Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းဒုက္ခသည်အရေး UNHCR နှင့် ဆွေးနွေးမှု အောင်မြင်မှုမရှိဟုဆို

ချင်းဒုက္ခသည်အရေး UNHCR နှင့် ဆွေးနွေးမှု အောင်မြင်မှုမရှိဟုဆို

0
By Editor on January 23, 2019 Khonumthung

By မိုးကျော် – အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ UN ရုံးတွင် ချင်းဒုက္ခသည်အရေးနှင့်ပတ်သက်၍ UNHCR တာဝန်ရှိသူများနှင့် ချင်းဒုက္ခသည် ခေါင်းဆောင်များ ဇန်နဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ဆွေးနွေးပွဲမှာ အောင်မြင်မှုမရှိကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ဒုက္ခသည်များ မျှောလင့်ထားသော ရလဒ်များထွက်ပေါ်လာခြင်းမရှိသည့်အတွက် အောင်မြင်မှုမရှိဟု တွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်သူ Chin Human Right Organization (CHRO) ရုံးတာဝန်ခံ Salai Cung Dawt က ပြောသည်။

“ကျနော်တို့တောင်းဆိုတဲ့အပေါ် အောင်မြင်မှုမရှိဘူးလို့ဘဲပြောရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တောင်းတာက တစ်ချက် အနေနဲ့ international protections continue လုပ်ပါဆိုတဲ့အရာ၊ ဒီအချက်အပေါ်မှာ ပေါ်လစီကိုအမြဲတမ်း review လုပ်လို့ ရပါတယ်။ ဒါပေမယ့် အဓိကအရေးကြီးတာက ချင်းပြည်နယ်ရဲ့အခြေအနေကို သိဖို့လိုတယ်။ သေချာမသိဘဲ ပေါ်လစီကို ပြောင်းလို့မရဘူးလို့ UN ဘက်က ပြောတယ်” ဟုပြောသည်။

ဆက်လက်၍ “ကျနော်တို့တောင်းဆိုထားတဲ့ UN card ကို သက်တမ်းတိုးပေးဖို့ဆိုတဲ့ဟာလည်း ဘာမှတုန့်ပြန်မှုမရှိဘူး။ တောင်းဆိုထားတဲ့အရာ အကုန်လုံးက ပေါ်လစီနဲ့ဆိုင်တယ်ဆိုတော့လေ။ ဒါကြောင့် ဒီနေ့ ဆွေးနွေးပွဲက မအောင်မြင်ဘူးလို့ဘဲ ပြောရမယ်။” ဟု Salai Cung Dawt က ပြောသည်။

အိန္ဒိယနိုင်ငံရောက် ချင်းဒုက္ခသည်များသည် UNHCR ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဇန်န၀ါရီ ၁၆ မှ ၁၇ ရက်နေ့အထိ နယူးဒေလီ UN ရုံးရှေ့တွင် ၃ ရက်ဆက်တိုက်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ၎င်းတို့ ၏ တောင်းဆိုချက်မရမချင်း ဆက်လက်ပြီး ဆန္ဒဖော်ထုတ်ကြမည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.