Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကိုဗစ္ႏိုင္တင္းေၾကာင့္ ဆူရ္ဘုန္ေလယာဥ္ကြင္း အၿပီးသတ္ရန္ အခက္အခဲျဖစ္ေန

ကိုဗစ္ႏိုင္တင္းေၾကာင့္ ဆူရ္ဘုန္ေလယာဥ္ကြင္း အၿပီးသတ္ရန္ အခက္အခဲျဖစ္ေန

0
By Editor on June 18, 2020 Headline

#Zawgyi

By ႏွင္းႏွင္း – ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕အနီးတြင္ တည္ေဆာက္လ်က္ရွိသည့္ ဆူရ္ဘုန္ေလဆိပ္ စီမံကိန္းသည္  ကိုဗစ္ႏုိင္တင္းကပ္ေရာဂါေၾကာင့္ ဆက္သြယ္ေရးပိုင္းဆိုင္ရာ စမ္းသပ္မည္ အေမရိကန္ႏုိင္ငံမွ ပညာရွင္မ်ားေရာက္မလာႏုိင္သည့္အတြက္ ေႏွာင့္ေႏွးၾကန္႔ၾကာေနသည္ဟု သိရသည္။

ယခုလက္ရွိတြင္ ဆူရ္ဘုန္ေလဆိပ္စီမံကိန္းသည္ ၉၅ ရာခိုင္ႏႈန္းေက်ာ္ၿပီးစီးၿပီျဖစ္ကာ Test run ဟု ေခၚေသာ ေလယာဥ္စမ္းသပ္ ပ်ံသန္းမႈျပဳလုပ္ရန္ႏွင့္ ေျမျပင္-ေ၀ဟင္ဆက္သြယ္သည့္ နည္းစနစ္စမ္းသပ္ရန္သာလိုအပ္ၿပီး ကိုဗစ္ႏုိင္တင္းကပ္ေရာဂါႏွင့္ ရာသီဥတုအေျခအေနေၾကာင့္ ၾကန္႔ၾကာေနသည္ဟု ခ်င္းျပည္နယ္အစိုးရအဖြဲ႔ ေျပာခြင့္ရပုဂၢိဳလ္ စည္ပင္၀န္ႀကီးဦးစိုးထက္ကေျပာသည္။

“ေလယာဥ္ကြင္းကေတာ့ ေျပးလမ္းေတြ၊  ေရ ၊ မီး၊ အေဆာက္အဦး တာ၀ါတိုင္ေတြ ခရီးသည္ေတြ ၀င္ထြက္သြားလာမယ့္ေနရာေတြ ေတာ္ေတာ္မ်ားမ်ားၿပီးသြားၿပီ ၉၅ ရာခိုင္ႏႈန္းေလာက္ၿပီးေနၿပီ အဓိကက်န္ေနတာကေတာ့ အေမရိကန္ကေန ၀ယ္တဲ့ ေျမျပင္နဲ႔ ေဝဟင္ေလယာဥ္ ေပၚကေနေအာက္ကုို ဆက္သြယ္တဲ့ နည္းစနစ္စမ္းသပ္ဖို႔အတြက္ သူတို႔ဆီကပညာရွင္လာဖို႔က ကိုဗစ္ႏုိင္တင္းျဖစ္ေနေတာ့ မလာႏုိင္ဘူးျဖစ္ေနတယ္ အဲဒီဟာၿပီးသြားရင္ေတာ့ ၁၀၀ ရာခိုင္ႏႈန္းၿပီးၿပီလို႔ေျပာႏုိင္မယ္’’ ဟု ၀န္ႀကီးဦးစိုးထက္ကေျပာသည္။

Test run ဟု ေခၚေသာ ေလယာဥ္စမ္းသပ္ ဆင္းသက္ပ်ံသန္းမႈကို ယခုဇြန္လအတြင္း လုပ္ေဆာင္ရန္စီစဥ္ထားေသာ္လည္း ခ်င္းေတာင္တြင္ ယခုရက္ပိုင္းအတြင္း မိုးမ်ားသည့္အတြက္ေၾကာင့္ Test run လုပ္ရန္ အဆင္မေျပျဖစ္ေနသည္ဟု ၀န္ႀကီးကဆက္ေျပာသည္။

ခ်င္းျပည္နယ္တြင္ ပထမဦးဆံုးျဖစ္လာမည့္ ဆူရ္ဘုန္ေလဆိပ္ကို လြန္ခဲ့သည့္ ၂၀၁၅-၁၆ ဘ႑ာေရးႏွစ္ကစတင္ေဆာင္ရြက္ခဲ့ၾကၿပီး ပင္လယ္ေရမ်က္ႏွာျပင္အထက္ အျမင့္ေပ ၆၀၀၀ တြင္တည္ရွိသည့္ ေလဆိပ္ျဖစ္လာမည္ျဖစ္သည္။ ေလဆိပ္တည္ေဆာက္မႈကုန္က်စရိတ္မွာ က်ပ္ေငြ (၃၄) ဘီလီယံခန္႔ရွိသည္။

ဆူရ္ဘုန္ေလဆိပ္၏ ေလယာဥ္ေျပးလမ္းမွာ အလ်ား ၆၀၀၀ ေပ၊ အက်ယ္ ၁၀၀ ေပရွိၿပီး Flexible Pavement ေျပးလမ္း အမ်ိဳးအစားျဖစ္တည္ေဆာက္ထားၿပီး ေျပးလမ္းအရွိန္သတ္စြန္း Over Run အလ်ား ၂၀၀ ေပ၊ အက်ယ္ ၁၀၀ ေပ ႏွင့္ ေလယာဥ္ရပ္နားရာ ေနရာ အလ်ား ၂၅၀ ေပ၊ အက်ယ္ ၂၅၀ ေပရွိ၍  ေျပးလမ္းခံႏိုင္ရည္ ေပါင္ ၅၀၀၀၀ ရွိကာ ATR 72 (MTOW- 49604) ေလယာဥ္အမ်ဴိးအစား ဆင္းသက္အသုံးျပဳႏိုင္မည္ျဖစ္သည္။

#Unicode

By နှင်းနှင်း – ချင်းပြည်နယ်၊ ဖလမ်းမြို့အနီးတွင် တည်ဆောက်လျက်ရှိသည့် ဆူရ်ဘုန်လေဆိပ် စီမံကိန်းသည် ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် ဆက်သွယ်ရေးပိုင်းဆိုင်ရာ စမ်းသပ်မည် အမေရိကန်နိုင်ငံမှ ပညာရှင်များရောက်မလာနိုင်သည့်အတွက် နှောင့်နှေးကြန့်ကြာနေသည်ဟု သိရသည်။

ယခုလက်ရှိတွင် ဆူရ်ဘုန်လေဆိပ်စီမံကိန်းသည် ၉၅ ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်ကာ Test run ဟု ခေါ်သော လေယာဉ်စမ်းသပ် ပျံသန်းမှုပြုလုပ်ရန်နှင့် မြေပြင်-ဝေဟင်ဆက်သွယ်သည့် နည်းစနစ်စမ်းသပ်ရန်သာလိုအပ်ပြီး ကိုဗစ်နိုင်တင်းကပ်ရောဂါနှင့် ရာသီဥတုအခြေအနေကြောင့် ကြန့်ကြာနေသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

“လေယာဉ်ကွင်းကတော့ ပြေးလမ်းတွေ၊  ရေ ၊ မီး၊ အဆောက်အဦး တာဝါတိုင်တွေ ခရီးသည်တွေ ဝင်ထွက်သွားလာမယ့်နေရာတွေ တော်တော်များများပြီးသွားပြီ ၉၅ ရာခိုင်နှုန်းလောက်ပြီးနေပြီ အဓိကကျန်နေတာကတော့ အမေရိကန်ကနေ ဝယ်တဲ့ မြေပြင်နဲ့ ဝေဟင်လေယာဉ် ပေါ်ကနေအောက်ကိုု ဆက်သွယ်တဲ့ နည်းစနစ်စမ်းသပ်ဖို့အတွက် သူတို့ဆီကပညာရှင်လာဖို့က ကိုဗစ်နိုင်တင်းဖြစ်နေတော့ မလာနိုင်ဘူးဖြစ်နေတယ် အဲဒီဟာပြီးသွားရင်တော့ ၁၀ဝ ရာခိုင်နှုန်းပြီးပြီလို့ပြောနိုင်မယ်’’ ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

Test run ဟု ခေါ်သော လေယာဉ်စမ်းသပ် ဆင်းသက်ပျံသန်းမှုကို ယခုဇွန်လအတွင်း လုပ်ဆောင်ရန်စီစဉ်ထားသော်လည်း ချင်းတောင်တွင် ယခုရက်ပိုင်းအတွင်း မိုးများသည့်အတွက်ကြောင့် Test run လုပ်ရန် အဆင်မပြေဖြစ်နေသည်ဟု ဝန်ကြီးကဆက်ပြောသည်။

ချင်းပြည်နယ်တွင် ပထမဦးဆုံးဖြစ်လာမည့် ဆူရ်ဘုန်လေဆိပ်ကို လွန်ခဲ့သည့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်ကစတင်ဆောင်ရွက်ခဲ့ကြပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၆၀ဝ၀ တွင်တည်ရှိသည့် လေဆိပ်ဖြစ်လာမည်ဖြစ်သည်။ လေဆိပ်တည်ဆောက်မှုကုန်ကျစရိတ်မှာ ကျပ်ငွေ (၃၄) ဘီလီယံခန့်ရှိသည်။

ဆူရ်ဘုန်လေဆိပ်၏ လေယာဉ်ပြေးလမ်းမှာ အလျား ၆၀ဝ၀ ပေ၊ အကျယ် ၁၀ဝ ပေရှိပြီး Flexible Pavement ပြေးလမ်း အမျိုးအစားဖြစ်တည်ဆောက်ထားပြီး ပြေးလမ်းအရှိန်သတ်စွန်း Over Run အလျား ၂၀ဝ ပေ၊ အကျယ် ၁၀ဝ ပေ နှင့် လေယာဉ်ရပ်နားရာ နေရာ အလျား ၂၅၀ ပေ၊ အကျယ် ၂၅၀ ပေရှိ၍  ပြေးလမ်းခံနိုင်ရည် ပေါင် ၅၀ဝ၀ဝ ရှိကာ ATR 72 (MTOW- 49604) လေယာဉ်အမျိူးအစား ဆင်းသက်အသုံးပြုနိုင်မည်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.