Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကျန်ဖိုင်းခရိုင်အတွင်း စစ်ဘေးရှောင် ၈၀၀၀ ကျော်ထံ Refugee Identity card ထုတ်ပေး

ကျန်ဖိုင်းခရိုင်အတွင်း စစ်ဘေးရှောင် ၈၀၀၀ ကျော်ထံ Refugee Identity card ထုတ်ပေး

0
By Editor on April 15, 2022 Headline

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်းမှာရှိကြသည့် မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ၈၀၀၀ ကျော်ထံ မီဇိုရမ်ပြည်နယ်အစိုးရက Refugee ID ကဒ္ကို ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်အစိုးရစာရင်အရ အိနိ္ဒယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်း စစ်ဘေးရှောင်ဦးရေ ၈၇၄၇ ရှိသည့်အနက် စစ်ဘေးရှောင် ၈၅၈၈ ဦးထံ Refugee ID ကဒ် ထုတ်ပေးနေပြီဖြစ်ကြောင်း The Aizawl Post သတင်းစာတွင် ရေးသားဖော်ပြသည်။

ကျန်ဖိုင်းခရိုင်အတွင်း Relief Camp (၃၃) ခုရှိပြီး အဆိုပါ Relief camp တွင် စစ်ဘေးရှောင်ဦးရေ ၂၄၃၄ ဦးရှိပြီး Relief camp မဟုတ်သော အခြားသောနေရာတွင်နေထိုင်သူ စစ်ဘေးရှောင်ဦးရေ ၆၃၁၃ ဦး ရှိသည်ဟု သိရသည်။

ဧပြီလ ၁၃ ရက်နေ့ကလည်း Deputy Commissioner ဦးဆောင်မှုဖြင့် အိုက်ဇောလ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင်နေထိုင်သူများကို Refugee ID ကဒ် စတင်ထုတ်ပေးနေပြီဟု စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။

“Aizawl DC က Refugee ID ကဒ်ထုတ်ပေးတယ်။ အိုက်ဇောလ်မြို့နယ်အတွင်းမှာရှိတဲ့ Sihphir, Luangmual, Tuirial, Sihhmui, Sairang မွာရွိတဲ့ စစ်ဘေးရှောင်စခန်းမှာနေထိုင်သူတွေတော့ Refugee ID ကဒ်ရပြီဖြစ်တယ်။ ခုဟာက စစ်ဘေးရှောင်စခန်းတွေမှာနေတဲ့သူတွေကို အရင်ဦးစားပေးလုပ်ဆောင်ပေးတဲ့သဘောဖြစ်တယ်။ စစ်ဘေးရှောင်စခန်းမဟုတ်တဲ့ အခြားသောနေရာမှာနေထိုင်တဲ့သူတွေလည်း မကြာခင်ထုတ်ပေးနိုင်လိုက်မယ်လို့ မျော်လင့်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့က စစ်တပ်အာဏာသိမ်းမှုကြောင့် မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်ခိုလှုံနေသူ စစ်ဘေးရှောင်ဦးရေ ၃၀၀၀၀ ကျော် ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.