Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကားလမ်းပျက်စီးမှုကြောင့် ဇိုတုန်ဒေသအတွင်း ယာဉ်သွားလာမှုစည်းကမ်း ဇိုတုန်ဖက်ဒရယ်ကောင်စီ ထုတ်ပြန်

ကားလမ်းပျက်စီးမှုကြောင့် ဇိုတုန်ဒေသအတွင်း ယာဉ်သွားလာမှုစည်းကမ်း ဇိုတုန်ဖက်ဒရယ်ကောင်စီ ထုတ်ပြန်

0
By Editor on August 4, 2025 Khonumthung

(004SS)

မေလကုန်ပိုင်းမှစတင်၍ မိုးသည်းထန်မှုနှင့် မြေပြိုမှုများကြောင့် ဇိုတုန်ဒေသအတွင်းရှိ ကားလမ်းများ ပြင်းထန်စွာ ပျက်စီးမှုများ ကြုံတွေ့နေရပြီး ယာဉ်သွားလာရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ထိုသို့သော အခြေအနေများကြောင့် ဇိုတုန်ဖက်ဒရယ်ကောင်စီမှ လမ်းပြုပြင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းများအနေဖြင့် လိုက်နာရမည့် လမ်းညွှန်ချက်များကို ယမန်နေ့ သြဂုတ်လ ၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ဇိုတုန်ဖက်ဒရယ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များအနေဖြင့် (၁) ကားဘီးတွင် ချိန်းကြိုးများ ပတ်ပြီးမောင်းနှင်ခြင်းမပြုရန်နှင့် (၂) သတ်မှတ်ထားသော ကုန်တန်ချိန်ထက် ပိုမို၍ ကုန်စည်မတင်ဆောင်ရန်ဟူသော အချက် (၂) ချက်ကို သတ်မှတ်ထားခြင်းဖြစ်သည်။

ထို့အပြင် စည်းကမ်းဖောက်ဖျက်သူများအား ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးထားပြီး လမ်းပြုပြင်ရေး လုပ်ငန်းများကိုလည်း အမြန်ဆုံးပြီးစီးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇိုတုန်ဒေသအတွင်းရှိ ကားလမ်းများသည် မြေပြိုမှုများကြောင့် လမ်းများပေါ်သို့ မြေစာနှင့် သစ်ပင်များ ပြိုကျခြင်း၊ လမ်းများ ပဲ့ထွက်ပြိုကျခြင်း၊ ရွှံ့ဗွက်များ လမ်းကိုဖုံးလွှမ်းခြင်းစသည့် ပြဿနာများ ကြုံတွေ့နေရပြီး အချို့လမ်းများမှာ လုံးဝ သွားလာရန်ပင် ခက်ခဲ့သည့်အနေအခြေအ‌နေ ရှိနေကြောင်း သိရသည်။

ထိုပျက်စီးမှုများအား JCB စက်ယန္တရားများဖြင့် လမ်းများကို ပြန်လည်ဖော်ထုတ်ခြင်း၊ SKAT ကားများဖြင့် မြေစာများကို ရှင်းလင်းခြင်းစသည့် ပြုပြင်မှုများ ဆောင်ရွက်လျက်ရှိနေကြောင်း ဇိုတုန်ဖယ်ဒရယ်ကောင်စီ၏ ဓါတ်ပုံမှတ်တမ်းများအရ သိရသည်။

လမ်းများပျက်စီးမှုကြောင့် ဒေသအတွင်း ကုန်စည်ပို့ဆောင်ရေးနှင့် နေ့စဉ်သွားလာရေး အဟန့်အတားဖြစ်နေသော်လည်း ကောင်စီအနေဖြင့် လမ်းများကို အရေးပေါ်ပြုပြင်မှုများ ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ၏ လုံခြုံချောမွေ့စွာ သွားလာ နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိနေသည်ဟု ဇိုတုန်ဖက်ဒရယ်ကောင်စီက ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.