Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ခိုင်ကမ်းမြို့ ရဲစခန်းအနီးပြည်သူများ ဘေးလွတ်ရာသို့ရှောင်ကြရန် CDF CDM-Siyin တောင်းဆို

ခိုင်ကမ်းမြို့ ရဲစခန်းအနီးပြည်သူများ ဘေးလွတ်ရာသို့ရှောင်ကြရန် CDF CDM-Siyin တောင်းဆို

0
By Editor on January 22, 2024 Khonumthung

(004SS)

ချင်း-စစ်ကိုင်းနယ်စပ် ခိုင်ကမ်းမြို့ ကိုးမိုင် ရဲစခန်းအနီးတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် ဘေးကင်းရာသို့ ရှောင်ကြ ရန် CDF CDM-Siyin က ဇန်န၀◌ါရီလ ၂၁ ရက်က ကြေညာချက်ထုတ်ပြန်ပြီး သတိပေးတောင်းဆိုလိုက်သည်။

ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်း ပိုက်ခဲ့ပြီးနောက် ကျန်နေသေးသော ခိုင်ကမ်းမြို့ ကိုးမိုင်ရဲစခန်းကို မကြာခင်ချိန်အတွင်း သိမ်းပိုက်ထိန်းချုပ်တော့မည်ဖြစ် သောကြောင့် ရဲစခန်းအနီးရှိပြည်သူများ ဘေးလွတ်ရာသို့ ရှောင်တိမ်းကြရန် CDF CDM-Siyin က ထုပ်ပြန်ခြင်းဖြစ်သည်။

ခိုင်ကမ်းမြို့ဒေသခံအမျိုးသမီးတစ်ဦးက “ကျွန်မတို့လဲ ဘယ်လိုလုပ်ရမလဲမသိဘူး၊ အခုထိတော့ မရှောင်ကြသေးဘူး စဉ်းစားနေတုန်းပါ” ဟု ပြောသည်။

CDF CDM-Siyin က ထိုကဲ့သို့ ထုတ်ပြန်ခဲ့ပြီးနောက် ယနေ့တွင် စစ်ကောင်စီတပ်ဖွဲ့များသည် အင်အားအများအပြားဖြင့် ခိုင်ကမ်းမြို့ ကိုးမိုင်၊ လိုင်သာယာရပ်ကွက်အတွင်း စစ်ဆေးမေးမြန်း၊ ရှာဖွေခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

“ကျွန်မတို့ရပ်ကွက်ထဲ စစ်သားတွေ အများကြီးရောက်လာတယ်၊ သူတို့ ဘာတွေရှာတာလဲတော့ မသိဘူး၊ ကြည့်ရတာ လူရှာတာနဲ့တူတယ်။ ကျွန်မအမျိုးတို့အိမ်ဆို အိမ်ထဲထိဝင်ပြီးရှာတာ သူတို့လိုချင်တာမရှိတာနဲ့ ပြန်လှည့်သွားကြတယ်” ဟု လိုင်သာယာရပ်ကွက် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များသည် ကလေးမြို့အနောက်ဘက် ကြို့သုံးပင် ဗိုလ်ချုပ်လမ်းမပေါ်တွင် စစ်ကောင်စီတပ်သား အများအပြားရောက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.