Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ခမ်းပတ်မြို့ကို ပြန်လည်သိမ်းပိုက်ရန် စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆောင်ရွက်လာဖွယ်ရှိ

ခမ်းပတ်မြို့ကို ပြန်လည်သိမ်းပိုက်ရန် စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆောင်ရွက်လာဖွယ်ရှိ

0
By Editor on December 5, 2023 Headline

(002MG)

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့ကို စစ်ကောင်စီတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ကြောင်းထိုးလာမူများရှိနေပြီး ကာကွယ်ရေးပူးပေါင်းတပ်ဘက်ကလည်း အသင့်အနေအထားမှာ ရှိနေကြသည်ဟု သိရသည်။

အင်အား ၂၀၀ ၀န်းကျင်ရှိမည့်ဟု ခန့်မှန်းရသော စစ်ကောင်စီတပ်ဖွဲ့သည် ခမ်းပတ်မြို့ဘက်သို့ ဦးတည်ချီတက်လာကြပြီး ယမန်နေ့က စောဘွားရေရှင်ကျေးရွာအရှေ့၊ လက်ဆေးကန်ဘက်တွင် ရောက်ရှိလာကြပြီဟုသိရပြီး နှစ်ဘက် စောင့်ကြည့်အနေအထားဖြင့် အချိန်မရွေး ထိတွေ့တိုက်ပွဲဖြစ်လာနိုင်သည်ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO- Upper Chindwin Region တပ်မဟာ ၄၊ တပ်မဟာမှူးကပြောသည်။

“ခမ်းပတ်မြို့နဲ့လည်း သိပ်ပြီးနီးတာမဟုတ်ဘူး ခပ်လှမ်းလှမ်းမှာပဲရှိသေးတယ် ရွာလူတွေလည်း သိပ်ပြီးတော့ တောထဲမသွားဖို့လည်း တားထားတယ် အကုန်လုံး၊ မြို့ထဲမဝင်နိုင်အောင်တော့ ကာဖို့တော့ အစီအစဥ်ရှိတယ်၊ သူတို့ မြို့နားကပ်ရင်တော့ ဘယ်ချိန်မဆို တိုက်ပွဲဖြစ်နိုင်တဲ့အချိန်မှာတော့ရှိတယ်” ဟု CNO UCR က တပ်မဟာမူးက ပြောသည်။

ကလေး-တမူးကားလမ်းမပေါ်တွင်တည်ရှိသော ခမ်းပတ်မြို့ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက နိုဝင်ဘာလ (၇) ရက်က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အဓိကအရေးပါသော ကလေး-တမူး ကားလမ်းမပေါ်တွင်တည်ရှိသော ခမ်းပတ်မြို့သည် စစ်ရး စီးပွာရေးအရ အချက်အချာကျသော မြို့ဖြစ်သောကြောင့် စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာခြင်းဖြစ်နိုင်သည်ဟု သိရသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့များ ခမ်းပတ်မြို့ဘက်သို့ စစ်ကြောင်းထိုးလာသည့်သတင်းကြောင့် ခမ်းပတ်မြို့ပေါ်ရပ်ကွက်တချို့နှင့် ကလေး-တမူးလမ်းမပေါ်တွင်ရှိသည့် နန်းခေါက်ခေါက်ကျေးရွာမှ ပြည်သူများသည်လည်း စစ်ဘေးတိမ်းရှောင်လာကြသူများလည်းရှိသည်ဟု ခမ်းပတ်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အခုကအဲ့သတင်းကြောင့် ဟိုပြေးဒီပြေးဖြစ်နေကြတာ၊ အမှတ် (၁) ရပ်ကွက်က ၂၊ ၃ ဘက်ကိုပြေးကြတယ်၊ တချို့ကတော့ တောင်နဲ့နီးတဲ့ အမျိုးတွေစီ ညမှာသွားအိပ်တယ်၊ မနက်ကြရင်အိမ်ပြန်လာတယ်” ဟု ခမ်းပတ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ခမ်းပတ်မြို့တွင် ရပ်ကွက်ကြီး  (၅) ခုရှိပြီး လူဦးရေ (၅၀၀၀) နီးပါးရှိကာ ချင်းလူမျိုးအများစုနေထိုင်သည့် မြို့ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.