Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကေတီဗွီရောက် စီးပွါးရေးဘဏ် မန်နေဂျာအပါဝင် စစ်ကောင်စီဒေါက်တိုင် ၃ ဦးကို PDF Kalay တပ်ဖွဲ့က ဖမ်းဆီး

ကေတီဗွီရောက် စီးပွါးရေးဘဏ် မန်နေဂျာအပါဝင် စစ်ကောင်စီဒေါက်တိုင် ၃ ဦးကို PDF Kalay တပ်ဖွဲ့က ဖမ်းဆီး

0
By Editor on December 13, 2022 Headline

ကလေးမြို့ တောင်ဇလပ်ရပ်ကွက် BMB KTV နှင့် မာဆပ်ဆိုင်သို့ လာရောက်သည့် ကလေးခရိုင် မြန်မာ့စီးပွါးရေးဘဏ်မန်နေဂျာအပါဝင် ၃ ဦးတို့ကို ဒီဇင်ဘာ ၁၀ ရက်နေ့က PDF (Kalay) တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (KPS) က သတင်းထုတ်ပြန်သည်။

ဖမ်းဆီးခံရသူများမှာ ကလေးခရိုင်မြန်မာ့စီးပွါးရေးဘဏ် မန်နေဂျာ ထွန်းထွန်းနိုင်၊ အငယ်တန်းစာရေး ငြိမ်းခန့်ဇော်နှင့် တပ်ကြပ် မင်းဇော်ဦးတို့ ဖြစ်ပြီး ဒီဇင်ဘာလ ၁၀ မွန်းလွဲ ၁ နာရီက အဆိုပါ KTV ၌ ၎င်းတို့ ၃ ဦး ရောက်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးမှုကြောင့် PDF Kalay တပ်ဖွဲ့ဝင်များမှ သွားရောက်စီးနင်းတိုက်ခိုက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် တရားခံများအား တပ်ဖွဲ့ ထိန်းချုပ်ရာနယ်မြေသို့ ခေါ်ဆောင်စဉ် တပ်ကြပ်မင်းဇော်ဦးမှာ ပြန်လည်ခုခံ၍ ထွက်ပြေးရန်ပြုလုပ်သဖြင့် အသေပစ်ခတ်ဖမ်းဆီးခဲ့ကြောင်းလည်း KPS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသည့် မန်နေဂျာ ထွန်းထွန်းနိုင်သည် အာဏာသိမ်းစက ဘဏ်ဝန်ထမ်းများ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် မပါဝင်ကြရန်နှင့် ပါဝင်သူများကို ခြိမ်းခြောက်ခဲ့သူဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသော တရားခံများအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲချုပ်ရုံး၏ ညွှန်ကြားချက်အရ ကလေးမြို့နယ် တရားသူကြီးအဖွဲ့သို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် တရားစွဲတင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်းနှင့် နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံနှုန်းများနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း KPS က သတင်းထုတ်ပြန်ထားသည်။

VOK

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.