Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းအမျိုးသမီးများ စိတ်ဓာတ်နှင့် စွမ်းရည်မြှင့်တင်ရေးအတွက် တွန်းဇံမြို့တွင် အလှမယ်ပြိုင်ပွဲကျင်းပ

ချင်းအမျိုးသမီးများ စိတ်ဓာတ်နှင့် စွမ်းရည်မြှင့်တင်ရေးအတွက် တွန်းဇံမြို့တွင် အလှမယ်ပြိုင်ပွဲကျင်းပ

0
By Editor on January 7, 2019 Khonumthung

ချင်းအမျိုးသမီးများ စိတ်ဓာတ်နှင့် စွမ်းရည်မြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး တွန်းဇံမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါ်ကျိန်ငိုက်မန်နှင့် Miss Universe Myanmar အလှမယ် မိုးစက်ဝိုင်တို့မှ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် ဇန်န၀ါရီလ (၅) ရက်နေ့က အလှမယ်ပြိုင်ပွဲကျင်းပခဲ့ကြသည်။

ချင်းလူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအရ ချင်းအမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူအခွင့်အရေး မရရှိကြကြောင်း ချင်းအမျိုးသမီးများသည်လည်း လုပ်နိုင်ကိုင်နိုင်သည့်အရည်အချင်းရှိကြောင်း သိရှိလာစေရေး စိတ်ဓာတ်ပိုင်းမြှင့်တင်ပေးချင်သည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ Miss Tonzang 2019 ပြိုင်ပွဲကို ကျင်းပခြင်းဖြစ်သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်ကပြောသည်။

“ ကျမတို့အမျိုးသမီးတွေရဲ့ဘ၀မြှင့်တင်ဖို့ စိတ်ဓာတ်တွေမြှင့်တင်ဖို့ အဓိကအခြေခံတာပေါ့ ဘာလို့လဲဆိုတော့ သူတို့ဘ၀မှာ သတို့ကိုယ်သူတို့ ယုံကြည်မှုရှိမယ် လုပ်တဲ့ကိုင်တဲ့နေရာမှာ သူတို့ကိုယ်သူတို့ လုပ်ရဲတဲ့သတ္တိတွေရှိမယ် ကျမတို့ရဲ့ ဓလေ့ ယဉ်ကျေးမှုအရ အမျိုးသားနဲ့ အမျိုးသမီးတွေ တန်းတူအခွင့်အရေးမရပါဘူး ကျမတို့ ဇိုးမီးတွေရဲ့ထုံးစံအရဆိုရင် သားကိုဘဲ ဦးစားပေးရတာ သမီးကိုဆို ဦးစားပေးမှုက အရမ်းအားနည်းတာ ဒါက ကျမတို့ရဲ့ ရှေးရိုးယဉ်ကျေးမှုပေါ့နော် ဒါတွေကို ကျမ အနေနဲ့ မဖြစ်စေချင်ဘူး ဘာလို့လဲဆိုတော့ သားနဲ့သမီးဆိုတာ တန်းတူအခွင့်အရေးရှိရမယ် အမျိုးသမီးတွေဆိုရင် နေရာမရတဲ့ သဘောရှိတာပေါ့နော် အမျိုးသမီးတွေလည်း လုပ်နိုင်ပါတယ် ဆောင်ရွက်နိုင်ပါတယ်ဆိုတဲ့ စိတ်ဓာတ်မြှင့်တင် ပေးချင်တဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်’’ ဟု ဒေါ်ကျိန်ငိုက်မန်ကပြောသည်။

ယင်းအလှမယ်ပြိုင်ပွဲတွင် ခါးနံပတ် (၆)မကျိန်ငိုက်ဟောက်က ပထမဆု ဆွတ်ခူးရရှိပြီး Miss Tonzang စလွယ် သရဖူနှင့် ကျပ် ၁၀ သိန်း၊ ခါးနံပတ် (၄) မကျိန်နိတ်စန် က First runner up (ဒုတိယ)ဆု ကျပ် ၇ သိန်းနှင့် ခါးနံပတ် (၁၁) မညောင်လွမ်းလွန်းက တတိယဆု ကျပ် ၅ သိန်းအသီးသီးရရှိခဲ့ကြသည်။

အမျိုးသမီးများအနေဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိလာစေရေးနှင့် မိမိတို့၏ စံတန်ဖိုးများသိရှိလာပြီး ကိုယ့်ပတ်ဝန်းကျင် နှင့် နိုင်ငံအတွက် အကျိုးပြန်ပြုပေးနိုင်သည့် အမျိုးသမီးများဖြစ်လာစေရန်လိုအပ်ကြောင်း အလှမယ် မိုးစက်ဝိုင်ကပြောသည်။

“တကယ်တော့ အမျိုးသမီးတွေကို ပိုပြီးတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေချင်တယ် စွမ်းဆောင်နိုင်တဲ့အရည်အချင်းပေါ့ အမျိုးသမီးတွေကို သူတို့ Value ရှိစေချင်တယ် သမားရိုးကျအိမ်ထောင်ပြုပြီးတော့ ကလေးတွေမွေးတာ ဒီဟာတစ်ခုတည်း မဟုတ်ဘူးပေါ့နော် အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကအများကြီးရှိသေးတယ် ပြီးတော့ သူတို့ရဲ့စိတ်ထဲမှာလည်း ကိုယ်ချစ်ပတ် ၀န်းကျင် ကိုယ့်နိုင်ငံအတွက် ပြန်အကျိုးပြုဖို့အတွက် တစ်ခုခုလုပ်ချင်စိတ်တွေ မွေးဖွားပေးချင်တဲ့ရည်ရွယ်ချက်တွေအများ ကြီးရှိပါတယ်” ဟု အလှမယ် မိုးစက်ဝိုင်ကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.