Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းလူမျိုးထဲမှ ပထမဆုံး B.A ဘွဲ့ရရှိသူနှစ်ဦး၏ ကြေးရုပ်ထု ဖလမ်းတွင်စိုက်ထူမည်

ချင်းလူမျိုးထဲမှ ပထမဆုံး B.A ဘွဲ့ရရှိသူနှစ်ဦး၏ ကြေးရုပ်ထု ဖလမ်းတွင်စိုက်ထူမည်

0
By Editor on January 9, 2019 Khonumthung

ချင်းလူမျိုးများထဲမှ ပထမဦးဆုံး B.A ဘွဲ့ရရှိသည့် Pu Siah Luai နှင့် Pi Hlawn Kip Thluai တို့၏ ကြေးရုပ်ထုကို ဖလမ်းမြို့အ.ထ.က (၁) ကျောင်းဝင်ပေါက်တွင် ယခုလအတွင်း ပြည်နယ်အဆင့်ဖြင့် ဖွင့်လှစ်နိုင်ရန် Global Falam Youth Organization (GFYO) က စီစဉ်နေကြောင်းသိရသည်။

မျိုးဆက်သစ်ချင်းလူငယ်များအနေဖြင့် ချင်းသမိုင်းပိုမိုသိရှိလာစေရေးနှင့် ၎င်းတို့ကိုအတုယူအားကျပြီး ပညာရေးပိုင်းမှာ ကြိုးစားလာစေရေးအတွက်ရည်ရွယ်ပြီး ယခုကဲ့သို့ ကြေးရုပ်ကို စိုက်ထူရန် စီစဉ်ခြင်းဖြစ်သည်ဟု GFYO မှ အတွင်းရေးမှူး ကို Van Bawi Lian ကပြောသည်။

“လူငယ်တွေက သမိုင်းကိုမေ့နေတယ်ပေါ့နော် သမိုင်းကိုပြန်ဖော်တဲ့အနေနဲ့ ချင်းအမျိုးသားတွေထဲမှာ ဖလမ်းသူဖလမ်းသားတွေက B.A ပထမဆုံးရတယ်ဆိုတဲ့ဟာ လူငယ်တွေသိလာအောင်၊ ဒီဟာကို ကြည့်ခြင်းအားဖြင့်ပေါ့နော် ပညာရေးဟာအရေးကြီးတယ် အနာဂတ်မှာ လူငယ်တွေ ကြိုးစားချင်တဲ့စိတ်ရှိ လာအောင်ပေါ့နော်၊ သမိုင်းကို ထိန်းသိမ်းတာနဲ့ အနာဂတ်ချင်းလူငယ်တွေ ပညာရေးမှာ ကြိုးစားလာအောင်ဆိုတဲ့သဘောပါပဲ’’ ဟု ကို Van Bawi Lian ကပြောသည်။

အဆိုပါကြေးရုပ်ထုကို ပြည်နယ်အဆင့်အနေဖြင့် ချင်းပြည်နယ် ၀န်ကြီးချူပ်နှင့် လူမှုရေးဝန်ကြီးတို့မှ လာရောက်ဖွင့်လှစ်ပေးစေလိုကြောင်း မည်သည့်နေ့ရက်တွင် ဖွင့်လှစ်နိုင်မည်ကိုတော့ အတိအကျမပြောနိုင်သေးကြောင်း ၎င်းကဆက်ပြောသည်။

“ ချင်းပြည်နယ် ၀န်ကြီးချူပ် နဲ့ လူမှုရေးဝန်ကြီးတို့ကို ဖွင့်လှစ်စေချင်တာပေါ့နော် ၀န်ကြီးချူပ်ကလည်း ခရီးထွက်နေတော့ အချိန်ကိုတော့ မညှိရသေးဘူး’’ ဟု ကို Van Bawi Lian ကပြောသည်။

ချင်းအမျိုးသားထဲတွင် ပထမဆုံး B.A ဘွဲ့ရရှိသူ Pu Siah Luai သည် ချင်းတော်လှန် ရေးသူရဲကောင်း ဗိုလ်ကြွမ်ဘိခ်၏ ​မြေးဖြစ်ပြီး ၁၉၃၈ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်တွင် B.A ဘွဲ့ရရှိခဲ့ သည်။ ၁၉၄၀ ခုနှစ်တွင် B.Ed ဘွဲ့ထပ်မံရရှိပြီး ချင်းပြည်နယ်၏ ပညာရေးမှူး အထိတာဝန်ထမ်း ဆောင်ခဲ့သူဖြစ်သည်။ သူသည်  ၁၉၁၆ ခုနှစ်မှာ မွေးဖွားပြီး ၁၉၇၃ (၅၇ နှစ်) တွင် ကွယ်လွန်ခဲ့သည်။

ချင်းအမျိုးသမီးထဲတွင် ပထမဆုံး B.A ဘွဲ့ရရှိသူ Pi Hlawn Kip Thluai သည် ဇာဟောင်မျိုးနွယ်စုနှင့် ဟွာလ်ငိုးမျိုးနွယ်စု အုပ်ချုပ်သူ ပူးထန်းသင်လျန်၏ သမီးဖြစ်ပြီး ၁၉၆၀ ခုနှစ်မှာရန်ကုန်တက္ကသိုလ်တွင် B.A ဘွဲ့ရရှိခဲ့သည်။  ပြည်ပမှာ ပညာဆက်လက်သင်ကြားပြီး ဖလမ်း၊ ဟားခါး၊ မင်းတပ်၊ စစ်ကိုင်းနှင့် ပုသိမ်မြို့ ကျောင်းများတွင် နှစ်ပေါင်း(၃၀)ကြာ အင်္ဂလိပ်စာပြခဲ့သည်။ လက်ရှိတွင် အမေရိကန်တွင် နေထိုင်လျက်ရှိကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.