Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ခေါ်နူးစုမ်အမျိုးသားဉယျာဉ်နှင့် ထိန်းသိမ်းရေးတောများမှ သစ်တောထွက်ပစ္စည်းများ ရှာဖွေရောင်းဝယ်ရင် အရေးယူမည်

ခေါ်နူးစုမ်အမျိုးသားဉယျာဉ်နှင့် ထိန်းသိမ်းရေးတောများမှ သစ်တောထွက်ပစ္စည်းများ ရှာဖွေရောင်းဝယ်ရင် အရေးယူမည်

0
By Editor on October 24, 2023 Headline

(006SV)

ကန်ပက်လက်မြို့နယ်က ခေါ်နူမ်းစုမ်အမျိုးသားဥယျာဉ်အပါအဝင် ထိန်းသိမ်းရေးတောများမှ သစ်တောထွက်ပစ္စည်းများ ရှာဖွေစုဆောင်ခြင်းနှင့် ရောင်းဝယ်ခြင်းများကို တားမြစ်ကန့်သတ်လိုက်ပြီးတွေ့ရှိပါက အရေးယူသွားမည်ဟု ကန်ပက် လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

“သစ်ခွပန်းတွေနဲ့ ပတ်သက်ပြီး ဒီလိုနယ်မြေကျူးကျော်ပြီး ရှာဖွေတာတို့ သစ်ခွပန်းတွေ ရှာဖွေချိန်မှာ သစ်ပင်ခုတ်တာတွေက အရမ်းများတော့ ကျနော်တို့ ထိန်းသိမ်းဖို့က ထုတ်ပြန်တာဖြစ်ပါတယ်” ဟု ပြည်သူအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနိုင်ချွဲက ပြောသည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ထိန်းသိမ်းရေးတောများတွင် စည်းကမ်းမဲ့ သစ်ပင်များခုတ်လဲခြင်း၊ နယ်မြေကျူး ကျော်ပြီး သစ်တောထွက်ပစ္စည်းအမျိုးမျိုးကို တရားမဝင် ရှာဖွေစုဆောင်းခြင်းနှင့် ရောင်းဝယ် ဖောက်ကား ခြင်းများ ပိုများ လာသည်ဟု သိရသည်။

ထို့ကြောင့် သစ်ခွပန်းအမျိုးမျိုးနှင့် ချိတ်များ အပါအဝင် သစ်တောထွက်ပစ္စည်းများကို တားမြစ်ပိတ်ပင်လိုက် ခြင်းဖြစ်ပြီး တားမြစ်ချက်အား ချိုးဖောက်သူများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်သောကြောင့် အများပြည်သူများ ကြိုတင်သိရှိစေရန် အောက်တိုဘာလ ၂၁ရက်မှာ ကြိုတင်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“စစ်ဆေးရေးဂိတ်တွေ ဖမ်းမိရင်တော့ သိမ်းဆည်းမှာပဲ။ သိမ်းဆည်းပြီးတော့မှ ကျနော်တို့ အရေးယူတဲ့အပိုင်းမှာတော့ တားမြစ်ချိုးဖောက်မှုက အခုတော့ မရှိသေးဘူး။ ထိုက်သင့်တဲ့ အရေးယူမှုတွေကို လုပ်သွားမယ်” ဟု အတွင်းရေးမှူး ဦးနိုင်ချွဲက ပြောသည်။

ခေါ်နူးစုမ်အမျိုးသားဥယျာဉ်အပါအဝင် ထိန်းသိမ်းရေးတောများမှ သစ်တောထွက်ပစ္စည်းများကို နီးစပ်ရာ ကျေးရွာများနှင့် မြို့နယ်များမှ ပြည်သူများက ကျူးကျော်ပြီး ရှာဖွေမှုများ ပြုလုပ်လေ့ရှိသည်ဟု သိရသည်။

အရေးယူမှု ဆောင်ရွက်မည့် ဆုံးဖြတ်ချက်များကို မြို့နယ်လုံးဆိုင်ရာ စုံညီအစည်းအဝေးများတွင် ချမှတ်ပြီးဖြစ်သကဲ့သို့ သက်ဆိုင်ရာဒေသ/ နယ်မြေအလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကိုလည်း ညွှန်ကြားချက်များ ပေးပို့အကြောင်းကြား ထားသည်ဟု သိရသည်။

ကန်ပက်လက်မြို့နယ်အတွင်းက ထိန်းသိမ်းရေးတောများတွင် ရှားပါးသစ်ပင်ပန်းမန်များ ပေါက်ရောက်လျှက်ရှိပြီး သဘာဝက ပေးသော အဖိုးတန်အမွေအနှစ်များအဖြစ် အစဉ်အဆက်ထိန်းသိမ်းလာခဲ့ကြသည်။

ခေါ်နူးစုမ်အမျိုးသားဥယျာဉ်သည် ၂၀၁၂ ခုနှစ်တွင် အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခံထားရသည်။

Photo crd

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.