Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)/ ချင်းညီနောင်နှင့် ZORO အဖွဲ့တို့တွေ့ဆုံ

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)/ ချင်းညီနောင်နှင့် ZORO အဖွဲ့တို့တွေ့ဆုံ

0
By Editor on August 21, 2024 Headline

(005MK)

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) နှင့် ချင်းညီနောင်အဖွဲ့က ဦးဆောင်သူများကို Zo Reunification Organization (ZORO) အဖွဲ့က ယနေ့ဩဂုတ်လ ၂၁ ရက်နေ့တွင် ခေါ်ယူတွေ့ ဆုံခဲ့သည်ဟု သိရသည်။

အိုင်ဇောလ်မြို့ Treasury Square အနီး ZORO ရုံးချုပ်မှာ ယနေ့ဩဂုတ်လ ၂၁ ရက် နေ့လည် ၁၂ နာရီတွင် တွေ့ဆုံခဲ့ကြပြီး လက်ရှိချင်းပြည်အတွင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြားဖြစ်ပွားနေသော ပဋိပက္ခ အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု ZORO က ထုတ်ပြန်သည်။

ချင်းပြည်နယ်ထဲမှာ ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရအဖွဲ့ နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ ချင်းညီနောင်တပ်ဖွဲ့တို့အကြား သဘော ထားကွဲလွဲ မှုကြောင့် အပြန်အလှန်ပစ်ခတ်သည့်အထိဖြစ်ပွားခဲ့မှုအပေါ် ZORO အနေဖြင့် မလိုလားကြောင်း၊ မိမိတို့သည် ညီအကိုများဖြစ်ကြကာ အငြင်းပွားမှုများ ဖြစ်ပွားမနေသင့်ဘဲ စည်းလုံး ညီညွတ်စွာ အတူနေထိုင်ရမည့်သူများဖြစ်ကြသည်ဟု ZORO ကပြောသည်။

“ကျနော်တို့တွေဟာ ညီအကိုတွေဖြစ်တယ်၊ ပိုင်းခြားလို့မရဘူး၊ အချင်းချင်းတိုက်ပွဲလည်းဖြစ်လို့မရဘူးဆိုတဲ့အချက်မှာ လေးလေးနက်နက်နားလည်ထားဖို့လိုပါတယ်၊ ဆင်းသက်လာရာတူညီတဲ့ ညီအကိုတွေဖြစ်တဲ့အတွက် ဘုရားသခင်က လည်း တနေ့နေ့တချိန်ချိန်မှာ ပြန်လည်စုစည်းပေးမယ်လို့လည်း ယုံကြည်တယ်၊ ဒါကြောင့် ညီအကိုချင်းတိုက်ပွဲဖြစ်တာ မကောင်းဘူး သင့်မြတ်ကြဖို့လိုအပ်ပါတယ်၊ သင့်သင့်မြတ်မြတ်စည်းစည်းလုံးလုံးနဲ့ နေကြတာကိုပဲ ကျနော်တို့လိုချင်တယ်၊ ဒါမိမိတို့အဖွဲ့အစည်းရဲ့ ရပ်တည်ချက်လည်းဖြစ်တယ်၊ ဒါကြောင့် ငြိမ်းချမ်းရေးအတွက် ကြားဝင်ဆောင်ရွက်ပေး နေတာလည်းဖြစ်ပါတယ်” ဟု ZORO အတွင်းရေးမှူး Pu L. Ramdinliana Renthlei က ပြောသည်။

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီဦးဆောင်သူ ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးလျန်လွယ်ကလည်း ယခုကဲ့သို့ ZORO အနေဖြင့် ချင်းအရေးနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်မှုအပေါ် ဝမ်းသာကြိုဆိုကြောင်း မိမိတို့အချင်းချင်းကြား စည်းလုံးညီညွတ်မှုရှိလာစေရေးအတွက် ဆက်လက်ဆောင်ရွက်ပေးရန် ဖိတ်ခေါ်ကြောင်း ပြောဆိုခဲ့သည်ဟု ZORO က ထုတ်ပြန်သည်။

ချင်းညီနောင်အဖွဲ့မှ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဆလိုင်းတီမီက “ဒီကနေ့ မိမိတို့တွေ့ဆုံဆွေးနွေးမှုဟာ အစကနဦး ခြေလှမ်းဖြစ်ပါတယ်၊ ချင်းမျိုးနွယ်စုများအကြား စည်းလုံးညီညွတ်ရေးကို မိမိတို့လိုလားပါတယ်။ အဲဒီလိုစည်းလုံး ညီညွတ်မှုကိုလိုလားတဲ့အတွက်လည်း မိမိတို့ကိုတိုက်ခိုက်နေတဲ့သူ တွေကိုတောင် မိမိတို့ဘက်က ပြန်မတိုက်ခဲ့ပါဘူး၊ အချင်းချင်းကြားမှာ စည်းလုံးညီညွတ်မှုအမှန်တကယ် ရှိလာနိုင်ဖို့အတွက်ဆိုရင် မိမိတို့အဖွဲ့အစည်း ရာထူးတွေအားလုံးကို ဖျက်သိမ်းပြီး အစကနေ ပြန်စကြမယ်ဆိုလည်း မိမိတို့လိုလားပါတယ်” ဟု ပြောဆိုခဲ့ကြောင်း ZORO ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ZORO အနေဖြင့် ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရနှင့် ICNCC/ချင်းညီနောင်တပ်ဖွဲ့တို့အကြား ဖြစ်ပွားနေသော သဘောထား ကွဲလွဲမှုနှင့်ပတ်သက်၍ ပြေလည်မှု ရှိလာစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဆင်ပြေမည့် တရက်ရက်တွင် ငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်းဆွေးနွေးပွဲ ပြုလုပ်သွားမည်ဟု ဖော်ပြထားသည်။

ZORO အဖွဲ့သည် ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုစနစ်ကြောင့် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့် စသည့် ၃ နိုင်ငံတွင် ကွဲပြားနေထိုင်ခဲ့ကြရသော ချင်း-မီဇိုး-ကူကီးမျိုး နွယ်စုများ အုပ်ချုပ်မှုတစ်ခုအောက်တွင် ပြန်လည်စုစည်းနေထိုင်နိုင်ရေးအတွက် တောင်းဆိုလှုပ်ရှားနေသော မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.