Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»“ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်” တို့အတွက် တရားမျှတမှု ပြန်လည်ရယူရန် CDF-Kanpetlet မှ စစ်ရေးဖော်ဆောင်၊ စစ်ကောင်စီဘက်က ၄ ဦးသေဆုံး

“ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်” တို့အတွက် တရားမျှတမှု ပြန်လည်ရယူရန် CDF-Kanpetlet မှ စစ်ရေးဖော်ဆောင်၊ စစ်ကောင်စီဘက်က ၄ ဦးသေဆုံး

0
By Editor on July 27, 2022 Headline

စစ်ကောင်စီက မတရားကွက်မျက်ခဲ့သည့် “ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်” တို့အတွက် တရားမျှတမှု ပြန်လည်ရယူရန် CDF-Kanpetlet တပ်ဖွဲ့က ကန်ပက်လက်မြို့တွင် ယနေ့ စစ်ရေးဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

CDF-Kanpetlet တပ်ဖွဲ့သည် စစ်ကြောင်း ၃ ခုခွဲ၍ ကန်ပက်လက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပ ညာရေးရုံးနှင့် မြို့နယ်အခြေခံပညာ အထက်တန်းကျောင်းတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ရာ ရဲ (၂) ဦး၊ စစ်သား (၂) ဦး၊ စုစုပေါင်း (၄) ဦးသေဆုံးကာ စစ်သား (၁) ဦး ဒဏ်ရာရရှိခဲ့ပြီသည်ဟု CDF-Kanpetlet တပ်ဖွဲ့က ယနေ့ထုတ်ပြန်သည်။

စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ မတရားကြိုးမိန့်ပေးခြင်းအပါအဝင်၊ စစ်ရာဇဝတ်မှုများကို ဆက်လက်လုပ်ဆောင်နေပါက CDF-Kanpetlet မှ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ CJDC တို့၏ လမ်းညွှန်ချက်များကိုလိုက်နာ၍ မြို့တွင်းစစ်ဆင်ရေးများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဟုလည်း CDF-Kanpetlet က သတိပေးထုတ်ပြန်ထားသည်။

ယနေ့တိုက်ပွဲမှာ နေ့လည် ၁၂ နာရီ ၂၅ မိနစ်မှ မွန်းလွဲပိုင်း ၁ နာရီ မိနစ် ၂၀ ခန့်အထိ ကြာမြင့်ခဲ့ပြီး CDF-Kanpetlet တပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းတင်မောင်ဦး စိတ်ဓါတ်ဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆက်တိုက်ပွဲဝင်မည်ဟု ချင်းကျောင်းသားသမဂ္ဂ ကြေညာ

တိုက်ပွဲဖြစ်ပွားနေသော ချင်းတောင်ပိုင်းကို Y-12 နှင့် ဂျက်ဖိုက်တာများဖြင့် ယနေ့ ထပ်မံဗုံးကြဲ

အာသံပြည်နယ်၊ မာသီယာစခန်းတွင် ထိမ်းသိန်းခံနေရသော မြန်မာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.