည့်မယ်ဆိုရင် ကာကွယ်ရေးမှာက စုဖွဲ့မှု ခိုင်မာအား ကောင်းတဲ့ ချင်းပြည်အစိုးရတပ်ဖွဲ့ ပုံစံနဲ့ သွားနိုင်ပြီးလို့ ယူဆတယ်။ သို့သော် သွားနိုင်တာက မကြာသေးတဲ့အတွက် အသီးအပွင့်မှာ က အားနည်းဦးမယ်။ အုတ်မြစ်ချနိုင်တာက ကာကွယ်ရေး စုဖွဲ့မှုကို ကောင်းကောင်းမွန်မွန် လုပ်နိုင်ခဲ့တယ်လို့ အဲလို ပြောချင်တယ်။ ပညာရေးဆိုရင်လည်း ကိုယ့် ကိုယ်ပိုင် တက္ကသိုလ်တွေ ဖွင့်နိုင်တယ်။ ပြီးရင် အခုမတ်လမှာ ဖွင့်မယ့် ဆေးတက္ကသိုလ်ကိုလည်း ဖွင့်နိုင်မှာဖြစ်တယ်။ ပညာရေး၊ ကျန်းမာရေးတို့မှာက အတော်အဆင်ပြေမယ်။ သို့သော် အားနည်းချက်တစ်ခု ရှိတာက ဒေသန္တရ အစိုးရ ပီပီပြင်ပြင်မှာ မရှိသေးတာရယ်၊ ဒေသန္တရအစိုးရနဲ့ ချင်းပြည်အစိုးရကြားက အလုပ် လုပ်တဲ့ နေရာမှာ ချိတ်ဆက်မှု အားနည်း သေးတာရယ်၊ နောက်ပြီး ဒေသန္တရ အစိုးရက ပြည်သူလူထုရဲ့ မှီခိုမှု၊ ထောက်ခံမှုနဲ့ ပြည်သူတွေ ပါဝင်မှုက နည်းနည်း အားနည်း သေးတာလည်းပဲ မဖော်ဆောင်နိုင်သေးတာပါ။ အဲဒါကြောင့် ပြီးခဲ့တဲ့ ဟာကတွေက ဖော်ဆောင်နိုင်ခဲ့တာ ရှိသလို မဖော်ဆောင်နိုင်သေးတာလည်း ရှိတယ်။ သို့သော် အားလုံးကိုခြုံကြည့်ရင် အဆောက်အဦးတစ်ခုကိုတော့ အုတ်မြစ်ချနိုင်ပြီးလို့ ပြောချင်ပါတယ်။

မေး – အခုလို ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.