Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တွင် ဆိုက်တွဲသမဂ္ဂဖွဲ့စည်း

ကလေးမြို့တွင် ဆိုက်တွဲသမဂ္ဂဖွဲ့စည်း

0
By Editor on February 5, 2019 Khonumthung

By လားနွန် – ကလေးမြို့နယ်အတွင်းပြေးဆွဲလျှက်ရှိသော ဆိုင်ကယ်ဘေးတွဲယာဉ်များ (ဒေသအခေါ် ဆိုက်တွဲ) တရားဝင်လိုင်စင်ရရှိရေးနှင့် တရားဝင်ပြေးဆွဲခွင့်ရရှိရေးအတွက် ဦးဆောင်လှုပ်ရှားမည့် ဆိုက်တွဲသမဂ္ဂကို ယနေ့တွင် ဖွဲ့စည်းလိုက်ကြသည်။

၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ဦးဆောင်မှုဖြင့် ဆိုက်တွဲယာဉ်မောင်းများသည် ကလေးမြို့ မြို့တော်ခန်းမတွင် ယနေ့မနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဆိုက်တွဲသမဂ္ဂကို ဖွဲ့စည်းလိုက်ကြခြင်းဖြစ်သည်။

“ကျွန်တော်တို့မြို့ပေါ်မှာ ဒေသလိုအပ်ချက်အရပေါ်ပေါက်လာတဲ့ ဆိုက်ကားနေရာမှာ အစားထိုးလာတဲ့ ဆိုက်တွဲရဲ့ ခရီးသည်ပြေးဆွဲမှု ပို့ဆောင်မှုတွေမှာ ပြေးဆွဲတဲ့နေရာမှာ စည်းကမ်း တကျဖြစ်ဖို့နှင့် အခုတိုင်းဒေသကြီးအစိုးရရဲ့ ညွှန်ကြားချက်အရ ဆိုက်တွဲတွေကို ဖျက်သိမ်းမယ်ဆိုတာ ဒါတွေဟာ မဖြစ်သင့်တဲ့ကိစ္စတွေမို့ ကျွန်တော်တို့ သမဂ္ဂဖွဲ့ပြီးတော့ လိုင်စင်ရရှိရေးကို ကြိုးစားပေးဖို့ သမဂ္ဂအနေနဲ့ တောင်းဆိုဖို့ဖွဲ့စည်းလိုက်ကြတာပါ ဘာဖြစ်လို့ဆိုရင် ဒီဆိုက်တွဲသမားတွေက မိမိ တစ်ဝမ်းအတွက် လုပ်စားနေတာမဟုတ်ပဲ သူတို့ရဲ့ နောက်ကွယ်ရာမှာ မိသားစုများစွာရှိပါတယ် နိုင်ငံတော်ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ ဆင်းရဲသားပပျောက်ရေးဆိုတဲ့ မူနှင့်လည်းညီအောင် အခြေခံလူတန်းစားတွေလုပ်စားခွင့်ရအောင် တောင်းဆိုစရာရှိတာလည်း သတ်သတ်မှတ်မှတ်နှင့် အဖွဲ့စည်းတစ်ခုအနေနှင့် တောင်းဆိုလို့ရေ အာင်ဖွဲ့စည်းခြင်းဖြစ်ပါတယ်’’ ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးသောင်းနိုင်သူကပြောသည်။

ကလေးမြို့တွင် ဆိုက်တွဲယာဉ်မောင်းသူ ဦးရေ တစ်ထောင်ခန့်ရှိသည်ဟု သိရပြီး မကြာသေးခင်ရက်ပိုင်းက သက်ဆိုင်ရာအာဏာပိုင်များမှ ဆိုက်တွဲယာဉ်များကို ဖျက်သိမ်းတော့မည်ဟု ပြောဆိုခဲ့သည်။

ယင်းကိစ္စအပေါ် ဆိုက်တွဲယာဉ်မောင်းများက စိုးရိမ်မကင်းဖြစ်ကြကာ တရားဝင်လိုင်စင်ရရှိရေးနှင့် တရားဝင်ပြေးဆွဲခွင့်ရရှိရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဆောင်းဆိုကြမည်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.