Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကိုးရက်တာ ချင်းပြည်နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈၀ ခန့်သေဆုံး

ကိုးရက်တာ ချင်းပြည်နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈၀ ခန့်သေဆုံး

0
By Editor on March 10, 2022 Headline

ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်မတော်၊ ချင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိ ကိုးရက်တာအတွင်း တိုက်ပွဲပေါင်း ၁၈ ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီ ဘက်က ၈၀ ကျော်သေဆုံးခဲ့ သည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ထုတ်ပြန်သည်။

ဖလမ်းမြို့မှ ဟားခါးမြို့သို့ ဦးတည်လာသော စစ်ကောင်စီတပ်၏ ထောက်ပို့တင့်ကားနှစ်စီးနှင့် စစ်ကောင်စီ တပ်အင်အား ၂၀၀ ခန့်ပါရှိသော စစ်ကား ၂၇ စီးကို ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့က ၁၅ ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၇၀ ဝန်းကျင်သေဆုံးခဲ့သည်ဟု မတ်လ ၈ ရက်နေ့က ချင်းအမျိုးသားတပ်ဦး (CNF) က ထုတ်ပြန်သည်။

CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ကျနော်တို့က ပြောက်ကျားနည်းနဲ့ချုံခိုတိုက်ခိုက်တာဆိုတော့ အသေ အပျောက်နည်းတယ်၊ သူတို့(စစ်ကောင်စီ)က ကျောက်ကမ်းပါးအောက်မှာ စုပြီးနေရာယူတော့ ကမ်းပါးကို မိုင်းနဲ့ဖြိုတာ သူတို့အထိနာသွားတယ်၊ လက်နက်အားမမျှပေမယ့် နယ်မြေကျွမ်းကျင်မှု နဲ့ စိတ်ဓာတ်က လုံးဝကွာတာပေါ့” ဟု ပြောသည်။

ဖလမ်း-ဟားခါးအကြား တိုက်ပွဲများတွင် ချင်းအမျိုးသားတပ်မတော်(CNA)၊ CDF-Hakha ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး CNA မှ ရဲဘော်သုံးဦးနှင့် CNDF မှ ရဲဘော် တစ်ဦးကျဆုံးခဲ့သည်။

ထို့အပြင် ဖလမ်းမြို့နယ် အမှတ် ၂ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းမပေါ်တွင် လှုပ်ရှားနေသည့် စစ် ကောင်စီတပ်ဖွဲ့များနှင့် သုံးကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးခဲ့ပြီး ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိခိုက်ကျဆုံးမှုမရှိကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် CNA/CNDF တို့အပြင် PDF-Zoland/ Civic Defense Militia (CDM) (CDF-Hualngoram) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.