Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

0
By Editor on September 9, 2023 Featured

(002HH)

အသက် (၃၇) နှစ် အရွယ် ကိုလိန်း (အမည်လွဲ) ဟာ မတော်တဆ ဓားထိုးခံရမှုကြောင့် ဒဏ်ရာအကြီးအကျယ် ရခဲ့သူပါ။ ဖြစ်ဖြစ်ချင်း ဆေးကုသဖို့ ဆရာဝန်ခွင့်ပြုချက်လက်မှတ် ရပေမယ့် ပခုက္ကူမရောက်ခင်လမ်း တဝက်မှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ချင်းပြည်နယ် တောင်ပိုင်းဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသလို လူနာတင်ကားတွေ အရင်ကထက် နည်းပါး လာတာကြောင့် မြို့ ပေါ် အသီးသီးမှာရှိတဲ့ အရေးပေါ် လူနာတွေဟာ ဆရာဝန်ရဲ့ ခွင့်ပြုချက်နဲ့ ပခုက္ကူ၊ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးကုသဖို့သွားကြရတာပါ။ 

အဲ့ဒီနောက်ဆက်တွဲကြောင့်ပဲ ကိုလိန်းဟာ အိမ်ထောင်ကျရာ မတူပီမြို့ကို ပြန်မရောက်နိုင်တော့ဘဲ သူ့မိခင် ရှိရာ ရွာလေးမှာပဲ သူ့ကို သဂြိုလ်ခဲ့ရတယ်လို့ ခဲအိုဖြစ်သူ သေဆုံးခဲ့ရပုံကို မဖြူ (အမည်လွဲ) က ပြန်ပြောပြပါတယ်။ 

“သူက ညာဖက်ဗိုက်ဆီးအိမ်ထိသွားတာ သေးပေါက်ရင်သွေးတွေထွက်ပြီလေ။ ဆရာဝန်ကလည်း ဒဏ်ရာတော် တော်နက်တော့ ပခုက္ကူဖြစ်ဖြစ်၊ ရန်ကုန်ဖြစ်ဖြစ်သွားကုခိုင်းတာ ဂန့်ဂေါလမ်းဖက်ဆိုတော့ဝေးပြီး လမ်းမကောင်း ဘူးဆိုတော့ ကားကလည်း ဖြည်းဖြည်း မောင်းပေးရတယ်ဆိုတော့ ထီးလင်းမှာပဲ ဆုံးသွားတာ” ဆိုပြီး သေဆုံး တာ (၂) နှစ်နီးပါးကြာပြီးဖြစ်ပေမယ့် ငိုသံနဲ့ မဖြူက ပြောနေတာပါ။

ကိုလိန်းလိုပဲ ပြည်မဖက်ကို ဆေးကုသဖို့ သွားချင်ပေမယ့် ကားခ ဈေးမြင့်ပြီး လိုတဲ့ချိန်မှာ ချက်ချင်း ကားရှာ မရတဲ့ အခက်ခဲတွေက ရောဂါပြင်းထန်သူတွေအတွက် ခံနိုင်ရည်၊ မျှော်လင့်ချက်မဲ့စေပြီး သေခြင်းကို ရင်ဆိုင်ရသူ တွေလည်း ချင်းပြည်နယ် ဒေသတွေမှာ အများအပြား ရှိနေပါတယ်။

အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာဆိုလည်း အာဏာသိမ်းခံရပြီး နောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှုတွေက အရင်ကထက် အားနည်းလာသလို အရေးပေါ် လူနာ ပို့ဆောင်ပေး မယ့် ကားတွေလည်း ရှားပါးလာတာကို မြို့နယ်တိုင်းလိုလို ရင်ဆိုင်နေရပါတယ်။

မြို့ပေါ်မှာရှိတဲ့ လူမှုကူညီရေးအသင်းတွေရဲ့ ကားတွေကို စစ်တပ်က သိမ်းယူပြီး လူနာတင်ယာဉ်အစား ကင်းလှည့်ဖို့ သုံးလာတာကလည်း ကျန်းမာရေးမကောင်းတဲ့သူ၊ အရေးပေါ်လူနာတွေကို ပို့ဆောင်တဲ့ နေရာမှာ အသုံးပြုဖို့ ပိုခက်ခဲလာတာဖြစ်တယ်လို့ အာဏာမသိမ်းခင် မင်းတပ်မြို့နယ် လူမှုကူညီ ရေးအသင်းမှာ ကိုယ်တိုင်ပါဝင်ခဲ့ဖူးသူ ကိုကီး(အမည်လွဲ) က ပြောပါတယ်။ 

သူက “သစ်ပင်ပေါ်က ပြုတ်ကျတာ၊ ဆိုင်ကယ်မှောက်တာ၊ မိုင်းထိတာ မတော်တဆဖြစ်တယ်ဆိုရင် ကား မရှိတော့ ဆေးမကုလိုက်ရပဲ လမ်းမှာ ဆုံးသွားတဲ့သူတွေလည်း ရှိတယ်” လို့ လူနာတွေကို ကူညီပေးရင် ကြုံတွေ့ခဲ့ရတာကို ပြန်ပြောပါတယ်။ 

အရင်က မင်းတပ်မြို့နယ်မှာ လူမှုကူညီရေးအဖွဲ့အစည်းသီးသီးက Ambulance (လူနာတင်ကား) ရှစ်စီးခန့်ရှိခဲ့ပါ တယ်။ အာဏာသိမ်းပြီးနောက်မှာတော့ လူမှုရေးအသင်းက ကားတချို့ ရပ်ဆိုင်းလာသလို CDF ချင်းကာကွယ် ရေးတပ်ဖွဲ့က ပြည်သူပိုင်အဖြစ် ကားနှစ်စီး သိမ်းယူခဲ့တာတွေကြောင့် လက်ရှိမှာ ဂရုဏာကား ၁စီ နဲ့ဆေးရုံကား ၁စီးသာ ရှိတော့တယ်ဆိုပြီး မင်းတပ်မြို့နယ် လူမှုကူညီရေး အသင်းဖွဲ့ထံက သိရပါတယ်။ 

အရင်ကဆို ချင်းပြည်နယ်ရဲ့ မြို့နယ်တိုင်းမှာ အရေးပေါ်လူနာကို မြို့တွင်း မှာရှိတဲ့ ဆေးရုံဆီ အမြန်ဆုံးပို့ဆောင်နိုင် ဖို့၊၊ နာရေးတွေမှာ အသုံးပြုနိုင်ဖို့အတွက် အရေးပေါ်လူနာ တင်ယာဉ်အသင်း၊ ဘာသာရေးအသင်းအဖွဲ့၊ လူမှုကူညီ ရေး အသင်းဖွဲ့အသီးသီးတွေမှာ(Ambulance) လူနာတင်ကားတွေ ရှိကြပါတယ်။ 

လက်ရှိမှာတော့ လူနာတင်ကားနည်းပါးလာတာနဲ့အမျှ လမ်းခရီးအခက်အခဲကြားကနေ အရေးပေါ်လူနာတွေ သာမက နာတာရှည်လူနာတွေအတွက် အချိန်မှီဆေးကုသမှုရဖို့ ခက်ခဲနေတာပါ။ မတူပီမြို့နယ် နာရေးကူညီမှု အသင်း (ရန်ကုန်) ကတော့ မြို့နယ်တွင်း အရေးပေါ် လူနာတွေရှိလာပြီဆိုရင် လူနာတင်ကားမရှိရင် အဆင်မပြေ ပြေအောင် စီစဉ်ပေးရတာတွေ ရှိတယ်လို့ အသင်း အတွင်းရေးမှုက အခုလို ပြောပါတယ်။

”ကျွန်တော်တို့က ကားပေါ်မှာ အိတ်အဆင်သင့်၊ ယူနီဖောင်း အဆင်သင့်ထားထားတယ်။ အရေးပေါ်ဖြစ်ပြီ ဆိုရင် ကားထုတ်ပြီး ကားသော့ယူပြီးချက်ချင်းပြေးတယ် တခါတလေကျတော့လည်း လူနာတွေကိုအိမ်စီး ကားစီစဉ် ပေးရတာမျိုးလည်းရှိတယ်” လို့သူကပြောပါတယ်။ 

ကိုလိန်းရဲ့ မိသားစုဝင်တွေကတော့ ဒီလို အသင်းမျိုနဲ့ မချိတ်ဆက်မိတာကြောင့် သူ့ကို ဆုံးရှုံးရတဲ့ အခြေ အနေအထိ ရောက်ရှိခဲ့ရတာပါ၊ ဒါ့အပြင် ခင်ပွန်းဖြစ်သူနဲ့အတူ နေထိုင်ခဲ့တဲ့ ရွာစွန်နေအိမ်လေးဟာ ဖျက်ဆီးသွားတာကြောင့် အိမ်ဌားဖြင့် သားသမီးလေးယောက်နဲ့အတူ နေထိုင်ကာ လစဥ်အိမ်ဌားခပေးနိုင်ဖို့ ကြိုးပမ်းနေရပါတယ်။ 

အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်တဲ့ ကိုလိန်း ရုတ်တရက် သေဆုံးပြီးနောက်မှာတော့ ကျန်ရစ်ခဲ့တဲ့ ဇနီးသည်အတွက် ငယ်ရွယ်သေးတဲ့ သားသမီးလေးယောက်နဲ့ ဘဝရပ်တည်နိုင်ဖို့ ရုန်းကန်ရင်ဆိုင်နေရတဲ့ အနေအထားပါ၊ 

ကိုလိန်းနဲ့ မိသားစုလို အဖြစ်မျိုးတွေ မရှိလာစေဖို့ ဒေသခံတွေအတွက် အကူအညီပေးနိုင်ရေး ပရဟိတ အသင်းတွေအနေနဲ့ လူနာတင်ဖို့ကိုတောင် ခွင့်ပြုချက် အဆင့်ဆင့် တောင်းရတာတွေကို လက်ရှိ အာဏာသိမ်းကာလမှာ လုပ်ဆောင်ရပါသေးတယ်။

မတူပီမြို့နယ် နာရေးကူညီမှုအသင်း (ရန်ကုန် )အတွင်းရေးမူးက “နာရေးကားဖြစ်တဲ့အတွက် အခြေအနေ မကောင်းတဲ့သူတွေ ဆရာဝ န်နဲ့ ညှိပြီးမှ ဆရာဝန်က ဒီလူက အရေးကြီးတယ်၊ နံပါတ်တစ်အနေနဲ့ ခေါ်သွားပါဆိုပြီးမှ အဲ့မြို့နယ်ကောင်စီကို ထောက်ခံစာတောင်းပြီးမှ ကျွန်တော်တို့ ခေါ်ရတာ။ ကျွန်တော်တို့ သဘောဆန္ဒအရ ခေါ်လို့လည်းမ ရဘူး” လို့ တောင်းပိုင်း ချင်းပြည်ဖက်က လူနာတွေ ဆေးကုဖို့ ခေါ်ရတဲ့ အခြေအနေကို ပြောပါတယ်။

အရေးပေါ်လူနာတွေအတွက် မတူပီမြို့နယ် နာရေးကူညီမှုအသင်း (ရန်ကုန်) အနေနဲ့ မတူပီမြို့နယ်အပြင် မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝမြို့နယ်တွေမှာရှိတဲ့ ပြည်သူတွေအတွက်လည်း လက်ရှိမှာ ကူညီပေးနေတယ်လို့ သိရပါတယ်။

မတူပီမြို့နယ်မှာတော့ အာဏာမသိမ်းခင်အထိ ခရစ်ယာန်ဂိုဏ်ပေါင်းစုံ အသင်း၊ Joseph Oxygen ပရဟိတ အသင်းတွေလည်း ရှိခဲ့ပြီး ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ပြည်သူလူထုတွေနဲ့ ကျန်းမာရေးအဖွဲ့ အစည်း၊ လူမှုကူညီရေးအသင်းတွေက ပူးပေါင်းပြီး အသိပညာပေး၊ ကျန်းမာရေး ကုသမှုတွေ လုပ်ခဲ့တာတွေ သိရပါတယ်။ 

အခုချိန်မှာ မြို့တွင်းက အရေးပေါ်လူနာတွေ အသုံးပြုဖို့ ခရစ်ယာန်ဂိုဏ်ပေါင်း စုံအသင်း ကားတစ်စီးနဲ့ ပြည်မဖက်ကို ဆေးကုသမူရဖို့ ကြို၊ ပို့ပေးတဲ့ မတူပီမြို့ နယ် နာရေးကူညီမူကား တစီးသာရှိပါတယ်။ 

အဲဒီထဲက Joseph Oxygen ပရဟိတ အသင်းထူထောင်သူ ဥက္ကဌ ဦးထွန်းလင်းဦးကိုတော့ စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၁၊မတ်လ (၇) ရက်မှာ စစ်အာဏာဆန့်ကျင်ရေးလူပ်ရှားမူနဲ့ CDM လူပ်ရှားမူတွေမှာ ပါဝင် တယ်ဆိုတဲ့ သံသယကြောင့် ဖမ်းဆီးခဲ့သလို ဧပြီလ ၂၉ ရက်မှာလည်း စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်တဲ့ မမိုင်ဗန် နေကိမ်းကို လည်း ဖမ်းဆီးခဲ့ပါတယ်။ 

လက်ရှိအချိန်မှာတော့ သူတို့ နှစ်ယောက်ဟာ ပြန်လွတ်လာပေမယ့် ပရဟိတမှာ အသုံးပြုတဲ့ ကားရှစ်စီးနဲ့ ကားလိုင်စင်တွေကို သိမ်းယူခဲ့တာကြောင့် ပြည်သူတွေအတွက် အရေးပေါ်ဖြစ်ပြီဆိုရင် ဆေးရုံကို သွားနိုင်ဖို့ အခက်တွေ့နေကြရပါတယ်။ 

ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက် မြို့တော် ဟားခါးကလွဲပြီး ကျန်ရှစ်မြို့နယ်တွေမှာ စစ်ကောင်စီက အင်တာနက်လိုင်းတွေ ပိတ်ထားခဲ့တာ ၂နှစ်ကျော်ရှိလာပါပြီ။ ဆက်သွယ်ရေး ဖုန်းလိုင်းတွေပါ ဖွင့်လိုက် ပိတ်လိုက်လုပ်နေတာကြောင့် ဒေသတွင်းသတင်းတွေလည်း သိရှိနိုင်ဖို့ မလွယ်ကူတာက အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု ရယူနိုင်ဖို့ အဟန့်အတားတစ်ခု ဖြစ်လို့နေပါတယ်။

ဒီလို အတားအဆီးတွေ၊ ပရဟိတအသင်းတွေကို စစ်ကောင်စီဘက်က ပစ်မှတ်ထား ဖမ်းဆီးတာတွေ လုပ်နေ သရွေ့ ချင်းပြည်နယ်က ပြည်သူတွေအတွက်တော့ ကိုလိန်းလိုပဲ အချိန်မကျဘဲ အသက်ဆုံးရှုံးရမယ့် အခြေအနေတွေကို ရင်ဆိုင်နေကြရဦးမှာပါ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.