(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် ထိစပ်နေသော ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် မိုးဆက်တိုက် သည်းထန် ရွာသွန်း၍ချောင်းရေများ လျှံတက်လာသောကြောင့် Maranatha (AG) ဘုရားကျောင်း ရေထဲပြိုကျမျောပါသွား သည်ဟု သိရသည်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ခိုင်ကမ်းမြို့အနီး ကွဲချောင်းရေမြင့်တက်လာကာ ကမ်းပါးတိုက်စားခြင်းနှင့် ရေလျှံတက် ခြင်းတို့ ကြောင့် Maranatha (AG) ခရစ်ယာန်ဘုရား ရှိခိုးကျောင်း အပါအဝင် လူနေအိမ်တစ်လုံးမှာ ပစ္စည်းများ ရွှေ့ပြောင်းချိန်မရဘဲ ရေစီးနှင့်အတူ မျောပါပျက်စီးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
၎င်းအပြင် ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်နေထိုင်သည့် အမျိုးသမီးသည် ချောင်းရေတက်သည်ကို သွားကြည့် အချိန်တွင် ၎င်းအမျိုးသမီးရပ်ကြည့်သည့် တံတားကျိုးပဲ့သွားသောကြောင့် ရေထဲမျောပါသွား သည်ဟု သိရပြီး လက်ရှိအချိန်အထိ ရှာမတွေ့သေးကြောင်း သိရသည်။
လက်ရှိအချိန်တွင်လည်း မိုးဆက်ရွာသွန်းနေဆဲဖြစ်သည့်အပြင် ချောင်းရေ ထပ်မံမြင့်တက်လာနိုင်သော ကြောင့် မြေအနိမ့်ပိုင်းတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံသည့် နေရာများသို့ အရေးပေါ်ပြောင်း ရွှေ့နေကြရကြောင်း သိရသည်။
ကလေးမြို့ဘက်တွင်လည်း ဥပုသ်ချောင်းရေမြင့်တက်လာပြီး လူနေရပ်ကွက်တချို့မှာ ရေလျှံမှုများဖြစ်ပေါ်နေ ကြောင်း သိရသည်။
ထို့အပြင် ကလေးမြို့နယ်တောင်ပိုင်း၊ ဇင်းကလင်းတံတားအောက်ခြေ ရေတိုက်စားသည့်အပြင် မြေပြိုမှုများရှိ နေသောကြောင့် ကလေးတောင်ပိုင်းလမ်းကြောင်း သွားလာအသုံးပြုခြင်းအား လတ်တလောတွင် ပိတ်ထားရကြောင်း သိရသည်။

