Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ခမ်းပတ်မြို့အရှေ့ဘက်မှာ ကင်းစောင့်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ၄ ဦးသတ်ဖြတ်

ခမ်းပတ်မြို့အရှေ့ဘက်မှာ ကင်းစောင့်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ၄ ဦးသတ်ဖြတ်

0
By Editor on December 7, 2023 Headline

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း တမူးခရိုင် ခမ်းပတ်မြို့အရှေ့ဘက်တွင် ကင်းစောင့်နေသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၀င် ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပြီး ၄ ဦး သတ်ဖြတ်ခံရသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် တည်ရှိသော ခမ်းပတ်မြို့ကို ပြန်လည်သိမ်းပိုက်ရန်အတွက် စစ်ကောင်စီတပ်ဖွဲ့က အင်အား ၂၀၀ ၀◌န်းကျင်ဖြင့် ကလေးမြို့ဘက်မှ ဒီဇင်ဘာလဆန်းက စစ်ကြောင်းထိုး ချီတက်လာပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း မြို့ကိုကာကွယ်ရန် မြို့ပြင်တွင် အစောင့်များချထားခဲ့ကြသည်။

ဒီဇင်ဘာလ ၅ ရက် ညသန်းခေါင်ယံအချိန်တွင် ခမ်းပတ်မြို့အရှေ့ဘက်တွင် ကင်းစောင့်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၇ ယောက်ကို စစ်ကောင်စီတပ်က အလစ်ငိုက် ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းရင်းမြစ် Zofa Journal က ဖော်ပြသည်။

ထို့နောက် အဆိုပါ ၇ ဦးထဲမှ ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဓားဖြင့်လည်လှီးသတ်ဖြတ်ခဲ့ပြီး ၂ ဦးမှာ ပြင်းထန်ဒဏ်ရာများဖြင့် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြန်လည်တွေ့ရှိခဲ့ကြသည်ဟု သိရသည်။

ကျန်တစ်ဦးမှာ ယနေ့ချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။

သတ်ဖြတ်ခံရသူ ၄ ဦးမှာ CDF-Tonzang တပ်ရင်း ၂ က ရဲဘော် ၂ ဦး၊ RCDF တပ်ဖွဲ့ကတစ်ဦး နှင့် ပကဖအဖွဲ့ထဲကတစ်ဦးတို့ဖြစ်ကြသည်ဟု Zofa Journal က ဆိုသည်။

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေး ကလေး-တမူး ကားလမ်းမပေါ်မှာတည်ရှိသော ခမ်းပတ်မြို့ကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များက နို၀င်ဘာလ ၇ ရက်နေ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့က ခမ်းပတ်မြို့အား ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် ကလေးမြို့ဘက်မှာ အင်အား ၂၀၀ ၀န်းကျင်ဖြင့် စစ်ကြောင်းထိုးချီတက်လာခြင်းဖြစ်ပြီး ခမ်းပတ်မြို့သို့ မရောက်သေးသော်လည်း ခမ်းပတ်မြို့နှင့် တဖြည်းဖြည်းနီးကပ်လာပြီ ဟု သိရသည်။

ထို့ကြောင့် ခမ်းပတ်မြို့က ပြည်သူများသည်လည်း မြို့လုံးကျွတ်နီးပါး ဘေးလွတ်ရာဒေသကို တဖန်ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.