Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကွာရန်တင်းဝင်နေသူများအတွက် ကြိုတင်ဆန္ဒမဲပေးရေးဆောင်ရွက်မှု အခက်အခဲရှိနေဟုဆို
ကွာရန်တင်းဝင်နေသူများအတွက် ကြိုတင်ဆန္ဒမဲပေးရေးဆောင်ရွက်မှု အခက်အခဲရှိနေဟုဆို
0
By Editor on October 22, 2020 Headline
#Unicode
ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကွာရန်တင်းဝင်ရောက်နေကြသည့် ပြည်သူများအနေဖြင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးလုပ်ငန်းစဉ်ဆောင်ရွက်မှုအပိုင်းတွင် အခက်အခဲတစ်ချိူ့ရှိနေသည် ဟု သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှသိရသည်။
ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထောင်ဇဆန်းက “သူတို့အနေနဲ့ ပုံစံ ၁၅ ကိုလျှောက်ထား တဲ့နေရာမှာ ကွာရန်တင်းဝင်နေတဲ့ မဲဆန္ဒရှင်ကိုယ်တိုင်ကလက်မှတ်ထိုး ရတယ်၊အဲ့တာတွေကို ကြားထဲကနေပြီး မှဆောင်ရွက်ပေးတာ နည်းနည်းအခက်အခဲရှိတယ်၊ သက်ဆိုင်ရာ ကွာရန်တင်းစင်တာ ကြီးအမှုးတွေကလည်း ဆောင်ရွက်ပေးဖို့ကသူတို့လည်း နည်းနည်းလန့်နေတဲ့အနေအထားမှာရှိတယ်၊ ကွာရန်တင်းစင်တာကို ကြိုတင်မဲရယူဆက်သွယ်ဆောင်ရွက််တဲ့နေရာမှာ ပုံမှန်လုပ်ငန်းစဉ်အ တိုင်းမဟုတ်ပဲ ကိုဗစ်ကာကွယ််ရေးလုပ်ငန်းစဉ်တွေကုုိ ထပ်ပြီးတော့လုပ်ဆောင်ရတဲ့အတွက် အဲ့ဒီအပိုင်းမှာဝန်ထုပ်ဝန်ပိုး ကပိုပြီးတော့များသွားတာပေါ့” ဟု ပြောသည်။
နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန် အောက်တိုဘာလ ၂၅ ရက်နေ့ကစ၍ ကွာရန်တင်း(အသွားအလာကန့်သတ်ထားသူ)ဝင်ရောက်နေသူများအားလုံးကြိုတင်ဆန္ဒမဲပေးနိုင်ရေးကို သက်ဆိုင်ရာ ရပ်ကျေး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်နှင့် ကွာရန်တင်းစင်တာရှိတာဝန်ရှိပုဂ္ဂိုလ်တို့မှ ဆောင်ရွက်သွားကြ မည်ဖြစ်သည်။
“ ဒီလ ၂၅ ရက်နေ့ကနေ ဝင်တဲ့သူတွေကို စပြီးတော့ ကျွန်တော်တို့ ကြိုတင်မဲဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ကွာရန်တင်းဝင်တဲ့ကာလက ၁၄ ရက်ဆိုတော့ ဒီလ ၂၅ ရက်နေ့မှာ ကွာရန်တင်းထပ်ဝင်တဲ့သူက ရွေးကောက်ပွဲနေ့ကို မှီတော့မှာမဟုတ်တဲ့အတွက် ၂၅ ရက််နေ့နောက်ပိုင်းဝင်တဲ့သူအားလုံးကို ကျွန်တော်တို့ သူရဲ့သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်တွေ နဲ့ချိတ်ဆက်ခိုင်းပြီးတော့ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်” ဟု ဦးထောင်းဇဆန်းကပြောသည်။
ကိုဗစ်-၁၉ ရောဂါမှကာကွယ်နိုင်ရန်နှင့် ကူးစက်နိုင်ခြေအနည်းဆုံးဖြစ်စေရန်အတွက် အသက် ၆၀ အထက် မဲဆန္ဒရှင်ပြည်သူများသည်လည်း အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ပေးသွွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားသည်။
ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်းရေးမှူးဦးလင်းကျော်က “အသက် ၆၀ အထက််မဲဆန္ဒရှင်တွေ ဆန္ဒမဲကို ရုံးကိုလာပေးလို့ရတယ် ၊ မဲရုံတွေမှာလာပေးမယ်ဆိုရင်လည်းရတယ်၊ နောက်တခုက အိမ်မှာပဲရှိပြီး ကျန်းမာရေး အခြေအနေအရ ရပ်ကျေးကော်မရှင်ရုံးကိုလည်းမလာနိုင်ဘူး မဲရုံကိုလည်းမလာနို်င်ဘူး ဆိုရင်တော့ သတင်းပို့ တယ်ဆိုရင်ကျွန်တော်တို့ ရပ်ကျေးကော်မရှင်တွေက အိမ်တိုင်ရာရောက်သွားပြီးတော့ ကြိုတင်မဲပေးဖို့အတွက်ကို စီးစဉ်ပေးသွားဖြစ်ပါတယ်’’ ဟု ပြောသည်။
ထို့အပြင် အလုပ်ကိစ္စကြောင့်ဖြစ်စေ၊ လမ်းပန်းဆက်သွယ်ရေးကြောင့် မိမိနေရပ်သို့မပြန်နိုင်ကြသည့်ပြည်သူများအတွက် လည်း မဲပေးခွင့်မဆုံးရှုံးစေရန် ပုံစံ ၁၅ ဖြင့် လျှောက်ထားက မိမိရောက်ရှိရာအရပ်ဒေသမှမဲပေးနိုင်မည်ဖြစ်သည်ဟု ဦးလင်းကျော်ကဆက်ပြောသည်။
ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အောက်တိုဘာလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်မြို့နယ်အသီးသီးတွင် အသွားအလာကန့်သတ်ထားရှိသူ (Facility Quarantine) ၃၀၃ ဦးရှိပြီး Home Quarantine ၁၃၆ ဦးရှိသည်ဟုသိရသည်။
လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၃၂၆၉၈ ဦးရှိသည်ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှသိရသည်။
#Zawgyi
ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကွာရန်တင်းဝင်ရောက်နေကြသည့် ပြည်သူများအနေဖြင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးလုပ်ငန်းစဉ်ဆောင်ရွက်မှုအပိုင်းတွင် အခက်အခဲတစ်ချို့ရှိနေသည် ဟု သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှသိရသည်။
ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထောင်ဇဆန်းက “သူတို့အနေနဲ့ ပုံစံ ၁၅ ကိုလျှောက်ထား တဲ့နေရာမှာ ကွာရန်တင်းဝင်နေတဲ့ မဲဆန္ဒရှင်ကိုယ်တိုင်ကလက်မှတ်ထိုး ရတယ်၊အဲ့တာတွေကို ကြားထဲကနေပြီး မှဆောင်ရွက်ပေးတာ နည်းနည်းအခက်အခဲရှိတယ်၊ သက်ဆိုင်ရာ ကွာရန်တင်းစင်တာ ကြီးအမှုးတွေကလည်း ဆောင်ရွက်ပေးဖို့ကသူတို့လည်း နည်းနည်းလန့်နေတဲ့အနေအထားမှာရှိတယ်၊ ကွာရန်တင်းစင်တာကို ကြိုတင်မဲရယူဆက်သွယ်ဆောင်ရွက်တဲ့နေရာမှာ ပုံမှန်လုပ်ငန်းစဉ်အ တိုင်းမဟုတ်ပဲ ကိုဗစ်ကာကွယ်ရေးလုပ်ငန်းစဉ်တွေကို ထပ်ပြီးတော့လုပ်ဆောင်ရတဲ့အတွက် အဲ့ဒီအပိုင်းမှာဝန်ထုပ်ဝန်ပိုး ကပိုပြီးတော့များသွားတာပေါ့” ဟု ပြောသည်။
ကိုဗစ်-၁၉ ရောဂါမှကာကွယ်နိုင်ရန်နှင့် ကူးစက်နိုင်ခြေအနည်းဆုံးဖြစ်စေရန်အတွက် အသက် ၆၀ အထက် မဲဆန္ဒရှင်ပြည်သူများသည်လည်း အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားသည်။ 
ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်းရေးမှူးဦးလင်းကျော်က “အသက် ၆၀ အထက်မဲဆန္ဒရှင်တွေ ဆန္ဒမဲကို ရုံးကိုလာပေးလို့ရတယ် ၊ မဲရုံတွေမှာလာပေးမယ်ဆိုရင်လည်းရတယ်၊ နောက်တခုက အိမ်မှာပဲရှိပြီး ကျန်းမာရေး အခြေအနေအရ ရပ်ကျေးကော်မရှင်ရုံးကိုလည်းမလာနိုင်ဘူး မဲရုံကိုလည်းမလာနိုင်ဘူး ဆိုရင်တော့ သတင်းပို့ တယ်ဆိုရင်ကျွန်တော်တို့ ရပ်ကျေးကော်မရှင်တွေက အိမ်တိုင်ရာရောက်သွားပြီးတော့ ကြိုတင်မဲပေးဖို့အတွက်ကို စီးစဉ်ပေးသွားဖြစ်ပါတယ်’’ ဟု ပြောသည်။ 
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website
Related Posts
ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ
ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ
သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်
Leave A Reply Cancel Reply
The reCAPTCHA verification period has expired. Please reload the page.
  • Featured Article
November 6, 2025
ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”
September 2, 2025
မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု
August 2, 2025
စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု
June 30, 2025
“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”
Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025
ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”
September 2, 2025
မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု
August 2, 2025
စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု
June 30, 2025
“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Type above and press Enter to search. Press Esc to cancel.