Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့မှကိုဗစ်လူနာ(၅)ဦးဆေးရုံမှဆင်းပြီး (၄၃)ဦး ကုသမှုခံယူနေဆဲ

ကလေးမြို့မှကိုဗစ်လူနာ(၅)ဦးဆေးရုံမှဆင်းပြီး (၄၃)ဦး ကုသမှုခံယူနေဆဲ

0
By Editor on November 10, 2020 Khonumthung

#Unicode

နှင်းနှင်း – စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တိုင်းရင်းဆေးရုံတွင် ကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ပိုးတွေ့လူ နာ (၅) ဦးမှာ ကျန်းမာရေးကောင်းမွန်သည့်အပြင် ဆေးရုံဆင်းခွင့်သတ်မှတ်ချက်အရ ယနေ့နံနက် (၁၀) နာရီအချိန်တွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။

ကိုဗစ်အတည်ပြုလူနာများကို ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဆိုသော်လည်း Home Quarantine ဆက်ထားမည်ဟု ကလေးခရိုင်ပြန်ဆက်ဦးစီးမှုး ဦးညီညီဇော်ကပြောသည်။

“ ဒီမနက် (၁၀) နာရီမှာဆေးရုံကနေ ၅ ယောက်ဆင်းသွားပြီ သူတို့ကို Home Quarantine (၇) ရက်ဆ က်ထားမယ် အောင်သစ္စာနယ်မြေ (၃) ကတွေပဲ။ ခုလက်ရှိမှာ (၄၃) ဦးကျန်သေးတယ်။” ဟု ဦးညီညီဇော်ကပြောသည်။

ဆေးရုံကနေဆင်းခွင့်ရသူများမှာ ကလေးမြို့၊အောင်သစ္စာရပ်ကွက်နယ်မြေ (၃) မှနေထိုင်ကြသော အသက် (၇၆) နှစ်အရွယ် ၊အသက် (၁၀) နှစ်အရွယ်၊ အသက် (၈) နှစ်အရွယ်၊အသက် (၂နှစ် ၆လ) အရွယ်အမျိုးသားနှင့် အမျိုးသမီး (၁) တို့ဖြစ်ကြသည်။

ကလေးမြို့တွင် ကိုဗစ်ပိုးတွေ့ရှိမှုမြင့်တက်လာနေပြီး ပြီးခဲ့သည့်နိုဝင်ဘာ ၇ ရက်နေ့တွင် ကလေးမြို့ တပ်ဦးသီတာရပ်ကွက်၊ ချမ်းမြေ့အောင်စည်ရပ်ကွက်နှင့် သဇင်ရပ်ကွက်တို့မှ ကွာရန်တင်းထားရှိသူ (၁၂) ဦးထံတွင် ကိုဗစ်အတည်ပြုလူနာထပ်မံတွေ့ရှိခဲ့ကြောင်းသိရသည်။

အဆိုပါကိုဗစ်ပိုးတွေ့ခဲ့သည့် ၁၂ ဦးမှာ တပ်ဦးသီတာရပ်ကွက် အမှတ် (၃/၄၆) မှ အသက် ၆၃ နှစ်အရွယ်၊ အသက် ၂၄ နှစ်အရွယ်၊ အသက် (၁) နှစ်အရွယ် အမျိုးသမီး၊ တပ်ဦးသီတာရပ်ကွက်အမှတ် (၂/၆၁) မှအသက် ၈၅ နှစ်အရွယ်၊ အသက် ၅၂ နှစ်အရွယ်အမျိုးသား၊ အသက် ၁၉ နှစ်အ ရွယ်အမျိုးသမီး၊ တပ်ဦးသီတာ ရပ်ကွက် (၂/၂) မှအသက် ၅၃ နှစ်အရွယ်အမျိုးသမီး၊ အသက် ၁၅ နှစ်အရွယ် အမျိုးသား၊ တပ်ဦးသီတာ ရပ်ကွက် (၅/၉၁) မှ အသက်၂၃ နှစ်ရွယ်၊အသက် ၂ဝ နှစ်အရွယ် အမျိုးသမီး၊ ချမ်းမြေ့အောင်စည်ရပ်ကွက် အမှတ် (၈/၂) မှ အသက် ၄၂ နှစ်အရွယ်အမျိုးသားနှင့် သဇင်ရပ်ကွက်မှ အသက် ၂၄ နှစ်အရွယ်အမျိုး သမီးတို့ုုဖြစ်ကြသည်။

အလားတူ နိုဝင်ဘာ ၉ ရက်နေ့ကလည်း ကလေးမြို့၊ ကံပုလဲကျေးရွာသားတစ်ဦးသည် ချင်းပြည်နယ် ဖလမ်းမြို့သို့အလုပ်ကိစ္စဖြင့် သွားရောက်နေစဉ် ကိုဗစ်ပိုး ရှိ/မရှိ စစ်ဆေးရာတွင် ကိုဗစ်ပိုးတွေ့ရှိသောကြောင့် ဖလမ်းမြို့ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှု့ခံယူလျှက်ရှိပြီး ၎င်းနှင့်ထိစပ်ခဲ့သူများဖြစ်သည့် ကံပုလဲရွာတွင်ရှိသောသူ များနှင့် ပင်လုံရပ်ကွက်၊ စင်္ကြံာလမ်းမှထိစပ်သူများကို ကွာရန်တင်းထားရှိပြီးဖြစ်ကြောင်းသိရသည်။

ကလေးမြို့ကိုဗစ်ကော်မတီမှ နိုဝင်ဘာ ၉ ရက်နေ့တွင်ကျင်းပသည့် အစည်းအဝေးဆုံးဖြတ်ချက်များတွင် ကုန််တင်ကားယာဉ် မောင်းသူများနှင့် ယာဉ်နောက်လိုက်များကို အထက (၁) CBFQ တွင်တိုက်ရိုက်ကွာရန်တင်းဝင်နေစေပြီး စနစ်တကျဖြင့် ဝင်ထွက်နိုင်ရန်နှင့်အသွားအလာ အဆင််ပြေစေဖို့ Test kit ဖြင်စစ်ဆေးသွားမည်ဖြစ် ကြောင်းသိရသည်။

ကလေးမြို့၊ကိုဗစ်ဒုတိယလှိုင်းကာလတွင် ကိုဗစ်ကူးစက်ပျံနှံ့မှု များပြားလာသောကြောင့် ပြည်သူများ အနေဖြင့် မိမိပတ်ဝန်းကျင်တွင် ကိုဗစ်သံသယလူနာများရှိရင်ကိုဗစ်ကော်မတီနှင့် ကျန်းမာရေးဌာနသို့ အကြောင်းကြားရန် ကလေးမြို့ ကိုဗစ်ရောကာကွယ်ရေးနှင့်အရေးပော်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

#Zawgyi

ကလေးမြို့မှကိုဗစ်လူနာ(၅)ဦးဆေးရုံမှဆင်းပြီး (၄၃)ဦး ကုသမှုခံယူနေဆဲ 

ခိုနူမ်းသုန်သတင်း၊ ၁၀ နိုဝင်ဘာ ၂၀၂၀

နှင်းနှင်း 






အဆိုပါကိုဗစ်ပိုးတွေ့ခဲ့သည့် ၁၂ ဦးမှာ တပ်ဦးသီတာရပ်ကွက် အမှတ်(၃/၄၆)မှ အသက် ၆၃နှစ်အရွယ်၊အသက် ၂၄နှစ်အရွယ် ၊အသက်(၁)နှစ်အရွယ် အမျိုးသမီး ၊တပ်ဦးသီတာရပ်ကွက်အမှတ်(၂/၆၁)မှအသက် ၈၅နှစ်အရွယ်၊ အသက်၅၂နှစ်အရွယ်အမျိုးသား ၊အသက်၁၉နှစ်အ ရွယ်အမျိုးသမီး၊ တပ်ဦးသီတာ ရပ်ကွက် (၂/၂)မှအသက် ၅၃နှစ်အရွယ်အမျိုးသမီး၊ အသက်၁၅နှစ်အရွယ် အမျိုးသား၊ တပ်ဦးသီတာ ရပ်ကွက်(၅/၉၁)မှ အသက်၂၃နှစ်ရွယ်၊အသက်၂၀နှစ်အရွယ် အမျိုးသမီး၊ချမ်းမြေ့အောင်စည်ရပ်ကွက် အမှတ် (၈/၂)မှ အသက် ၄၂နှစ်အရွယ်အမျိုးသားနှင့် သဇင်ရပ်ကွက်မှ အသက်၂၄နှစ်အရွယ်အမျိုး သမီးတို့ဖြစ်ကြသည်။

အလားတူ နိုဝင်ဘာ ၉ ရက်နေ့ကလည်း ကလေးမြို့၊ ကံပုလဲကျေးရွာသားတစ်ဦးသည် ချင်းပြည်နယ် ဖလမ်းမြို့သို့အလုပ်ကိစ္စဖြင့် သွားရောက်နေစဉ် ကိုဗစ်ပိုး ရှိ၊မရှိ စစ်ဆေးရာတွင် ကိုဗစ်ပိုးတွေ့ရှိသောကြောင့် ဖလမ်းမြို့ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှု့ခံယူလျှက်ရှိပြီး ၎င်းနှင့်ထိစပ်ခဲ့သူများဖြစ်သည့် ကံပုလဲရွာတွင်ရှိသောသူ များနှင့် ပင်လုံရပ်ကွက်၊စင်္ကြာံလမ်းမှထိစပ်သူများကို ကွာရန်တင်းထားရှိပြီးဖြစ်ကြောင်းသိရသည်။

ကလေးမြို့ကိုဗစ်ကော်မတီမှ နိုဝင်ဘာ ၉ ရက်နေ့တွင်ကျင်းပသည့် အစည်းအဝေးဆုံးဖြတ်ချက်များတွင် ကုန်တင်ကားယာဉ် မောင်းသူများနှင့် ယာဉ်နောက်လိုက်များကို အထက(၁)CBFQ တွင်တိုက်ရိုက်ကွာရန်တင်းဝင်နေစေပြီး စနစ်တကျဖြင့် ဝင်ထွက်နိုင်ရန်နှင့်အသွားအလာ အဆင်ပြေစေဖို့ Test kit ဖြင်စစ်ဆေးသွားမည်ဖြစ် ကြောင်းသိရသည်။ 


Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.