Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကျင်ဒွေးမြို့ ထပ်မံဗုံးကြဲတိုက်ခိုက်ခံရပြီး ပြည်သူ ၂ ဦး ထပ်မံသေဆုံး

ကျင်ဒွေးမြို့ ထပ်မံဗုံးကြဲတိုက်ခိုက်ခံရပြီး ပြည်သူ ၂ ဦး ထပ်မံသေဆုံး

0
By Editor on May 1, 2026 Headline

၂ ရက်အတွင်း သေဆုံးသူ ၁၁ ဦးအထိ ရှိလာ

(006SV)

ယမန်နေ့က ချင်း- မကွေးနယ်စပ်ဒေသများကို အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း ကျင်ဒွေးမြို့ကိုပါ ထပ်မံ၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ ၂ ဦး သေဆုံးကြောင်း ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ တံတားအနီးကို ဧပြီလ ၃၀ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်က စစ်တပ်က အကြောင်းမဲ့ လေကြောင်းမှ တစ်ကြိမ် ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“မ‌နေ့က လေကြောင်းထပ်မံတိုက်ခိုက်မှု ပြုလုပ်တဲ့အချိန် ထိခိုက်တာက ၂ ဦးဖြစ်ပါတယ်။ အဲဒီ ၂ ဦးစလုံး သေဆုံးသွားပါတယ်။ ကျင်ဒွေးတံတားအနီးကိုပဲ တိုက်ခိုက်ခဲ့တာပါ” ဟု ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေး၊ သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်တပ်၏ Y- 12 ထောက်ပို့လေယာဉ်က ကျောက်ထုအခြေစိုက် အမြောက်တပ် ၃၆၈ တပ်ရင်းကို ရိက္ခာနှင့် ခဲယမ်းအထုပ်များ ချပေးစဉ် လုံခြုံရေးတာဝန်ယူပေးသော ဂျက်ဖိုက်တာက ပစ္စည်းများ ချပြီးချိန်တွင် ကျင်ဒွေးမြို့ကို ဆက်လက်ပျံသန်း၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခြင်းဖြစ်သည်ဟု ယောဒေသခံ သတင်းရင်းမြစ်က ပြောသည်။

“စစ်ထောက်ပို့ ဗုံးကြဲလေယာဥ် Y-12 နဲ့ ပစ္စည်းချနေတုန်းမှာ ဂျက်ဖိုက်တာ တစ်စီးက ကျောက်ထုမြို့နယ်တွင်း ကျေးရွာတွေအပေါ်ကို ကင်းယူပေးထားခဲ့ပါတယ်။ ပစ္စည်းချပြီး Y-12 ပျံသွားတဲ့အချိန်မှာ အဲဒီဂျက်ဖိုက်တာ ကျင်ဒွေးမြို့ကို ဆက်လက်ပျံသန်းသွားပြီး လေကြောင်းတိုက်ခိုက်ခဲ့တာပါ” ဟု အဆိုပါ ဒေသခံက ပြောသည်။

ဧပြီလ ၃၀ ရက် ၁၂ နာရီခန့်ကလည်း မင်းတပ်နယ်အစနှင့် ယောနယ်အဆုံး နယ်စပ်နေရာများ၊ ကံကြီးကျေးရွာအနီး တောအုပ်များသို့ မကွေး၊ မန္တလေး၊ နေပြည်တော် လေတပ်မှ ဂျက်ဖိုက်တာ ၅ စီးဖြင့် ၁၀ ကြိမ်နှင့်အထက် ဗုံးကြဲတိုက်ခိုက်သွားသည်ဟု သိရသည်။

အလားတူ ချင်းတောင်ပိုင်းနှင့် နယ်ချင်းနီးစပ်သော ဂန့်ဂေါမြို့နယ်နှင့် ထီးလင်းမြို့နယ်များကိုလည်း ဧပြီလ ၃၀ ရက် မနက် ၁၀ နာရီခန့်က ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံး ၁၀ ခန့် ကြဲချတိုက်ခိုက်သွားသည်ဟု သိရသည်။

ဧပြီလ ၂၉ ရက်ကလည်း ကျင်ဒွေးမြို့၊ ကျင်ဒွေးတံတားကို ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံးအသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ တံတားပြုပြင်နေသော အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၉ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)ထံမှ သိရသည်။

တိုက်ခိုက်မှုအတွင်း JCB စက်ကြီး (၁) စီး၊ Dayan ကား (၁) စီးနှင့် KENBO R (၄) စီး တို့လည်း ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်တွင် ဒေသခံပြည်သူများအနေဖြင့် နေအိမ်၊ ဈေးဆိုင်များမှာ ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများ အဆင်သင့် ထားရှိပြီး လေကြောင်းသတိပြု နေထိုင်ကြရန် ချင်းပြည်သူ့အစည်းအရုံးက သတိပေးထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတရားဖမ်းဆီးခံရသော သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် IPCM တောင်းဆို

ဖလမ်းမြို့နှင့် ဆူရ်ဘုန်လေဆိပ်ကို ချင်းပူးပေါင်းတပ် လက်လွှတ်ရပြီဟု ချင်းကာကွယ်ရေးဝန်ကြီးဌာန အတည်ပြု

Khonumthung Media Group အပါအဝင် သတင်းအေဂျင်စီ ၃ ခုကို ပိတ်သိမ်းကြောင်း စစ်အစိုးရသစ် ကြေညာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.