Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကူကီးလူမျိုးများနေထိုင်သော မော်နွမ်း ကျေးရွာမီးရှို့ခံရမှုအပေါ် ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးမှ အပြင်းအထန်ကန့်ကွက်ရှုတ်ချ

ကူကီးလူမျိုးများနေထိုင်သော မော်နွမ်း ကျေးရွာမီးရှို့ခံရမှုအပေါ် ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးမှ အပြင်းအထန်ကန့်ကွက်ရှုတ်ချ

0
By Editor on May 14, 2026 Headline

(002MG)

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ရှိသော ကူကီး လူမျိုး များနေထိုင်သည့် မော်နွမ်း(Molnol) ကျေးရွာအား မီးရှို့ခံရမှုအပေါ် ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးမှ အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း မေလ (၁၃) ရက်နေ့တွင် သတင်းထုတ်ပြန် သည်။

မေလ (၁၂) ရက်နေ့တွင် မော်နွမ်း(Molnoi) ကျေးရွာအား အိန္ဒိယနိုင်ငံခွဲထွက်၊ နာဂလက်နက်ကိုင် NSCN-IM အဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်းတစ်စုံတစ်ရာမရှိဘဲ လူနေအိမ် (၁၃) လုံးကို မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

အဆိုပါ NSCN-IM ၏ လုပ်ရပ်သည် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ Ukhul ခရိုင်၊ Litan ကျေးရွာတွင် ဖြစ်ပျက်ခဲ့သည့် အရက်သေစာ သောက်စားမှုးယစ်နေသူ နှစ်ဦး ခိုက်ရန်ဖြစ်ပွားရာမှ စတင်ခဲ့သော လူမျိုး စု နှစ်စုအ ကြားဖြစ်ပွားသည့် အခြေအနေအားအခြေပြုကာ မြန်မာပြည်တွင် နေထိုင်သည့် ကူကီးကျေး ရွာများအား ပစ်မှတ်ထားလုပ်ဆောင်မှုဖြစ် သည်ဟု ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးကဆိုသည်။

ယင်းသည် ဒေသအတွင်းအတူယှဉ် တွဲနေထိုင်သည့် လူမျိုးစုနှစ်စု အ ကြား လူမျိုးရေးပဋိပက္ခ ဖြစ်ပေါ်စေရန် ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည့်အပြင် အိန္ဒိယနိုင်ငံ မဏိပူရ် ပြည် နယ်တွင် ဖြစ်ပွားသည့် ပြဿနာအား မြန်မာနိုင်ငံ အထိ ပြန့်ပွားစေရန် မီးမွေးခြင်း ဖြစ် ကြောင်း ထင်ရှားစွာ တွေ့ရှိရသည်ဟု ဖော်ပြသည်။

ကူကီးလူမျိုးများနှင့် နာဂလူမျိုးများသည် မြန်မာနိုင်ငံတွင်ဖြစ်စေ အိန္ဒိယနိုင်ငံတွင်ဖြစ်စေ တစ်ဆက် တည်း အတူအတွယှဉ်တွဲနေထိုင်ကြသည့် လူမျိုးများဖြစ်ပြီး နေ့တဓူဝ ကူးလူးဆက်ဆံလျက် ရှိနေကြသည့် လူမျိုးများဖြစ်ကြသည်ဟု ဆိုသည်။

နာဂလက်နက်ကိုင် NSCN-IM အဖွဲ့၏ လုပ်ရပ်သည် ဒေသအတွင်းတည်ငြိမ်မှုအား ပျက်ပြား စေသည့်အပြင် လူမျိုးရေးပဋိပက္ခဖြစ်ပေါ်လာရန် ရည်ရွယ်လုပ်ဆောင်နေခြင်းသက်သက်ဖြစ်သောကြောင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချသည်ဟု ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးကပြောသည်။

ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးအနေဖြင့် မည်သည့် လက်နက်ကိုင် တပ်များမဆို အပြစ်မဲ့ပြည်သူများ၏ အိုးအိမ်များအား ထိခိုက်ပျက်စီးအောင် လုပ်ဆောင် နေမှုများကို အပြင်းအထန် ကန့်ကွက်ရှုတ်ချသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်း- ဟားခါးလမ်းမှာ နှစ်ဖက်ညှပ်ထိုးစစ်ဆင်သော စစ်တပ် တိုက်ခိုက်ခံရ ၊ ဗျူဟာမှူး အပါအဝင်အရာရှိ ၄ ဦး ဒဏ်ရာရရှိပြီး ၄ ဦးသေဆုံး

ချင်းပြည်နယ်က စစ်ရေးအခြေအနေကြောင့် မီဇိုရမ်ဘက်သို့ စစ်ဘေးရှောင် ၈၀၀ ကျော်ထပ်မံဝင်ရောက်

ကလေးမြို့မှာ ဒုအရာခံဗိုလ်တစ်ဦးနှင့် တပ်သားတစ်ဦးကို ကလေးမြို့ UG တပ်ဖွဲ့က ရှင်းလင်း

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.