Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းလူငယ် (၆) ဦးကို ပြစ်ဒဏ်ပြန်လည်လျှော့ပေါ့ပေးရန် မတူပီမြို့တွင် ဆန္ဒဖော်ထုတ်

ချင်းလူငယ် (၆) ဦးကို ပြစ်ဒဏ်ပြန်လည်လျှော့ပေါ့ပေးရန် မတူပီမြို့တွင် ဆန္ဒဖော်ထုတ်

0
By Editor on October 29, 2019 Headline

(၇၁) နှစ်မြောက်ချင်းအမျိုးသားနေ့ပွဲတော်ညဖျော်ဖြေရေးအစီစဉ်တွင် ပြည်သူတစ်ချို့နှင့် ရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် ချင်းလူငယ် (၆) ဦး ထောင်ဒဏ် (၄နှစ်) ခွဲစီအမိန့်ချမှတ်မှုကို ပြန်လည် စဉ်းစားကာ ပြစ်ဒဏ်လျှော့ပေါ့ပေးရန် မတူပီမြို့တွင်ယနေ့နံနက်ပိုင်းက ပြည်သူ ၁၀၀ ကျော်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မတူပီမြို့ ဗိုလ်တိုက်ချွန်းအားကစားကွင်းတွင် ယခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကျင်းပပြုလုပ်သော (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော်ညပိုင်းဖျော်ဖြေရေးအစီစဉ်ပွဲပြီးခါနီးတွင် ပြည်သူတစ်ချို့နှင့် ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြသည်။

ယင်းရုန်းရင်းဆန်ခတ်မှုနှင့်ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ မတူပီမြို့မှ ချင်းလူငယ် (၆) ဦးကို နောက်တနေ့တွင် ၎င်းတို့နေအိမ်သို့ ရဲတပ်ဖွဲ့ကသွားရောက်ဖမ်းဆီးခဲ့ကြပြီး ရဲစခန်းတွင် (၈) လချူပ်နှောင်အမှုရင်ဆိုင်စေပြီးနောက် အောက်တိုဘာလ (၁၀) နေ့က ထောင်ဒဏ်(၄နှစ်)ခွဲစီအမိန့်ချမှတ်ခဲ့ကြခြင်းဖြစ်သည်။

ယနေ့ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သည့် ချင်းလူငယ်အဖွဲ့အစည်း(မတူပီ)မှ အတွင်းရေးမှူးဆလိုင်းထန်အုပ်ကတော့ ထောင်ဒဏ်ချမှတ်ခံရသည့် (၆) ဦးထဲမှ (၂) ဦးသည် အဆိုပါအခင်းဖြစ်ပွားသည့်ညတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ညဖျော်ဖြေပွဲကို သွားရောက်ခြင်းမရှိဘဲ မိမိတို့နေအိမ်မှာသာ နေထိုင်ခဲ့ကြသည်ဟု ဆိုသည်။

“ အဲဒီခြောက်ယောက်ထဲမှာ ပွဲထဲကိုလုံးဝမသွားတဲ့ကလေးတစ်ယောက်ရှိတယ်၊ ပြီးတော့ တစ်ယောက်ကတော့ ပြသာနမဖြစ်ခင် ကိုယ့်အိမ်ကိုပြန်သွားတဲ့သူတစ်ယောက်ပါတယ်၊ ဘယ်လိုဖြစ်ဖြစ် သူတို့အားလုံးအပေါ်မှာ  ဒီလိုပြစ်ဒဏ်တွေချမှတ်တဲ့ကိစ္စကို အတတ်နိုင်ဆုံးလျှော့ချပေးဖို့ ပြန်လည်စီစစ်ပေးဖို့တောင်းဆိုတာဖြစ်တယ်’’ ဟု ဆလိုင်းထန်အုပ်ကပြောသည်။

အင်အား (၁၀၀) ကျော်ပါဝင်သည့် မတူပီမြို့ဒေသခံပြည်သူများသည် ယနေ့နံနက် (၉နာရီခွဲ)ကစတင်၍ ရှစ်လမ်းဆုံမှ ဗိုလ်ချူပ်လမ်းမအတိုင်း စတင်ချီတက်ကာ စန်ဘောင်လမ်းဆုံအထိ ထိုမှတဆင့် အခင်းဖြစ်ပွားရာနေရာ ဗိုလ်တိုက်ချွန်းအားကစားကွင်းအထိ စီတန်းလှည့်လည်ချီတက်ခဲ့ကြပြီး နံနက်ပိုင်း (၁၁ နာရီခွဲ) တွင် အောင်မြင်စွာအဆုံးသတ်ခဲ့ကြသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.