Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ခူမီးကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသအဖြစ် ဆောင်ရွက်မည်ဟု ခူမီးအမျိုးသားပါတီ၏ပြောဆိုမှု ချင်းနိုင်ငံရေးပါတီများ လက်မခံ

ခူမီးကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသအဖြစ် ဆောင်ရွက်မည်ဟု ခူမီးအမျိုးသားပါတီ၏ပြောဆိုမှု ချင်းနိုင်ငံရေးပါတီများ လက်မခံ

0
By Editor on May 1, 2019 Headline

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ကို ခူမီးကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသရရှိရေးအတွက် နိုင်ငံရေးရည်မှန်းချက်ချမှတ်ပြီး ဆောင်ရွက်မည်ဟု ခူမီး (ခမီး) အမျိုးသားပါတီက ပြောဆိုမှုအပေါ် ချင်းနိုင်ငံရေးပါတီများက လက်မခံကြောင်း ပြောဆိုကြသည်။

ရခိုင်တောင်တန်းဒေသ(ပလက်ဝ)၏ နိုင်ငံရေးထွက်ပေါက်သည် “ခူမီးတိုင်းရင်းသားရေးရာဝန်ကြီး” ရရှိရေးနှင့် “ခူမီး ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ’’ ရရှိရေးမှ တပါးအခြားမရှိဟု ပြီးခဲ့သည့် မတ်လ (၃၀) ရက်နေ့က ထုတ်ပြန်သော ခူမီး(ခမီး)အမျိုးသားပါတီ(KNP)၏ သဘောထားကြေညာချက်အပေါ် ချင်းနိုင်ငံရေးပါတီခေါင်းဆောင်းများက ထိုကဲ့သို့ ပြောဆိုလိုက်ကြခြင်းဖြစ်သည်။

ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ(CNDP) အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က “ ဒါကတော့ တကယ်ဝမ်းနည်းစရာပါပဲ ချင်းဆိုတာ လူမျိုးတစ်မျိုးပဲရှိတယ် ချင်းပြည်နယ်မှာရှိတဲ့ မျိုးနွယ်စုတွေ မျိုးနွယ်တွေ အားလုံးက ချင်းလူမျိုးထဲမှာပဲရှိတယ် ရှမ်းပြည်နယ်ဟာလိုမျိုးနဲ့နှိုင်းယှဉ်လို့မရဘူး ရှမ်းပြည်နယ်မှာကျတော့ လူမျိုးပေါင်းစုံနေတယ် အဲဒါကြောင့် ရှမ်းပြည်နယ်မှာရှိတဲ့ အခြားလူမျိုးစုတွေက ကိုယ်ပိုင်အုပ်ချူပ်ခွင့်ဒေသတွေရတာ၊ ကျနော်တို့ချင်းပြည်နယ်နဲ့ ဘာမှမဆိုင်ဘူး ချင်းပြည်နယ်မှာကျတော့ ချင်းလူမျိုးပဲ အခြေခံပြီးတော့ဖွဲ့စည်းထားတယ် လူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းထား တဲ့ပြည်နယ်မဟုတ်ဘူး အဲဒါကြောင့် ခူမီးဖြစ်ဖြစ်၊ ဇိုမီးဖြစ်ဖြစ်၊ ချိုးဖြစ်ဖြစ်၊ လိုင်ဖြစ်ဖြစ်၊ ဖလမ်းဖြစ်ဖြစ်၊ ဟားခါးဖြစ်ဖြစ် ဒါမျိုးတွေလုပ်လို့မရဘူး လုပ်လည်းမလုပ်သင့်ဘူး ၊ ကျနော်တို့အနေနဲ့လည်းလုံးဝလက်ခံမှာမဟုတ်ဘူး” ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

ချင်းဒီမိုကရေစီအဖွဲ့ချူပ်(CLD) ပါတီအတွင်းရေးမှူး ဆလိုင်းအောင်လိန်းကလည်း ခူမီးအမျိုးသားပါတီရဲ့ မူဝါဒ၊ ရပ်တည်ချက်၊ လွတ်လပ်ခွင့်ကို ပြောစရာမရှိသော်လည်း ခူမီးကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသရရှိရေးကြိုးပမ်းလုပ် ဆောင်လုပ်ပါက ချင်းပါတီအနေနဲ့ ကန့်ကွက်သွားမည်ဟု ပြောသည်။


“ကျနော်တို့ကတော့ လက်မခံပါဘူး ကန့်ကွက်ပါတယ် ဘာဖြစ်လို့လဲဆိုလို့ရှိရင် ခူမီးဟာ ချင်းမျိုးနွယ်စုတစ်ခုဖြစ်တယ် ခူမီးက ကိုယ်ပိုင်အုပ်ချူပ်ခွင့်တောင်းမယ်ဆိုလို့ရှိရင် ချင်းထဲမှာ မျိုးနွယ်စုအများကြီးက ကိုယ်ပိုင်အုပ်ချူပ်ခွင့်တောင်းတော့မှာပေါ့ အဲဒါက အဓိပ္ပါယ်မရှိတဲ့ဟာပါ၊ ချင်းပါတီအနေနဲ့တော့ ကန့်ကွက်မှာပါ သူတို့ရလည်းရမှာမဟုတ်ပါဘူး” ဟု ဆလိုင်းအောင်လိန်းကပြောသည်။

ပလက်ဝမြို့နယ်သည် ချင်းတောင်တန်းဒေသတွင် ရှေးယခင်ကတည်းကပင် ပါဝင်ခြင်းမရှိဘဲ၊ ရခိုင်တောင်တန်း ဒေသအဖြစ်တည်ရှိခဲ့ပြီး ၁၉၄၈ ခုနှစ်မှသာ ပူးပေါင်းပါဝင်လာခြင်းဖြစ်သည်ဟု ခူမီးအမျိုးသားပါတီကဆိုသည်။

၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၁၆၁ အရ (၀.၁) ရာခိုင်နှုန်း (၅၁၄၅၀) နှင့် အထက်ရှိသော တိုင်ရင်းသားလူမျိုးတိုင်းသည် တိုင်းရင်းသားရေးရာဝန်ကြီးရရှိမည်ဖြစ်ကြောင်း မြို့နယ်ထွေ/အုပ် ဦးစီးဌာန၏ စာရင်းအရ ပလက်ဝမြို့နယ်တွင် ခူမီး (၆၀၀၀၀) ကျော်ရှိပြီး၊ ချင်းပြည်နယ်တွင် (၇၀၀၀၀) ခန့်ရှိရာ “ခူမီးတိုင်းရင်းသားရေးရာဝန်ကြီး” ရရှိနိုင်ပြီးသမိုင်းကြောင်း နှင့်နိုင်ငံရေးအရ ကိုယ်ပိုင်လွတ်လပ်သောနယ်မြေ၊ ကိုယ်ပိုင်နယ်နိမိတ်၊ ကိုယ်ပိုင်ဘာသာစကား၊ စာပေနှင့် ကိုယ်ပိုင်ယဉ်ကျေးမှုတို့ရှိသဖြင့် အခြေခံဥပဒေပုဒ်မ (၁၁) အရ “ခူမီးကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ” ရရှိနိုင်သည်ဟု ခူမီးအမျိုးသားပါတီ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ဆလိုင်းကျဲအိုဘိခ်ထောင်းက “ ခူမီးဆိုတာက ချင်းလူမျိုးထဲက လူမျိုးစုတစ်စုဖြစ်ပါတယ် လူမျိုးဆိုတဲ့(National) တစ်ခုအနေနဲ့ သီးသန့်ရပ်တည်တဲ့လူမျိုးမဟုတ်ဘူး ခူမီး၊ လိုင်၊ ဇိုမီး၊ ချိုး၊ ကူကီးဆိုတာတွေက ချင်းဆိုတဲ့ လူမျိုးအောက်မှာရှိတဲ့ မျိုးနွယ်စု (Tribe) တွေဖြစ်နေတယ် အဲဒါကြောင့် အခြေခံဥပဒေအရလည်း တောင်းဆိုခွင့်မရှိဘူး သီးခြားလူမျိုးတစ်မျိုး ဖြစ်မှသာလျင် တောင်းဆိုခွင့်ရှိရမယ် ချင်းလူမျိုးဖြစ်နေတဲ့အတွက်ကြောင့် ချင်းလူမျိုးရဲ့အောက်မှာ အင်္ဂါရပ်တစ်ခုတည်းမှာ အဲလိုလုပ်လို့မရဘူး’’ ဟု ပြောသည်။ ခူမီး(ခမီး)အမျိုးသားပါတီ ဥက္ကဌ ဦးကျော်ထွန်းကို ယခုကိစ္စနှင့်ပတ်သက်၍ အကြိမ်ကြိမ်ဖုန်းဆက်သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်းမရှိပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.