Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကိုဗစ္-၁၉ လူနာအမွတ္ (၃၁၈) ၏ မိခင္ထံ ေရာဂါပိုးေတြ႕

ကိုဗစ္-၁၉ လူနာအမွတ္ (၃၁၈) ၏ မိခင္ထံ ေရာဂါပိုးေတြ႕

0
By Editor on July 21, 2020 Khonumthung

#Unicode

By လားနွန် – ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ အသက် (၅၄) နှစ်အရွယ် အမျိူးသမီးတစ်ဦးထံ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည်ဟု ဇူလိုင်လ (၁၉) ရက်နေ့က ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

အသက် (၅၄) နှစ်အရွယ် လူနာအမှတ် (၃၄၁) သည် ဇူလိုင်လ (၉) ရက်နေ့က ရောဂါပိုးတွေ့ရှိခဲ့သည့် တွန်းဇံမြို့နယ်၊ ဟိုင်ကျင်းကျေးရွာမှ အသက် (၆) နှစ်အရွယ် လူနာအမှတ် (၃၁၈) ၏ မိခင်ဖြစ်သည်။

၎င်းတို့သားအမိသည် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် Churachandpur (Lamka) မြို့မှ ဇွန်လ (၂၉) ရက်နေ့က နေရပ်ပြန်လာပြီး ဟိုင်ကျင်းကျေးရွာတွင် Facility Quarantine ဝင်လျက်ရှိသူများဖြစ်ကြကာ သားဖြစ်သူထံတွင် ကိုဗစ်-၁၉ ရောဂါပိုးအား ဇူလိုင်လ (၉) ရက်နေ့ကတွေ့ရှိခဲ့ကြသည်။

ထို့နောက် ဇူလိုင်လ (၁၀) ရက်နေ့တွင် လူနာအမှတ် (၃၁၈) သည် တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် မိခင်နှင့်အတူ ပို့ဆောင်ပြီးနောက် မိခင်ဖြစ်သူအား ဓာတ်ခွဲစစ်ဆေးရာတွင် ဇူလိုင်လ (၁၉) ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၁၂) ဦးထိရှိခဲ့ပြီး (၁၀) ဦးမှာ ရောဂါလက္ခဏာနှစ်ကြိမ်ဆက်တိုက် မတွေ့ရှိတော့သည့်အတွက် ဆေးရုံမှ ဆင်းသွားကြပြီးဖြစ်သည်။

#Unicode

By လားႏြန္ – ခ်င္းျပည္နယ္၊ တြန္းဇံၿမိဳ႕နယ္တြင္ အိႏၵိယနိုင္ငံမွ ေနရပ္ျပန္လာသူ အသက္ (၅၄) ႏွစ္အရြယ္ အမ်ိဴးသမီးတစ္ဦးထံ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိသည္ဟု ဇူလိုင္လ (၁၉) ရက္ေန႔က ျပည္ေထာင္စုက်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာခဲ့သည္။

အသက္ (၅၄) ႏွစ္အရြယ္ လူနာအမွတ္ (၃၄၁) သည္ ဇူလိုင္လ (၉) ရက္ေန႔က ေရာဂါပိုးေတြ႕ရွိခဲ့သည့္ တြန္းဇံၿမိဳ႕နယ္၊ ဟိုင္က်င္းေက်းရြာမွ အသက္ (၆) ႏွစ္အရြယ္ လူနာအမွတ္ (၃၁၈) ၏ မိခင္ျဖစ္သည္။

၎တို႔သားအမိသည္ အိႏၵိယနိုင္ငံ၊ မဏိပူရ္ျပည္နယ္ Churachandpur (Lamka) ၿမိဳ႕မွ ဇြန္လ (၂၉) ရက္ေန႔က ေနရပ္ျပန္လာၿပီး ဟိုင္က်င္းေက်းရြာတြင္ Facility Quarantine ဝင္လ်က္ရွိသူမ်ားျဖစ္ၾကကာ သားျဖစ္သူထံတြင္ ကိုဗစ္-၁၉ ေရာဂါပိုးအား ဇူလိုင္လ (၉) ရက္ေန႔ကေတြ႕ရွိခဲ့ၾကသည္။

ထို႔ေနာက္ ဇူလိုင္လ (၁၀) ရက္ေန႔တြင္ လူနာအမွတ္ (၃၁၈) သည္ တီးတိန္ၿမိဳ႕ျပည္သူ႔ေဆး႐ုံတြင္ မိခင္ႏွင့္အတူ ပို႔ေဆာင္ၿပီးေနာက္ မိခင္ျဖစ္သူအား ဓာတ္ခြဲစစ္ေဆးရာတြင္ ဇူလိုင္လ (၁၉) ရက္ေန႔က ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိခဲ့ၾကျခင္းျဖစ္သည္။

ခ်င္းျပည္နယ္တြင္ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕လူနာ (၁၂) ဦးထိရွိခဲ့ၿပီး (၁၀) ဦးမွာ ေရာဂါလကၡဏာႏွစ္ႀကိမ္ဆက္တိုက္ မေတြ႕ရွိေတာ့သည့္အတြက္ ေဆး႐ုံမွ ဆင္းသြားၾကၿပီးျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.