Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“ကျနော်တို့အနေနဲ့ အကောင်းဆုံး စည်းလုံးညီညွတ်မှု ရှိစေရေးအတွက်ကို ဖြစ်စေချင်တယ်။ သတိထားပြီးတော့ အကောင်းဆုံးဖြစ်ဖို့ကိုပဲ ကြိုးစားဆောင်ရွက်သွားပါမယ်”
ပုံစာ - လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးမှူး Salai Saw Bii

“ကျနော်တို့အနေနဲ့ အကောင်းဆုံး စည်းလုံးညီညွတ်မှု ရှိစေရေးအတွက်ကို ဖြစ်စေချင်တယ်။ သတိထားပြီးတော့ အကောင်းဆုံးဖြစ်ဖို့ကိုပဲ ကြိုးစားဆောင်ရွက်သွားပါမယ်”

0
By Editor on August 23, 2024 Featured

|| လောက်တူနယ်ဒေသက ဘာသာရေးအယူဝါဒဆိုင်ရာ ပြဿနာကြောင့် ကျေးရွာမှ မောင်းထုတ်ခံရသည့်ဖြစ်စဉ်အပေါ် လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူနှင့် ဆက်သွယ်မေးမြန်းချက်

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လောင်ထန်တလန်ကျေးရွာမှာ ဘာသာအယူဝါဒဆိုင်ရာပြသနာဟာ ၂၀၂၄ နှစ်ဦးပိုင်းကတည်းက စတင်နေခဲ့ပါတယ်။ အဲဒီပဋိပက္ခက ဩဂုတ်လအတွင်း အဆိုးဝါးဆုံးအခြေအနေအထိ ရောက်ရှိလာပြီး လူပေါင်း ၅၀ ခန့် ရွာကနေ နှင်ထုတ်ခံလိုက်ရမှုဟာ အွန်လိုင်းပေါ်မှာ ဒီရက်ပိုင်းအတွင်း ပျံ့နှံ့လာခဲ့ပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ အမှန်၊ အမှား ရောထွေးနေတဲ့ သတင်းအချက်အလက်တွေ အလျင်အမြန် ပျံ့နှံလာသလို ချင်းဒေသတွင်း သတင်းမီဒီယာတချို့ကလည်း တာဝန်ခံရှိသူတွေထံ မေးမြန်းခြင်းမရှိ/ပြုဘဲ နီးစပ်ရာကို မေးမြန်း၍ သတင်းတွေရေးသားခဲ့ရာမှာ ဘာသာနှစ်ခုကြား ပဋိပက္ခအဖြစ် မှားယွင်းပုံဖော်ခဲ့ကြပါတယ်။

ဖြစ်စဉ်အမှန်က ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေနဲ့ AG အသင်းတော်ဝင်တွေကြား ပဋိပက္ခဖြစ်ပွားနေခဲ့တာဖြစ်ပြီး လောက်တူနယ်ဒေသရဲ့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ လောက်တူပြည်သူ့ရေးရာ ကောင်စီမှာ ဖြေရှင်းနိုင်ရေး ကြိုးပမ်းနေချိန် ဆိုးဝါးတဲ့အခြေအနေတစ်ခုထိဖြစ်လာခဲ့တာပါ။

လောင်ထန်တလန်ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖြေရှင်းနိုင်ရေး ဆောင်ရွက်မှုအခြေအနတွေ၊ ဒီဖြစ်စဉ်ကနေ လောက်တူနယ်ဒေသ တော်လှန်ရေးကို ဘယ်လိုသက်ရောက်မှုတွေ ရှိနေသလဲဆိုတာ ဒေသပြည်သူ့အုပ်ချုပ်ရေးမှူး Salai Saw Bii ( ဆလိုင်းစော်ဗီး)ကို ခိုနူမ်းသုန်းသတင်းဌာနက Salai Vakok က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – လောင်ထန်တလန်ကျေးရွာ အခြေအနေနဲ့ လောက်တူနယ်အခြေအနေ အကြောင်းကို အရင်ပြောပြပေးပါ။

ဖြေ- လောက်တူနယ်ဒေသဟာ အာဏာမသိမ်းမီအချိန်အထိ ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်နဲ့ မတူပီမြို့ နယ် ၃ ခုဖြင့် ပိုင်းခြားအုပ်ချုပ်ခြင်းခံခဲ့ရတဲ့ တစ်ဆက်တစ်စပ်တည်းရှိတဲ့ နယ်မြေဒေသတစ်ခုဖြစ်ပြီး လောင်ထန်တလန်ကျေးရွာဟာ မတူပီမြို့နယ်ထဲမှာ ပါဝင်ခဲ့တဲ့ ကျေးရွာဖြစ်ပါတယ်။ အိမ်ခြေ ၇၀၊ လူဦးရေ ၃၀၀ ဝန်းကျင်နဲ့ အသင်းတော် ၃ ခုဖြစ်တဲ့ ကက်သလစ်အသင်းတော်၊ နှစ်ခြင်းအသင်းတော်၊ ဧဝံကေလိအသင်း တော်များ ရှိပါတယ်။ ‌နွေဦးတော်လှန်ရေး စတင်ခဲ့တဲ့ ကာလကနေပြီးတော့ ကာကွယ်ရေးကိစ္စရပ်တွေအပြင် အုပ်ချုပ်ရေး ဆိုင်ရာတွေကိုလည်း CDF-Lautu မှ တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ မေလ အတွင်းမှာ ကျင်းပခဲ့တဲ့ လောက်တူဒေသလုံးဆိုင်ရာညီလာခံဆုံးဖြတ်ချက်အရ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်ကနေ ပြည်သူတွေက ဒီမိုကရေစီ နည်းလမ်းနဲ့ ရွေးကောက်တင်မြှောက်တဲ့ အရပ်သားအုပ်ချုပ်ရေး စနစ်နဲ့ ဒေသန္တရအုပ်ချုပ်ရေး ယန္တရားတွေ၊ ရပ်ရွာအုပ်ချုပ်ရေး လုပ်ငန်းတွေ လည်ပတ်ဆောင်ရွက်နေတဲ့ နယ်မြေဖြစ်ပါတယ်။

မေး – ဘာသာအယူဝါဒဆိုင်ရာ ပြသာနာကြောင့် လောင်ထန်တလန်ကျေးရွာမှာ ဒေသခံတချို့ နှင်ထုတ်ခံရမှုတွေ ရှိတယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်ကို ရှင်းပြပေးပါ။

ဖြေ – ကျနော်တို့ ဒေသအုပ်ချုပ်ရေးအဖွဲ့၊ ဒေသတရားရေးအဖွဲ့ စသိခဲ့တာက ထုတ်ပြန်ချက်ထဲမှာ ပါတဲ့အတိုင်းပေါ့။ ဧပြီလ ကုန်ပိုင်းမှာ စသိရတယ်။ တကယ်ဖြစ်တာက ၂၀၂၄ ခုနှစ် နှစ်စပိုင်းကတည်းက စဖြစ်တယ်။ ပထမက ဒီဧဝံဂေလိအသင်းတော် အနေနဲ့ သူတို့မှာ အနီးကပ်သိုးထိန်း ဘုရားအမှူတော်ဆောင် ဆရာတော်ပါစတာတွေ မရှိတာရယ်၊ စောင့်မျှော်ရမယ့် ကျမ်းစာ ကျောင်းတက်နေတဲ့သူတွေ မရှိတာရယ် အတွက်ကြောင့် ဒီဧဝံဂလိ အသင်းတော်အနေနဲ့ ဆက်မနေတော့ပဲ မဲခွဲပြီးတော့ နှစ်ခြင်းအသင်းတော် (သို့မဟုတ်) AG အသင်းတော်အဖြစ် မဲများတဲ့ အသင်းတော်အဖြစ် ပြောင်းကြမယ်ဆိုပြီး အသင်းတော် လူကြီးတစ်ချို့က မရမက ဦးဆောင်ပြီး ဆောင်ရွက်ခဲ့ကြပါတယ်။ မဲခွဲဆုံးဖြတ်မယ်ဆိုတဲ့အချိန်မှာ စပြီးတော့ သဘောထား ကွဲလွဲမှု တွေရှိခဲ့ပါပြီ။ တကယ်လည်း ရလဒ်ထွက်လာတော့ နှစ်ခြင်းအသင်းတော်အဖြစ် နေချင်တဲ့သူရယ်၊ ဧဝံဂလိအသင်း တော်အဖြစ်ပဲ ဆက်နေချင်သူရယ်၊ AG အသင်းတော်အဖြစ် ပြောင်းနေချင်တဲ့ သူရယ်ဆိုပြီး ၃ ဖွဲ့ကွဲသွားတယ်။ အေဂျီအသင်း တော်အဖြစ် ပြောင်းနေချင်တဲ့သူကတော့ အများစုဖြစ်ကြပါတယ်။ ဒါပေမယ့် အားလုံးသဘောထားစုစည်းနိုင်ခြင်းမရှိတဲ့ အနေအထားမျိုးနဲ့ ပြဿနာက တဖြည်းဖြည်းကြီးထွားလာပါတယ်။ ရပ်ရွာအုပ်ချုပ်ရေး၊ ရပ်မိရပ်ဖတွေက ကြားဝင်ဖြန်ဖြေမှုတွေ လုပ်ရာကနေ လက်ရှိ နှရိန်မြို့ကိုရောက်နေတဲ့ အေဂျီအသင်းတော်အဖြစ် ယုံကြည်ကိုးကွယ်သွားတဲ့ သူတွေရယ် အုပ်ချုပ်ရေး၊ ရပ်မိရပ်ဖတွေကြား ပြဿနာဆက်ဖြစ်သွားပါတယ်။

မေး – နှင်ထုတ်ခံရမှုအခြေအနေက ဘယ်လိုဖြစ်ခဲ့တာလဲ။

ဖြေ – အခုရွာကနေ နာရိန်မြို့ကို ရောက်ရှိရတဲ့ အကြောင်းရင်းအသေးစိတ်က စိစစ်ဆောင်ရွက်နေဆဲဖြစ်တဲ့အတွက် ကျနော်တို့ လည်း အတိအကျတော့ မသိရသေးဘူး။ အဓိက ကျနော်တို့ ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ပါတဲ့အတိုင်းပဲ အင်မတန်မှ သိမ်မွေ့တဲ့ ကိစ္စဖြစ်တဲ့အတွက် ဒီဟာကို လောက်တူပြည်သူ့ရေးရာ ကောင်စီ အစည်းအဝေးမှာ ဆက်လက်ဆွေးနွေး သွားပြီးတော့ ၊ ဒီဆုံးဖြတ်ချက်ကနေ ကျလာတဲ့ လုပ်ငန်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွားဖို့ ဆိုပြီးတော့ ၊ အခုလိုမျိုး မဖြစ်ပွားခင်မှာပဲ အာဂျင်ဒါထည့်သွင်းပြီးတော့ အကုန်လုံး ဖြန့်ဝေပြီးဖြစ်ပါတယ်။ သို့ပေမယ့် အစည်းအဝေးကလည်း အကြောင်း အမျိုးမျိုးကြောင့် မလုပ်ဖြစ်သေးပါဘူးခင်ဗျ။

မေး – မဲခွဲမှုရလဒ်အရ အဖွဲ့ ၃ ဖွဲ့ကွဲတဲ့အထဲမှာ ရွာကနေ ထွက်သွားရတာက ဘယ်အဖွဲ့ပါလဲခင်ဗျာ။

ဖြေ – နှရိန်မြို့ကို ရောက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ AG အသင်းတော်အဖြစ် ပြောင်းနေသူတွေဖြစ်ပါတယ်။

မေး – ရွာက ထွက်သွားရတဲ့ လူတွေဟာ မိသားစုနဲ့ လူဦးရေဆိုရင် ဘယ်လောက်ရှိပါသလဲ။

ဖြေ – နှရိန်မြို့ကိုရောက်တဲ့လူက မိသားစု ၉ စုမှာ ကျားက ၂၆ ဦးနဲ့ မကတော့ ၂၆ ဦးဖြစ်ပါတယ်။

မေး – နှရိန်မြို့ကို ရောက်နေတဲ့ သူတို့ အခြေအနေလေးတွေကြောင်း ပြောပြပေးပါဦး။

ဖြေ – အနီးကပ်ကတော့ နှရိန်မြို့ AG Session ရုံးကတာဝန်ရှိ ဘုရားအမှုတော်ဆောင်တွေရယ်၊ AG အသင်းတော်က အသင်းသူအသင်းသားတွေက လိုအပ်တာတွေ ကူညီပေးပြီးတော့ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

မေး – ဒီပဋိပက္ခဖြစ်တဲ့အခါမှာ AG နဲ့ ဘယ်အဖွဲ့နဲ့ ဖြစ်ကြတာလဲခင်ဗျ။

ဖြေ – ဒီအချက်ကို လူထုက ကဂနဏ သိဖို့လိုပါတယ်။ ကျနော်တို့ လိုင်းပေါ်မှာ တွေ့ရတာတွေက ရှိရင်းစွဲ နှစ်ခြင်းအသင်းတော်နဲ့ လက်ရှိ AG အကြားဖြစ်တဲ့ ပြဿနာအဖြစ် ရေးကြ၊ ပြောကြတာတွေ တွေ့ရပါတယ်။ အဲဒါ လုံးဝ မဟုတ်ပါဘူး။ တကယ်ဖြစ် တာက ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေနဲ့ အခု နှရိန်ကို ရောက်နေတဲ့ အဖွဲ့ကြားမှာ ဖြစ်တဲ့ကိစ္စရပ် ဖြစ်ပါတယ်။

မေး – ဒီဖြစ်စဉ်က အင်မတန် သိမ်မွေ့တဲ့အတွက် သတိထား ကိုင်တွယ်နေရတယ်လို့ ဆရာတို့ ထုတ်ပြန်ချက်မှာ တွေ့ရတယ်။ ဒီပဋိပက္ခကို ဘယ်လိုမျိုး ဖြေရှင်းသွားဖို့ ရှိပါသလဲ။

ဖြေ – ကျနော်တို့က တော်လှန်ရေးကာလဖြစ်တဲ့အတွက် ဘယ်လိုစိတ်ဝမ်းကွဲပြားမှုကိုမှ မလိုလားပါဘူး။ ကျနော်တို့ အကောင်း ဆုံးညီညွတ်မှု၊ စည်းလုံးမှု ၊ တစ်ယောက်နဲ့ တစ်ယောက်ကြား၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြား ချစ်ခြင်းမေတ္တာ ပွားများမှုကိုပဲ လိုချင်တာ ဖြစ်တယ်။ ကျနော်တို့အနေနဲ့ အကောင်းဆုံး စည်းလုံးညီညွတ်မှု ရှိစေရေးအတွက်ကို ဖြစ်စေချင်တယ်။ သတိထားပြီးတော့လည်း အခု သွားနေတာ ဖြစ်တယ်။ အဲဒါကြောင့် အကောင်းဆုံးဖြစ်ဖို့ကိုပဲ ကြိုးစားဆောင်ရွက်သွားပါမယ်။

မေး – လောက်တူနယ်ဒေသမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိပါသလား။ ဒါနဲ့ပတ်သက်လို့ရော ပြဌာန်းထားမှုတွေ ရှိပါသလား။

ဖြေ – ကျနော်တို့ လောက်တူနယ်မှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိပါတယ်။ ကျနော်တို့ လောက်တူနယ်မှာ ခရစ်ယာန် အသင်းတော်တွေ အားဖြင့်လည်း တော်တော်များများ ရှိသလို၊ ကာလကြာ၊ ကာလတိုနေထိုင်တဲ့ IDPs တွေလည်း များတော့ ဗုဒ္ဓဘာသာဝင်တွေလည်း ရှိကြပါတယ်။

မေး – ဒီလိုဖြေရှင်းနေဆဲကာလမှာ လောက်တူနယ်ဒေသက ပြည်သူတွေနဲ့ ချင်းပြည်သူတွေဟာ ဘာတွေကို သတိထား သင့်ပါသလဲ၊၊

ဖြေ- စိုးရိမ်ပူပန်ပေးကြတာတွေ၊ မိမိသဘောထားမှတ်ချက်ပြုပေးကြတာတွေဟာ သဘာဝကျပါတယ်၊ ကျေး ဇူးလည်း တင်ပါတယ်။ သို့သော် ဒီကိစ္စကို လူမှုကွန်ယက် စာမျက်နှာပေါ်ကနေ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်မေးမြန်းခြင်း တွေပြုလုပ်ခြင်းက အမုန်းပွားမှုများသာ တိုးပွားစေနိုင်တာဖြစ်တယ်။ တော်လှန်ရေးကာလဆိုတာ ဘယ်နယ်ပယ်မှာမဆို စည်းလုံးညီညွတ်မှုက အင်မတန်မှ ပိုပြီးတော့ အရေးကြီး အရာရောက်ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သတင်းမီဒီယာ တချို့မှာ ဒေသအခြေအနေ မဟုတ်၊ မမှန်၊ ရေးသားကြတာတွေ၊ ပြောဆိုကြတာတွေ ကျနော်တို့ တွေ့ရတယ်။ အင်မတန်မှ စိတ်မကောင်း ဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မီဒီယာသမားတွေပဲ ဖြစ်ဖြစ်ပေါ့နော် ဒေသအခြေအနေ ဘယ်လိုဖြစ်တယ်။ ကျိုးကြောင်း ဘယ်လိုဖြစ်တယ်ဆိုတဲ့ဟာက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို မေးမြန်းပြီးတော့ အတည်ပြုတာမျိုး ဖြစ်သင့်ပါတယ်။ သက်ဆိုင်ရာ ကိုယ်နဲ့ သိကျွမ်းတဲ့ လူတွေကို မေးပြီးတော့ ချက်ချင်းလက်ငြင်း သိတာကိုပဲ ရေးတင်တာမျိုးက အင်မတန်မှ ကျနော်တို့ ကြားမှာ မလိုလာအပ်တဲ့ အထင်အမြင် လွှဲမှားမှုတွေ ဖြစ်စေနိုင်တာ ဖြစ်လို့၊ အင်မတန်မှ သတိထားဖို့ အရေးကြီး ပါတယ်။ ဒါကြောင့် မလိုလားအပ်တဲ့ အမုန်းမီးတွေမမွှေးမိကြဖို့ အလေးအနက် မေတ္တာရပ်ခံအပ်ပါတယ်။ ကျနော်တို့အနေနဲ့ ဘာသာရေးကိစ္စသာမကပဲ ဘာအကြောင်းကြောင့်နဲ့မျှ ရပ်ရွာအတွင်း စည်းလုံးညီညွတ်မှု ပြိုကွဲတာတွေ၊ ခိုင်မာပြီးသား အသင်း အဖွဲ့၊ အစုအဖွဲ့ရဲ့ စည်းလုံးမှု ပျက်ပြားတာတွေ မဖြစ်စေချင်သလို၊ တစ်နေ့ထက်တစ်နေ့ ခေတ်ကာလရဲ့ အချိန်အခါနဲ့ လျော်ညီတဲ့ နယ်ပယ်မျိုးကိုလည်း ဖြစ်စေချင်ပါတယ်။ ဒါဟာ သက်ဆိုင်ရာ နယ်ပယ်အသီးသီးက လူတစ်ဦးချင်းစီရဲ့ တာဝန်အသိတရားပေါ် မှာ များစွာအခြေခံပါတယ်။ နှစ်ဖက်ကြားမှာ အသင့်တော်ဆုံး ဖြစ်အောင်ဆောင်ရွက်မှာပါ။

မေး – ဒီဖြစ်စဉ်က လောက်တူနယ်အပေါ်မှာ ဘယ်လို သက်ရောက်မှုတွေ ရှိနေပါသလဲ။

ဖြေ – ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ရောက်မှု ရှိတာက ပထမအချက်အနေနဲ့ ကျနော်တို့ ကြားမှာ စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်တဲ့ အသွင်သဏ္ဍာန်မျိုးတော့ ရှိတယ်။ သို့ပေမယ့် အင်မတန်မှ သိမ်မွေ့တဲ့ ဖြစ်စဉ်ဖြစ်လို့ ဒီကိစ္စအပေါ်မှာ လူထုတစ်ရပ်လုံးကလည်း နားလည်တယ်လို့ ယုံကြည်ထားတာ ဖြစ်တယ်။ နိုင်ငံရေးအရကော၊ တော်လှန်ရေး လုပ်ငန်းစဉ်တွေကို ထိပါးမှာကိုလည်း စိုးရိမ်မှု ရှိတယ်။ တော်လှန်ရေး စတင်ကတည်းကနေ စည်းစည်းလုံးလုံးနဲ့ တော်လှန်ရေး ပန်တိုင်း ရောက်တဲ့ အထိ ဘယ်လို စိတ်ဝမ်းကွဲပြားမှုမှ မရှိဘဲနဲ့ ဒီဟာကို ဆောင်ရွက်ချင်တာဖြစ်တယ်။ အနည်းငယ်တော့ ကျနော်တို့ကြားမှာ အထင်အမြင် လွဲမှားမှုတွေ ရှိပေမယ့်လည်း ကြီးကြီးမားမားကြီး ပြသနာတော့ မရှိဘူး။ သို့ပေမယ့်လည်း သတိထားရင် ထားတတ်သလို၊ မထားရင် မထားတတ်သလို ဒီလိုကိစ္စမျိုးက ကြီးသွားတာမျိုး ဖြစ်နိုင်သလို ငြိမ်းအေးသွားတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါကို လူထုတစ်ရပ်လုံးမှာ တာဝန်ရှိတယ်လို့ ထည့်သွင်းပြောကြားလိုတယ်။

မေး – ဒီပဋိပက္ခနဲ့ ပတ်သက်လို့ ကျနော် မမေးမိတာ၊ ဖြည့်စွက်ပြောကြားချင်တာ ရှိပါသလား။

ဖြေ – ကျနော်တို့ လောက်တူနယ်မှာ ဒေသအုပ်ချုပ်ရေးအဖွဲ့ရယ်၊ ဒေသတရားရေးအဖွဲ့ရယ် ဆိုပြီးတော့ ဒေသခံ လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအဖွဲ့တွေနဲ့ ၊ ဒါဟာ လက်နက်ကိုင်အဖွဲ့သားတွေနဲ့ မဟုတ်ပဲနဲ့၊ ဒီယန္တရားကို လည်ပတ်နေတာဖြစ်တယ်။ ဒီဟာကလည်း လူထု ရွေးကောက်ခံပုဂ္ဂိုလ်တွေ ဖြစ်တယ်။ ထိုနည်းလည်းကောင်းပဲ ရပ်ကွက် ကျေးရွာမှာရှိတဲ့ အုပ်ချုပ်ရေး အစုအဖွဲ့ဆိုတာကလည်း ဒေသပြည်သူ့အုပ်ချုပ်ရေးရဲ့ တိုက်ရိုက်ကြီးကြပ် ကွက်ကဲမှု အောက်ကနေ သွားတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ပြီးရင် ကျနော်တို့မှာ လောက်တူပြည်သူ့ရေးရာ ကောင်စီဆိုတာ ရှိပါတယ်။ ဒီကောင်စီဟာ လောက်တူနယ်ဒေသမှာ အမြင့်ဆုံးသော ဆုံးဖြတ်ချက် ချမှတ်ရာနေရာဖြစ်ပါတယ်။ ဒီဟာကိုလည်း ထည့်သွင်း‌ ပြောကြားလို တယ်။ အခု ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ အခုဖြစ်စဉ် ဖြစ်ဖြစ်ချင်းပဲ သိမ်သိမ်မွေ့မွေ့နဲ့ ကျနော်တို့ သတိပြုပြီး တော့ ဆက်လက်ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် သတင်းမီဒီယာတွေ၊ တာဝန်ရှိသူတွေ အားလုံးအနေနဲ့ ကိုင်တွယ် ဆောင်ရွက်ဆဲဖြစ်တဲ့အတွက် ဒီဟာကို စောင့်ဆိုင်းပေးကြဖို့၊ လိုအပ်ရင် ကျနော်တို့ ဘက်က သတင်းထုတ်ပြန်တာမျိုးတွေ၊ ဖြစ်စဉ်တွေ ပြန်အသိပေးတာမျိုးတွေ လုပ်သွားပါမယ်။ ကျေးဇူးတင်ပါတယ်။……..။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.