Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကျည်ဆံကုန်လည်း တူမီးနဲ့ ဆက်လက်ရင်ဆိုင်မယ် – CDF-Kanpetlet

ကျည်ဆံကုန်လည်း တူမီးနဲ့ ဆက်လက်ရင်ဆိုင်မယ် – CDF-Kanpetlet

0
By Editor on March 7, 2022 Headline

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကန်ပက်လက်မြို့နယ်ဘက်ကို သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးလာနေပြီး CDF-Kanpetlet တပ်ဖွဲ့က လက်နက် နဲ့ ကျည်ဆံမလုံလောက်မှုကြောင့် ဆုတ်ခွါစနစ်နဲ့ခုခံတော်လှန်နေရပြီး လက်နက်ကျည်ဆံကုန်သွား လည်း တူမီးသေနတ်နဲ့ဖြစ်ဖြစ် ခုခံကာကွယ်သွားမယ်လို့ CDF-Kanpetlet တပ်မမှူးကပြောပါတယ်။

“အခုက ကျနော်တို့ တတ်နိုင်သလောက် ရှိတဲ့လက်နက်လေးနဲ့ ခုခံတယ် ဒါပေမယ့် ကျည်ဆံကုန်တဲ့အခက်အခဲတွေဖြစ် လာတယ် ကာကွယ်ရေးအတွက်အတော်လေးအခက်ခဲဆုံးအခြေအနေဖြစ်လာတယ် စစ်ကောင်စီဘက်ကလည်း ဘယ်လို ရည်ရွယ်ချက်နဲ့ ကန်ပက်လက်ကိုဦးတည်နေသလဲတော့မသိဘူး ဒါပေမယ့်ကျနော်တို့ ကျည်ဆံကုန်ရင်လည်း ရှိတဲ့ တူမီးနဲ့ဖြစ်ဖြစ် ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ခုခံဖို့ပြင်ဆင်နေကြတယ်” လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်နဲ့ မကွေးတိုင်းနယ်စပ် ရှင်းလက်မွန်ဘက်ကို ကျောက်ထုဘက်ကနေ စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်လာပြီး CDF-Kanpetlet တပ်ဖွဲ့တို့နဲ့ မတ်လ ၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက် ၇ ဦးသေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။

“ကျနော်တို့ကန်ပက်လက်CDF တပ်ရင်းတစ်ရင်းအထိုင်ချတဲ့နေရာ အဲဒီမှာ စစ်ကြောင်း ၃ ကြောင်းနဲ့ထိုးစစ်ဆင်လာကြတယ် တိုက်ပွဲဖြစ်ကြတာ သူတို့ ၇ ယောက်လောက်သေတယ် ကန်ပက်လက်ဘက်ကို ဦးတည်ပြီးမှ စစ်ကြောင်းထိုးလာကြတယ်” လို့ CDF-Kanpetlet တပ်မမူးကပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ကန်ပက်လက်မြို့နယ် မဆာတွီကျေးရွာနဲ့ ဆောမြို့နယ်ဆွဲလွဲကျင်းရွာအကြား မှာ စစ်ကောင်စီတပ်နဲ့ CDF-Kanpetlet တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့ပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့တွေဟာ သေဆုံးသွားတဲ့ သူတို့တပ်သားတွေရဲရုပ်အလောင်းတွေကို လမ်းဘေးတဲအိမ်တစ်အိမ်မှာ စုထားပြီး တဲအိမ်နဲ့အတူ မီးရှို့ခဲ့ကြတယ်လို့ CDF-Kanpetlet က ထုတ်ပြန်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းတင်မောင်ဦး စိတ်ဓါတ်ဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆက်တိုက်ပွဲဝင်မည်ဟု ချင်းကျောင်းသားသမဂ္ဂ ကြေညာ

တိုက်ပွဲဖြစ်ပွားနေသော ချင်းတောင်ပိုင်းကို Y-12 နှင့် ဂျက်ဖိုက်တာများဖြင့် ယနေ့ ထပ်မံဗုံးကြဲ

အာသံပြည်နယ်၊ မာသီယာစခန်းတွင် ထိမ်းသိန်းခံနေရသော မြန်မာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.