Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ခ်င္းစစ္ေဘးေရွာင္ ဒုကၡသည္အမ်ားစုေနထိုင္သည့္ အမ္းၿမိဳ႕တြင္ အလႉရွင္မ်ားရွားပါးလာမႈေၾကာင့္ အခက္အခဲျဖစ္ေန

ခ်င္းစစ္ေဘးေရွာင္ ဒုကၡသည္အမ်ားစုေနထိုင္သည့္ အမ္းၿမိဳ႕တြင္ အလႉရွင္မ်ားရွားပါးလာမႈေၾကာင့္ အခက္အခဲျဖစ္ေန

0
By Editor on November 26, 2020 Headline

#Unicode

Benezer – ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ချင်းလူမျိုး စစ်ဘေးရှောင် ဒုက္ခသည်အများစုနေထိုင်သည့် ဒုက္ခသည်စခန်းများတွင် အလှူရှင်ရှားပါးလာမှုကြောင့် အခက်အခဲရှိလာကြောင်း ဒုက္ခသည်များအား ကူညီပေးနေသည့် ချင်းလူသားချင်း ကူညီထောက်ထားရေးအသင်း (Chin Humanitarian Assistance Team- Rakhine State)မှ ဆလိုင်းဇော်မင်းထွန်းထံမှ သိရသည်။

“အခုကတချို့တွေက အခက်အခဲကတော့ရှိတာပေါ့ ၊အကူအညီက ဒီ ၁ လ ၂ လအတွင်း ရွေးကောက်ပွဲမတိုုုင်ခင်ပေါ့ ၊အကူအညီမရတာရှိတယ်။ အဲဒီနောက်ပိုင်းကြတော့ ဒီရွေးကောက်ပွဲ ပြီးတော့ချင်းအဖွဲ့အစည်း CNO က ထောက်ပံ့ ထားတာရှိတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းတွေ ကပေးရင် မျှမျှတတနဲ့ ရကြတယ်ပေါ့ အကုန်လုံးက။ အဲလိုမျိုးမျှမျှ တတမရတာက ခုဆို ၃ လလောက်တောင်ရှိပြီ၊ အခုလည်း CNOပေးတယ်ဆိုတာကလည်း သက်ကြီးရွယ်အို အသက်(၆၀)အထက်နဲ့ မိခင်နို့တိုက် ကလေးအရွယ်ပေါ့ သူတို့ပဲရတယ် အကုန်လုံးမရဘူး”ဟု ဆလိုင်းဇော်မင်းထွန်းမှ ပြောသည်။

အမ်းမြို့နယ်ရှိ စစ်ဘေးရှောင်များအား လတ်တလောတွင် ကိုဗစ်နှင့်ပါတ်သတ်၍ လှူဒါန်းငွေအချို့နှင့် သက်ကြီးရွယ်အို၊ ကလေးငယ်များအားထောက်ပံ့မှုအချို့ရှိသော်လည်း စစ်ဘေးရှောင်များအားလုံး ထောက်ပံ့မှုမရှိသဖြင့် လုံလောက်မှု မရှိကြောင်း ဆလိုင်းဇော်မင်းထွန်းကဆက်ပြောသည်။

အစိုးရအနေဖြင့် အမ်းစစ်ဘေးရှောင်များအတွက် သုံးလစာ စားသောက်စာရိတ် ကျပ်သိန်း ၁၅၀၀ ထုတ်ပေးထားသော် လည်း ပထမလဖြစ်သည့် သြဂုတ်လအတွက်သာ ရရှိခဲ့ပြီး နောက်နှစ်လအတွက် ရရှိခဲ့ခြင်းမရှိခြင်းကြောင်း သိရသည်။

ဆလိုင်းဇော်မင်းထွန်းက “အစိုးရအနေနဲ့က ၇ လပိုင်းမှာ လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး လာတော့ တစ်အိမ်ကို ဆန်တစ်အိတ်စီပေးတယ်၊ ၈ လပိုင်းကျတော့ ၃လစာအတွက် သိန်း ၁၅၀၀ အစိုးရက ချပေးတဲ့ထဲကနေ သုံးအိမ်ကို ဆန်တစ်အိတ်နှုန်းနဲ့ပေးပြီးတော့ နောက်နှစ်လစာအတွက်ကျတော့ ထပ်မပေးတော့ဘူး၊ လှူတဲ့ဟာကလည်း ဆန်ဘဲလှူပြီးတော့ တစ်ခြားဘာမှမပါဘူး WFP နဲ့ အဖွဲ့အစည်းအချို့က ထောက်ပံ့ပေးတဲ့ဟာလောက်ဘဲရတယ်၊ အဲဒီဟာတွေကလည်း လူတိုင်းရတာမဟုတ်တော့ အခက်အခဲရှိတယ်၊ ဒီမနက်တင် သူတို့နဲ့ ဖုန်းပြောရတော့ အစားသောက်ပိုင်းမှာ အခက်အခဲတော်တော်ဖြစ်နေတယ်လို့ပြောတယ်”ဟု ပြောသည်။

အမ်းစစ်ဘေးရှောင်များအတွက် အလှူရှင်ရှားပါးလာမှုကြောင့် စစ်ဘေးရှောင်များအနေဖြင့် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်၊ဆီ၊ဆားအပြင် အိုး၊ခွက်ပန်ကန် နဲ့ အနွေးအထည်၊ စောင်များလည်း မရှိသဖြင့် အခက်အခဲကြုံနေရကြောင်းသိရသည်။

အမ်းမြို့ပေါ်သို့ ရောက်ရှိလာကြသည့် စစ်ဘေးရှောင်ပြည်သူများသည် ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်အုပ်စုအတွင်းရှိ ကျေးရွာပေါင်း (၄၀) ကျော်မှ ဒေသခံများဖြစ်ကြပြီး ရက္ခိုင့်တပ်တော် (အေအေ) နဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မြန်မာ့တပ်မတော်မှ ရေလမ်း ကုန်လမ်း ပိတ်စို့ကာ ရိက္ခာများပြတ်လပ်သည့်အတွက် ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်သည်။

အမ်းမြို့အတွင်းရှိ စစ်ရှောင်ဒုက္ခသည်စခန်း (၁) တွင် လူဦးရေ ၂၀၀ ကျော်၊ ဒုက္ခသည်စခန်း (၂)တွင် လူဦးရေ ၄၀၀ ကျော်၊ ပြင်ပတွေ အိမ်ဌားရမ်းနေထိုင်သူနှင့် စုစုပေါင်း ချင်းစစ်ရှောင်ပြည်သူ ၄၃၀၀ ဝန်းကျင်ရှိကြောင်းသိရသည်။

#Zawgyi

Benezer – ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ရွိ ခ်င္းလူမ်ဳိး စစ္ေဘးေရွာင္ ဒုကၡသည္အမ်ားစုေနထိုင္သည့္ ဒုကၡသည္စခန္းမ်ားတြင္ အလႉရွင္ရွားပါးလာမႈေၾကာင့္ အခက္အခဲရွိလာေၾကာင္း ဒုကၡသည္မ်ားအား ကူညီေပးေနသည့္ ခ်င္းလူသားခ်င္း ကူညီေထာက္ထားေရးအသင္း (Chin Humanitarian Assistance Team- Rakhine State)မွ ဆလိုင္းေဇာ္မင္းထြန္းထံမွ သိရသည္။

“အခုကတခ်ဳိ႕ေတြက အခက္အခဲကေတာ့ရွိတာေပါ့ ၊အကူအညီက ဒီ ၁ လ ၂ လအတြင္း ေရြးေကာက္ပြဲမတုိုုင္ခင္ေပါ့ ၊အကူအညီမရတာရွိတယ္။ အဲဒီေနာက္ပုိင္းၾကေတာ့ ဒီေရြးေကာက္ပြဲ ျပီးေတာ့ခ်င္းအဖြဲ႔အစည္း CNO က ေထာက္ပံ့ ထားတာရွိတယ္။ ကြ်န္ေတာ္တုိ႔ အဖြဲ႔အစည္းေတြ ကေပးရင္ မ်ွမွ်တတနဲ႔ ရၾကတယ္ေပါ့ အကုန္လုံးက။ အဲလုိမ်ဳိးမွ်မ်ွ တတမရတာက ခုဆုိ ၃ လေလာက္ေတာင္ရွိျပီ၊ အခုလည္း CNOေပးတယ္ဆုိတာကလည္း သက္ၾကီးရြယ္အုိ အသက္(၆၀)အထက္နဲ႔ မိခင္ႏုိ႔တုိက္ ကေလးအရြယ္ေပါ့ သူတုိ႔ပဲရတယ္ အကုန္လုံးမရဘူး”ဟု ဆလိုင္းေဇာ္မင္းထြန္းမွ ေျပာသည္။

အမ္းၿမိဳ႕နယ္ရွိ စစ္ေဘးေရွာင္မ်ားအား လတ္တေလာတြင္ ကိုဗစ္ႏွင့္ပါတ္သတ္၍ လႉဒါန္းေငြအခ်ဳိ႕ႏွင့္ သက္ႀကီးရြယ္အို၊ ကေလးငယ္မ်ားအားေထာက္ပံ့မႈအခ်ဳိ႕ရွိေသာ္လည္း စစ္ေဘးေရွာင္မ်ားအားလံုး ေထာက္ပံ့မႈမရွိသျဖင့္ လံုေလာက္မႈ မရွိေၾကာင္း ဆလိုင္းေဇာ္မင္းထြန္းကဆက္ေျပာသည္။

အစိုးရအေနျဖင့္ အမ္းစစ္ေဘးေရွာင္မ်ားအတြက္ သံုးလစာ စားေသာက္စာရိတ္ က်ပ္သိန္း ၁၅၀၀ ထုတ္ေပးထားေသာ္ လည္း ပထမလျဖစ္သည့္ ၾသဂုတ္လအတြက္သာ ရရွိခဲ့ၿပီး ေနာက္ႏွစ္လအတြက္ ရရွိခဲ့ျခင္းမရွိျခင္းေၾကာင္း သိရသည္။

ဆလိုင္းေဇာ္မင္းထြန္းက “အစိုးရအေနနဲ႔က ၇ လပိုင္းမွာ လူကယ္ျပန္ ျပည္ေထာင္စုဝန္ႀကီး လာေတာ့ တစ္အိမ္ကို ဆန္တစ္အိတ္စီေပးတယ္၊ ၈ လပိုင္းက်ေတာ့ ၃လစာအတြက္ သိန္း ၁၅၀၀ အစိုးရက ခ်ေပးတဲ့ထဲကေန သံုးအိမ္ကို ဆန္တစ္အိတ္ႏႈန္းနဲ႔ေပးၿပီးေတာ့ ေနာက္ႏွစ္လစာအတြက္က်ေတာ့ ထပ္မေပးေတာ့ဘူး၊ လႉတဲ့ဟာကလည္း ဆန္ဘဲလႉၿပီးေတာ့ တစ္ျခားဘာမွမပါဘူး WFP နဲ႔ အဖြဲ႕အစည္းအခ်ဳိ႕က ေထာက္ပံ့ေပးတဲ့ဟာေလာက္ဘဲရတယ္၊ အဲဒီဟာေတြကလည္း လူတိုင္းရတာမဟုတ္ေတာ့ အခက္အခဲရွိတယ္၊ ဒီမနက္တင္ သူတို႔နဲ႕ ဖုန္းေျပာရေတာ့ အစားေသာက္ပိုင္းမွာ အခက္အခဲေတာ္ေတာ္ျဖစ္ေနတယ္လို႔ေျပာတယ္”ဟု ေျပာသည္။

အမ္းစစ္ေဘးေရွာင္မ်ားအတြက္ အလႉရွင္ရွားပါးလာမႈေၾကာင့္ စစ္ေဘးေရွာင္မ်ားအေနျဖင့္ အေျခခံစားေသာက္ကုန္ျဖစ္သည့္ ဆန္၊ဆီ၊ဆားအျပင္ အိုး၊ခြက္ပန္ကန္ နဲ႔ အေႏြးအထည္၊ ေစာင္မ်ားလည္း မရွိသျဖင့္ အခက္အခဲၾကံဳေနရေၾကာင္းသိရသည္။

အမ္းၿမိဳ႕ေပၚသို႔ ေရာက္ရွိလာၾကသည့္ စစ္ေဘးေရွာင္ျပည္သူမ်ားသည္ ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ ဒါးလက္အုပ္စုအတြင္းရွိ ေက်းရြာေပါင္း (၄၀) ေက်ာ္မွ ေဒသခံမ်ားျဖစ္ၾကၿပီး ရကၡိဳင့္တပ္ေတာ္ (ေအေအ) နဲ႔ တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ျမန္မာ့တပ္မေတာ္မွ ေရလမ္း ကုန္လမ္း ပိတ္စို႔ကာ ရိကၡာမ်ားျပတ္လပ္သည့္အတြက္ ထြက္ေျပးတိမ္းေရွာင္လာၾကျခင္းျဖစ္သည္။

အမ္းၿမိဳ႕အတြင္းရွိ စစ္ေရွာင္ဒုကၡသည္စခန္း (၁) တြင္ လူဦးေရ ၂၀၀ ေက်ာ္၊ ဒုကၡသည္စခန္း (၂)တြင္ လူဦးေရ ၄၀၀ ေက်ာ္၊ ျပင္ပေတြ အိမ္ဌားရမ္းေနထိုင္သူႏွင့္ စုစုေပါင္း ခ်င္းစစ္ေရွာင္ျပည္သူ ၄၃၀၀ ဝန္းက်င္ရွိေၾကာင္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.