Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကျင်ဒွေးမြို့ လေကြောင်းတိုက်ခိုက်ခံရမှု ဒေသခံ ၈ ဦးထက်မနည်း သေဆုံး

ကျင်ဒွေးမြို့ လေကြောင်းတိုက်ခိုက်ခံရမှု ဒေသခံ ၈ ဦးထက်မနည်း သေဆုံး

0
By Editor on April 29, 2026 Khonumthung

(006SV)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ဒေသခံပြည်သူ ၈ ဦးထက်မနည်း သေဆုံးသည်ဟု ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေး – သတင်း ထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

ယနေ့ ဧပြီလ ၂၉ ရက်၊ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်မှာ ကျင်ဒွေးမြို့၊ မုန်းချောင်းတံတားဝန်းကျင်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်သွားခြင်းဖြစ်သည်။

“မြေပြင်သတင်းပို့ချက်အရ ဒေသခံတွေ သေဆုံးမှုကနဦး ၈ ဦးလို့ သိရပါတယ်၊၊ တစ်ဦီးက ပြင်းထန်စိုးရိမ်ရနှင့် နှစ်ဦးက မစိုးရိမ်ရလို့ ကနဦးသိရတယ်” ဟု ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေး – သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး အပါအဝင် ၈ ဦးခန့် သေဆုံးပြီး ၃ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေး – သတင်းထုတ်ပြန်ရေးအဖွဲ့က ဖြေကြားထားသော်လည်း ကလေးအပါအဝင် ၉ ဦး ထိခိုက်သေဆုံးမှု ရှိနေသည်ဟု ဒေသခံက ပြောကြားသလို သတင်းဌာနတချို့မှာလည်း ရေးသားထားသည်။

“တံတားဦး လေတပ်တက် YAK – 130 ဂျက်ဖိုက်တာ တစ်စီးမှ ကျင်ဒွေးမြို့တစ်နေရာကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ အတွက် ကနဦးသတင်းအရ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုမှုများ ရှိတယ်” ဟု မင်းတပ်ဒေသခံ ကိုဟားကလေးထံမှလည်း သိရသည်။

ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး ကူးသန်းရောင်းဝယ်ရေး လမ်းမပေါ်ရှိ အချက် အချာကျသော လမ်းဆုံနေရာမှ ကံကြီးကျေးရွာကို စစ်တပ်က အင်အား ၂၀၀ ခန့်ဖြင့် တပ်စွဲလာပြီး ချင်းတောင်ပိုင်း ထိုးစစ်အတွက် ပြင်ဆင်နေသည်ဟု သတင်းများ ထွက်ပေါ်လာချိန်တွင် ကျင်ဒွေးမြို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာခြင်းဖြစ်သည်။

လတ်တလောတွင် ချင်းပြည်နယ်တောင်ပိုင်းနှင့် ချင်း- မကွေးအစပ်ဒေသများကို လေကြောင်း တိုက်ခိုက်မှု ပိုမို ပြုလုပ်လာနိုင် သည့်အတွက် လေကြောင်းအန္တရာယ် သတိပြု နေထိုင်ကြရန်နှင့် စစ်ရေးသတိဖြင့် သွားလာကြရန် နှိုးဆော်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဇိုဖေဒေသတွင် လမ်းပြင်ဆင်နေစဉ်အတွင်း ကားကြီးများ ဖြတ်သန်းခွင့် ၃ လကျော် ယာယီပိတ်ပင်

စစ်ရေးအခြေအနေကြောင့် လောင်းရှည်-ဆော ကားလမ်းပိတ်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆောမြို့နယ်မှာ အရပ်သား ၄ ဦးသေဆုံး

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.