Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»“ကြောက်စိတ်နဲ့ အိပ်တာ၊ နေတာထက် ဟိုဖက်ကမ်းမှာ လုံလုံခြုံခြုံနဲ့ နေတာ ပိုအဆင်ပြေတယ်”

“ကြောက်စိတ်နဲ့ အိပ်တာ၊ နေတာထက် ဟိုဖက်ကမ်းမှာ လုံလုံခြုံခြုံနဲ့ နေတာ ပိုအဆင်ပြေတယ်”

0
By Editor on January 31, 2022 Headline

ရိခေါဒါရ်မြို့အနီးတိုက်ပွဲနှင့်ပတ်သက်၍ အုပ်ချုပ်ရေးမှူးတစ်ဦးနှင့်ဆက်သွယ်မေးမြန်းချက်

အိန္ဒိယ-မြန်မာနယ်စပ်အမှတ် (၂) ကုန်သွယ်ရေးစခန်းတည်ရှိရာ ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့တွင် ဇန်နဝါရီလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်နှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားမှုကြောင့် ဒေသခံအများစုသည် တဖက် မီဇိုရမ်ပြည်နယ်သို့ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ရိခေါဒါရ်မြို့သည် အမှတ် ၁ နှင့် အမှတ် ၂ ရပ်ကွက် ၂ ခုရှိပြီး တိုက်ပွဲဖြစ်ပွားသည့်နေရာသည် အမှတ် ၂ ရပ်ကွက်အနီးတွင် ဖြစ်ပွားခဲ့သည့်အတွက် အမှတ် ၂ ရပ်ကွက်မှ ပြည်သူအားလုံးနီးပါးသည် မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်ကို ဆက်သွယ်မေးမြန်းထားသည်။

မေး- ရိခေါဒါရ်ဘက်ကဒေသခံတွေ မနေ့က တရွာလုံးနီးပါးထွက်ပြေးကြတယ်လို့သိရပါတယ်။ ဘာကြောင့် ခုလိုထွက်ပြေးကြရတာလဲ။

ဖြေ- မနေ့က ကျွန်တော်တို့ ရိခေါဒါရ်အမှတ် ၂ ရပ်ကွက် နယ်စပ်နဲ့ထိစပ်တဲ့ရပ်ကွက်ပေါ့နော် အပေါ်ဖက်မှာ ပစ်ခတ်တာ ကြားလို့ ဟိုဖက်ကမ်းမှာ ဇိုခေါထာရ်ဘက်ကို ထွက်ပြေးကြတယ်။ ဒီနေ့တော့ အခြေအနေငြိမ်သွားပြီဆိုတော့ တဝက်လောက်ကတော့ ပြန်လာကြပြီ၊ ကလေးရှိတဲ့လူနဲ့ အဖိုးကြီး၊ အဖွားကြီးရှိတဲ့လူပဲ ဟိုဖက်ကမ်းမှာနေသေး တယ်။

မေး- မနေ့က တိုက်ပွဲက ဘယ်နားမှာဖြစ်လဲ၊ ဘယ်သူတွေနဲ့ ဘယ်သူတွေဖြစ်ကြလဲ။

ဖြေ- သူတို့ပြောတာကတော့ စစ်တပ်က CDF ကို ပစ်တယ်လို့ပဲပြောကြတာပဲ။ အမှတ် ၂ ရပ်ကွက်ကနေ ၁ မိုင်လောက်ပဲ ဝေးမှာ။ မြို့ထဲမှာ ကျည်ဆံကျတာတို့ ပစ်တာခတ်တာတို့မရှိဘူး အသံကြားတာနဲ့ ပြေးကြတာပဲ။

မေး- ရိခေါဒါရ်မြို့က အမှတ် ၂ ရပ်ကွက်မှာ အိမ်ခြေလူဦးရေ ဘယ်လောက်လောက်ရှိလဲ။

ဖြေ- အိမ်ခြေက ၁ထောင်ရှိတယ်။ လူဦးရေက ၄ ထောင်ကျော်ကျော်ရှိတယ်။

မေး- ဒေသခံတွေ အားလုံးနီးပါးက ထွက်ပြေးတိမ်းရှောင်နေကြတာလား။

ဖြေ- ၃ ပုံ ၂ ပုံလောက်ပြေးသွားမှာပေါ့။ နည်းနည်းအိမ်ခိုင်မာတဲ့၊ အိမ်ကောင်းရှိတဲ့သူတွေကတော့ မပြေးကြ ဘူးလေ။ တခြားလူတော့ပြန်လာ ကြပြီ။ အဖိုးကြီးအဖွားကြီး၊ ကျန်းမာရေးမကောင်းတဲ့သူတွေက ပြန်မလာ သေးဘူး။

မေး- ဒီလိုထွက်ပြေးကြတော့ တဖက် မီဇိုရမ်ဘက်မှာ ဘယ်လိုနေထိုင်ကြရလဲ။ နေရေးထိုင်ရေး အစားအ သောက်ပိုင်းမှာကော် ဘယ်လိုရှိလဲ။

ဖြေ- မနေ့ညကတော့ အမျိုးတွေ၊ သူငယ်ချင်းတွေစီမှာ တည်းတဲ့သူများတယ်။ အမှတ် ၂ နဲ့ ဇိုခေါထာရ်ရွာက နယ်စပ်ချင်းထိစပ်တယ်ဆိုတော့ တရပ်ကွက်လိုနေကြတာကိုး၊ ဟိုဖက်ကမ်းမှာလည်း ကျွန်တော်တို့ ချင်းပြည်နယ်သား တွေ အများကြီးဆိုတော့ အမျိုးတွေဆီမှာ၊ သူငယ်ချင်းတို့စီမှာ သွားအိပ်ကြတယ်၊ သွားစားကြတယ်။

မေး- မီဇိုရမ်ဘက်ကကော် ဘယ်လိုကူညီဆောင်ရွက်ပေးတာမျိုးရှိလဲ။

ဖြေ- အစိုးရဖက်က ဆောင်ရွက်ပေးတာတော့ မရှိဘူး။ ဒါပေမယ့် မီဇိုးလူငယ်တွေက လုံးဝတည်းစရာမရှိတဲ့၊ နေစရာမရှိတဲ့သူတော့ ထမင်းချက်ပေးတယ်။ ပြီးတော့ ဒုက္ခသည် စခန်းရှိတယ်အဲ့မှာသွားပြီးတော့ အရင်ရောက်တဲ့ ဒုက္ခသည်တွေက ထမင်းချက်ပေးတယ်။ မနေ့ညက အဲ့လိုလုပ်တယ်။

မေး- ရိခေါဒါရ်က နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာမြို့လည်းဖြစ်တော့ ကုန်သွယ်ရေးအခြေအနေကော် အကုန်ရပ်တန့်သွားပြီလား။

ဖြေ- အခုတော့ ကုန်သွယ်ရေးက ရပ်တာနည်းနည်းကြာပြီ။ ဘာဖြစ်လို့လဲဆိုတော့ သိုင်းငင်းဖက်မှာ တိုက်ပွဲရှိ တယ်ဆိုတော့ ကားမလာတော့ဘူးလေ။ ပြီးတော့ မီဇိုရမ်မှာ ကွမ်းသီးကိစ္စ သူတို့ပြဿနာဖြစ်တယ် ဆိုတော့ ကုန်သွယ်ရေးတော့ ရပ်သလိုဖြစ်တယ်။ တီးတိန်ဖက်ကနေ တွန်းဇံဖက်ကနေ နည်းနည်းပါးပါး တော့ သွားကြတယ်။ သိုင်းငင်းဖက်ကတော့ လုံးဝသွားလို့မရသေးဘူး။

မေး- အဲဒီဘက်မှာ စစ်သားတွေလည်း အင်အားဖြည့်တင်းလာတယ်လို့သိရပါတယ်။ ရှေ့လျှောက် တိုက်ပွဲဖြစ်လာမယ့် အခြေအနေမျိုးရှိလား။ တကယ်ဖြစ်လာရင် ဘယ်လိုလုပ်ကြမလဲ။

ဖြေ- တပ်အင်အားဖြည့်တယ်ဆိုတာ ပြောတော့ ပြောကြတယ်။ ဒါပေမယ့် တကယ့်အသေးအစိတ်သိတဲ့သူ တော့ရှိ မယ်မထင်ဘူး။ မနေ့က တိုက်ပွဲစပြီဆိုတော့ ကျွန်တော်တို့ စိုးရိမ်တဲ့အခြေအနေမှာရှိနေတယ်။ တိုက်ပွဲတွေ ပြင်းထန်မ ယ်ဆိုရင် ဟိုဖက်ကမ်းမှာ ပြေးကြမှာ ပေါ့ သေချာတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ တစ်ရပ်ကွက်လိုပဲ ဟိုဖက်ဒီဖက်နေတယ်ဆိုတော့ ဒီမှာ ကြောက်စိတ်နဲ့ အိပ်တာ၊ နေတာထက် ဟိုဖက်ကမ်းမှာ လုံလုံခြုံခြုံနဲ့ နေတာပိုအဆင်ပြေတယ်၊ ဟို ဖက်ကလည်း တခါးလည်းဖွင့်ပေးတယ်။ မတားဘူးပေါ့နော လွတ်လွတ်လပ်လပ်သွား တယ်ဆိုတော့ ဟိုဖက် ကမ်းမှာနေချင်တာပေါ့။

မေး- တခြားဘာများဖြည့်စွက် ပြောချင်တာရှိလဲ။

ဖြေ- တခြားတော့ ပြောစရာတော့မရှိတော့ဘူး။ တိုက်ပွဲဆိုတာ ကျွန်တော်တို့လည်း သေချာပြောလို့မရတော့။ ဒါတော့ ဘုရားသခင်လက်ထဲပဲအပ်လိုက်တော့မှာပဲ။

Zawgyi

“ ေၾကာက္စိတ္နဲ႔ အိပ္တာ၊ ေနတာထက္ ဟုိဖက္ကမ္းမွာ လုံလုံျခဳံျခဳံနဲ႔ ေနတာ ပိုအဆင္ေျပတယ္”

ရိေခါဒါရ္ၿမိဳ႕အနီးတိုက္ပြဲႏွင့္ပတ္သက္၍ အုပ္ခ်ဳပ္ေရးမွဴးတစ္ဦးႏွင့္ဆက္သြယ္ေမးျမန္းခ်က္

အိႏိၵယ-ျမန္မာနယ္စပ္အမွတ္ (၂) ကုန္သြယ္ေရးစခန္းတည္ရွိရာ ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕နယ္ ရိေခါဒါရ္ၿမိဳ႕တြင္ ဇန္နဝါရီလ ၂၉ ရက္ေန႔က စစ္ေကာင္စီတပ္ႏွင့္ ခ်င္းျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔တို႔ ပစ္ခတ္မႈျဖစ္ပြားမႈေၾကာင့္ ေဒသခံအမ်ားစုသည္ တဖက္ မီဇိုရမ္ျပည္နယ္သို႔ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္။

ရိေခါဒါရ္ၿမိဳ႕သည္ အမွတ္ ၁ ႏွင့္ အမွတ္ ၂ ရပ္ကြက္ ၂ ခုရွိၿပီး တိုက္ပြဲျဖစ္ပြားသည့္ေနရာသည္ အမွတ္ ၂ ရပ္ကြက္ အနီးတြင္ ျဖစ္ပြားခဲ့သည့္အတြက္ အမွတ္ ၂ ရပ္ကြက္မွ ျပည္သူအားလံုးနီးပါးသည္ မီဇိုရမ္ျပည္နယ္ ဇိုေခါထာရ္ေက်းရြာ ဘက္သို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကရျခင္းျဖစ္သည္။ ယင္းကိစၥႏွင့္ပတ္သက္၍ အမွတ္ ၂ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးေဒးဗစ္ကို ဆက္သြယ္ေမးျမန္းထားသည္။

ေမး- ရိေခါဒါရ္ဘက္ကေဒသခံေတြ မေန႔က တရြာလုံးနီးပါးထြက္ေျပးၾကတယ္လုိ႔သိရပါတယ္။ ဘာေၾကာင့္ ခုလုိထြက္ေျပးၾကရတာလဲ။

ေျဖ- မေန႔က ကြ်န္ေတာ္တုိ႔ ရိေခါဒါရ္အမွတ္ ၂ ရပ္ကြက္ နယ္စပ္နဲ႔ထိစပ္တဲ့ရပ္ကြက္ေပါ့ေနာ္ အေပၚဖက္မွာ ပစ္ခတ္တာ ၾကားလုိ႔ ဟုိဖက္ကမ္းမွာ ဇုိေခါထာရ္ဘက္ကို ထြက္ေျပးၾကတယ္။ ဒီေန႔ေတာ့ အေျခအေနျငိမ္သြားျပီဆုိေတာ့ တဝက္ေလာက္ကေတာ့ ျပန္လာၾကျပီ၊ ကေလးရွိတဲ့လူနဲ႔ အဖုိးၾကီး၊ အဖြားၾကီးရွိတဲ့လူပဲ ဟုိဖက္ကမ္းမွာေနေသး တယ္။

ေမး- မေန႔က တုိက္ပြဲက ဘယ္နားမွာျဖစ္လဲ၊ ဘယ္သူေတြနဲ႔ ဘယ္သူေတြျဖစ္ၾကလဲ။

ေျဖ- သူတုိ႔ေျပာတာကေတာ့ စစ္တပ္က CDF ကုိ ပစ္တယ္လုိ႔ပဲေျပာၾကတာပဲ။ အမွတ္ ၂ ရပ္ကြက္ကေန ၁ မုိင္ေလာက္ပဲ ေဝးမွာ။ ျမိဳ႕ထဲမွာ က်ည္ဆံက်တာတုိ႔ ပစ္တာခတ္တာတုိ႔မရွိဘူး အသံၾကားတာနဲ႔ ေျပးၾကတာပဲ။

ေမး- ရိေခါဒါရ္ျမိဳ႕က အမွတ္ ၂ ရပ္ကြက္မွာ အိမ္ေျခလူဦးေရ ဘယ္ေလာက္ေလာက္ရွိလဲ။

ေျဖ- အိမ္ေျခက ၁ေထာင္ရွိတယ္။ လူဦးေရက ၄ေထာင္ေက်ာ္ေက်ာ္ရွိတယ္။

ေမး- ေဒသခံေတြ အားလုံးနီးပါးက ထြက္ေျပးတိမ္းေရွာင္ေနၾကတာလား။

ေျဖ- ၃ ပုံ ၂ ပုံေလာက္ေျပးသြားမွာေပါ့။ နည္းနည္းအိမ္ခုိင္မာတဲ့၊ အိမ္ေကာင္းရွိတဲ့သူေတြကေတာ့ မေျပးၾက ဘူးေလ။ တျခားလူေတာ့ျပန္လာ ၾကျပီ။ အဖိုးၾကီးအဖြားၾကီး၊ က်န္းမာေရးမေကာင္းတဲ့သူေတြက ျပန္မလာ ေသးဘူး။

ေမး- ဒီလုိထြက္ေျပးၾကေတာ့ တဖက္ မီဇုိရမ္ဘက္မွာ ဘယ္လုိေနထိုင္ၾကရလဲ။ ေနေရးထုိင္ေရး အစားအ ေသာက္ပုိင္းမွာေကာ္ ဘယ္လုိရွိလဲ။

ေျဖ- မေန႔ညကေတာ့ အမ်ဳိးေတြ၊ သူငယ္ခ်င္းေတြစီမွာ တည္းတဲ့သူမ်ားတယ္။ အမွတ္ ၂ နဲ႔ ဇိုေခါထာရ္ရြာက နယ္စပ္ခ်င္းထိစပ္တယ္ဆုိေတာ့ တရပ္ကြက္လုိေနၾကတာကုိး၊ ဟုိဖက္ကမ္းမွာလည္း ကြ်န္ေတာ္တုိ႔ ခ်င္းျပည္နယ္သား ေတြ အမ်ားၾကီးဆုိေတာ့ အမ်ိဳးေတြဆီမွာ၊ သူငယ္ခ်င္းတုိ႔စီမွာ သြားအိပ္ၾကတယ္၊ သြားစားၾကတယ္။

ေမး- မီဇုိရမ္ဘက္ကေကာ္ ဘယ္လုိကူညီေဆာင္ရြက္ေပးတာမ်ဳိးရွိလဲ။

ေျဖ- အစုိးရဖက္က ေဆာင္ရြက္ေပးတာေတာ့ မရွိဘူး။ ဒါေပမယ့္ မီဇိုးလူငယ္ေတြက လုံးဝတည္းစရာမရွိတဲ့၊ ေနစရာမရွိတဲ့သူေတာ့ ထမင္းခ်က္ေပးတယ္။ ျပီးေတာ့ ဒုကၡသည္ စခန္းရွိတယ္အဲ့မွာသြားျပီးေတာ့ အရင္ေရာက္တဲ့ ဒုကၡသည္ေတြက ထမင္းခ်က္ေပးတယ္။ မေန႔ညက အဲ့လုိလုပ္တယ္။

ေမး- ရိေခါဒါရ္က နယ္စပ္ကုန္သြယ္ေရးစခန္းတည္ရွိရာျမိဳ႕လည္းျဖစ္ေတာ့ ကုန္သြယ္ေရးအေျခအေနေကာ္ အကုန္ရပ္တန္႔သြားျပီလား။

ေျဖ- အခုေတာ့ ကုန္သြယ္ေရးက ရပ္တာနည္းနည္းၾကာျပီ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သုိင္းငင္းဖက္မွာ တုိက္ပြဲရွိ တယ္ဆုိေတာ့ ကားမလာေတာ့ဘူးေလ။ ျပီးေတာ့ မီဇုိရမ္မွာ ကြမ္းသီးကိစၥ သူတို႔ျပႆနာျဖစ္တယ္ ဆုိေတာ့ ကုန္သြယ္ေရးေတာ့ ရပ္သလုိျဖစ္တယ္။ တီးတိန္ဖက္ကေန တြန္းဇံဖက္ကေန နည္းနည္းပါးပါး ေတာ့ သြားၾကတယ္။ သုိင္းငင္းဖက္ကေတာ့ လုံးဝသြားလုိ႔မရေသးဘူး။

ေမး- အဲဒီဘက္မွာ စစ္သားေတြလည္း အင္အားျဖည့္တင္းလာတယ္လုိ႔သိရပါတယ္။ ေရွ႕ေလွ်ာက္ တုိက္ပြဲျဖစ္လာမယ့္ အေျခအေနမ်ဳိးရွိလား။ တကယ္ျဖစ္လာရင္ ဘယ္လုိလုပ္ၾကမလဲ။

ေျဖ- တပ္အင္အားျဖည့္တယ္ဆုိတာ ေျပာေတာ့ ေျပာၾကတယ္။ ဒါေပမယ့္ တကယ့္အေသးအစိတ္သိတဲ့သူ ေတာ့ရွိ မယ္မထင္ဘူး။ မေန႔က တုိက္ပြဲစျပီဆုိေတာ့ ကြ်န္ေတာ္တုိ႔ စိုးရိမ္တဲ့အေျခအေနမွာရွိေနတယ္။ တုိက္ပြဲေတြ ျပင္းထန္မ ယ္ဆုိရင္ ဟုိဖက္ကမ္းမွာ ေျပးၾကမွာ ေပါ့ ေသခ်ာတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ကြ်န္ေတာ္တုိ႔ တစ္ရပ္ကြက္လုိပဲ ဟုိဖက္ဒီဖက္ေနတယ္ဆုိေတာ့ ဒီမွာ ေၾကာက္စိတ္နဲ႔ အိပ္တာ၊ ေနတာထက္ ဟုိဖက္ကမ္းမွာ လုံလုံျခဳံျခဳံနဲ႔ ေနတာပိုအဆင္ေျပတယ္၊ ဟုိ ဖက္ကလည္း တခါးလည္းဖြင့္ေပးတယ္။ မတားဘူးေပါ့ေနာ လြတ္လြတ္လပ္လပ္သြား တယ္ဆုိေတာ့ ဟုိဖက္ ကမ္းမွာေနခ်င္တာေပါ့။

ေမး- တျခားဘာမ်ားျဖည့္စြပ္ ေျပာခ်င္တာရွိလဲ။

ေျဖ- တျခားေတာ့ ေျပာစရာေတာ့မရွိေတာ့ဘူး။ တုိက္ပြဲဆုိတာ ကြ်န္ေတာ္တုိ႔လည္း ေသခ်ာေျပာလုိ႔မရေတာ့။ ဒါေတာ့ ဘုရားသခင္လက္ထဲပဲအပ္လုိက္ေတာ့မွာပဲ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.