Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုကြောင့် ကလေးမြို့က ဆောက်လုပ်ရေးကုမ္ပဏီ လုပ်ငန်းတစ်ချို့ရပ်ဆိုင်းခဲ့ရ

ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုကြောင့် ကလေးမြို့က ဆောက်လုပ်ရေးကုမ္ပဏီ လုပ်ငန်းတစ်ချို့ရပ်ဆိုင်းခဲ့ရ

0
By Editor on October 28, 2022 Headline

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတစ်နှစ်ခွဲကျော်ကာလအတွင်း အဘက်ဘက်ကကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်တာကြောင့် ကလေးမြို့က ဆောက်လုပ်ရေးကုမ္ပဏီ လုပ်ငန်းများ တစ်ချို့ ရပ်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။

အခုလို ကုန်ဈေးနှုင်းမြင့်တက်နေပေမဲ့ တွက်ချက်ပြီး စာရင်းအတိုင်း မပြောင်းလဲတာကြောင့် ဆုံးရှုံးနစ်နာမှုတွေများလာပြီး လက်ရှိ လုပ်ငန်းရဲ့ ထက်ဝက်ကျော် ရပ်ဆိုင်းခဲ့ရတယ်လို့ ကလေးဒေသခံ ပုဂ္ဂလိကဆောက်လုပ်ရေး ကုမ္ပဏီနှစ်ခုရဲ့ အင်ဂျင်နီယာတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ အရင်ကဈေးနှုန်းနဲ့ ဆောက်ထားတဲ့အိမ်တွေက အခုဈေးနဲ့ မရတော့တာပေါ့နော်။ကုန်ဈေးနှုန်း တက်နေပေမဲ့ အိမ်ရှင်တွေကို ငွေကြေးထပ်တောင်းတာမရှိဘူး စာချုပ်အတိုင်းပဲသွားတယ်၊ ဘိလပ်မြေ၊ သံပင်က အစဈေးထိုးတက်နေတာဆိုတော့ အဓိကအဲဒီပစ္စည်းတေအပေါ် ဆုံးရှုံးမှုများတာပေါ့။ ဆိုတော့ အိမ်ရှင်တွေ နား လည်အောင် ရှင်းပြပြီးတော့ လုပ်ငန်းတွေ ရပ်ဆိုင်ခဲ့ရတာပေါ့နော်။”

အိမ်ဆောက်လုပ်ရာမှာ အဓိကကျတဲ့ ဘိလပ်မြေတစ်အိပ်ဟာ ကိုဗစ်မတိုင်ခင်က ၄၀ဝ၀ နဲ့ ၅၀ဝ၀ ကြားရှိခဲ့ပြီး ကိုဗစ်နောက်ပိုင်းမှာ ၈၀ဝ၀ ဝန်းကျင်နဲ့ ငြိမ်နေခဲ့ပေမဲ့ အခုလက်ရှိမှာတော့ ကျပ် ၁၃၀ဝ၀ ထိ ဈေးနှုန်းတွေ တက်နေခဲ့တာပါ။

အလားတူ သံပင်တွေကလည်း အစားစားရှိပြီးတော့ ၃ မူး ၆ မူးတေဟာ အရင်က တစ်တန်ကို ၇သိန်းကနေ အခု ၁၈ သိန်းနဲ့ သိန်း ၂၀ ကြားမှာ ရှိနေတယ်လို့ သိရပါတယ်။

ယခင်ကနဲ့ လက်ရှိ ကုန်ဈေးနှုန်းကွာခြားတာကြောင့် တွက်ချက်မကိုက်တော့ဘဲ ကုမ္ပဏီလုပ်ငန်း လည်ပတ်မှု ရပ်တန့်သွားရမယ်ဆိုရင် ကိုယ့်ဘက် သူ့ဘက် အကုန်လုံး ဒုက္ခရောက်နိုင်တာကြောင့် လုပ်ငန်းများကို ကြိုးစား ပြီးလုပ်ဆောင်နေရတယ်လို့လည်း သူကေပြာပါတယ်။

“အခုလက်ရှိပြောရရင် လုပ်ငန်းက ၂၀% လောက်ပဲ လုပ်ဖြစ်တော့တာပေါ့နော်။ ကျွန်တော်တို့ကို အိမ်ရှင်ဘက် ကနေ ငွေကြေးထပ်ပေးနိုင်တာရှိရင်တော့ လုပ်ငန်းက ရပ်တန့်မသွားပဲ ဆက် run လို့ ရပါတယ်။ အခုကလည်း ကုန်ဈေးနှုန်းတက်နေပေမဲ့ လုပ်အားခတေ မတက်ဘူးပေါ့။ တစ်နေ့လုပ်တစ်နေ့ စားတဲ့သူတွေအတွက်လည်း တော်တော်လေးသက်ရောက်တယ်။ ဆိုတော့ ကုမ္ပဏီလည်းရပ်မသွားရအောင်ကိုယ့်ဟာကိုလည်း ထိန်းရတာ ပေါ့နော်။ အဓိက ဒေါ်လာဈေး ခုန်တက် သွားတဲ့အချိန်၊ ပြီးခဲ့တဲ့ တစ်လလောက်မှ စပြီး လုပ်ငန်းတစ်ချို့ ရပ်ဆိုင်း နေရ တာဖြစ်ပြီးတော့ လတ်တလောမှာ အိမ်ရှင်နဲ့ ညှိပြီး ဈေးနှုန်းပြန်ငြိမ်တဲ့အထိ စောင့်ဆိုင်းရအုန်းမယ်” လို့လည်း သိရပါတယ်။

လက်ရှိ ကလေးမြို့မှာ ဆောက်လုပ်ရေးကုမ္ပဏီ ၁၀ ခုကျော်ရှိတဲ့ထဲမှာ အဆိုပါ ကုမ္ပဏီဟာ ကလေးမြို့နဲ့ အနီးတစ်ဝိုက်က ဘုရားကျောင်း၊ ပုဂ္ဂလိကဆေးရုံ၊ နေအိမ်များ ၇၀ ကျော်ကို ဆောက်လုပ်ပေးတာဖြစ်ပြီးတော့ အင်ဂျင်နီယာ ၈ ဦး၊ အလုပ်သမားခေါင်းဆောင် အယောက် ၄၀ နဲ့ အလုပ်သမားပေါင်း ၅၀ဝကျော်နဲ့ လုပ်ငန်း လည်ပတ်အောင် လုပ်ဆောင်နေတယ် လို့ သိရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.