Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းအမျိုးသားအချင်းချင်းကြား စိတ်ဝမ်းကွဲစေမည့် ရေးသားပြောဆိုမှု CPP ကန့်ကွက်

ချင်းအမျိုးသားအချင်းချင်းကြား စိတ်ဝမ်းကွဲစေမည့် ရေးသားပြောဆိုမှု CPP ကန့်ကွက်

0
By Editor on February 1, 2019 Headline

By လားနွန် – ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးကိုရှေ့ရှု၍ အမျိုးသားများအချင်းချင်းကြား စိတ်ဝမ်းကွဲမှုဖြစ်စေမည့် ပြောဆိုရေးသားမှုများကို ချင်းတိုးတက်ရေးပါတီ (CPP) အနေဖြင့် ကန့်ကွက်သည်ဟု ဇန်န၀ါရီလ (၃၁) ရက် နေ့စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

ပလက်ဝမြို့နယ်ကို ချင်းပြည်နယ်မှ မခွဲထွက်လိုလျှင် ပလက်ဝအရေးကို ဥပေက္ခမပြုသင့်တော့ကြောင်း၊ ပလက်ဝမြို့နယ်ကို ခရိုင်အဆင့်တိုးမြှင့်ပေးရန် ခူမီး(ခမီး)အမျိုးသားပါတီက ချင်းပြည်နယ် ၀န်ကြီးချူပ်နှင့် လွှတ်တော်ဥက္ကဌထံသို့ ဇန်န၀ါရီလ (၂၈) ရက်နေ့စွဲဖြင့် အိပ်ဖွင့်ပေးစာပေးပို့ကိစ္စနှင့်ပတ်သက်၍ ချင်းတိုးတက်ရေးပါတီ ယခုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

ချင်းတိုးတက်ရေးပါတီအတွင်းရေးမှူး ဦးအိုက်စောမြက “ကျွန်တော်တို့ ချင်းအမျိုးသားတွေ အချင်းချင်းကြားမှာလည်းပဲ ဥပမာ – ခူမီးအမျိုးသားပါတီကရေးတဲ့စာမျိုးဆိုရင် တခြားသူတွေအတွက် တမျိုးထင်သွားနိုင်တယ်လေ၊ အဲဒါမျိုးတွေအချင်းချင်းကြား စိတ်ဝမ်းကွဲတာတို့မဖြစ်စေချင်ဘူး အဲဒါကြောင့် ကျွန်တော်တို့က အဲဒီ ခူမီးအမျိုးသားပါတီရဲ့သဘောထားဆိုတာကလည်း ပလက်ဝနေ ခူမီးပြည်သူတွေရဲ့ သဘောထားမဟုတ်ပါဘူးပေါ့ နိုင်ငံရေးပါတီဆိုတာကတော့ နိုင်ငံရေး ရည်မှန်းချက် သူ့ဟာနဲ့သူရှိလို့ရတာပဲလေ အဲဒါကြောင့်မို့ ကျွန်တော်တို့ CPP အနေနဲ့ အဲလိုမျိုးတစ်သီးတစ်ခြား ချင်းထဲမှာမှ ချင်းလူမျိုးစုတစ်စုရဲ့ တစ်သီးတစ်ခြားရပ်တည်မှုကိုတော့ ကန့်ကွက်တယ်ဆိုတဲ့ဟာမျိုးကို ရပ်တည်ချက်ကို ကျွန်တော်တို့ပြတာပါ’’ ဟု ပြောသည်။

ပလတ်ဝမြို့နယ်သည် ယခင်ရခိုင်တောင်တန်မြောက်ပိုင်းခရိုင်အမည်ဖြင့် ၁၉၄၇ ခုနှစ်က လွတ်လပ်ရေးခေတ်ဦးတွင် နောင်ဖွဲ့စည်းမည့် ချင်းဝိသေသတိုင်းနှင့် ပူးပေါင်းခဲ့သည့်နည်းတူ နောင်အနာဂတ်တွင်လည်း ချင်းပြည်နယ်မှ မည့်သည့်အခါမှ ခွဲထွက်လိမ့်မည်မဟုတ်ကြောင်းနှင့် နိုင်ငံရေးပါတီတစ်ခု၏ ပြောဆိုရေးသားမှုများသည် ပလတ်ဝမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ကိုယ်စားပြုပြောဆိုခြင်းမဟုတ်ဘဲ ယင်းနိုင်ငံရေးအဖွဲ့အစည်းတစ်ခု၏ သဘောထားသာဖြစ်လိမ့်မည်ကို အလေးအနက်ယုံကြည်ကြောင်း CPP ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် ပလက်ဝမြို့နယ်တွင် လတ်တလောဖြစ်ပွားနေသော နယ်မြေမတည်ငြိမ်မှုများ စစ်ဘေးရှောင်ပြည်သူများ စာဝတ်နေရေးအခက်ကြုံနေရခြင်းနှင့် အဖွဲ့အစည်းတစ်ချို့၏ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ထိခိုက်ပျက်ပြားစေမည့် ပြောဆိုဟောပြောမှုအပေါ်တွင်လည်း စိုးရိမ်မကင်းဖြစ်မိကြောင်း မိမိတို့အဖွဲ့အစည်း၏ နိုင်ငံရေးရည်မှန်းချက် အကောင်အထည်ဖော်ဆောင်ရာတွင် ထိခိုက်ခံစားရမည့်ဒေသခံပြည်သူများအပေါ် တာဝန်ခံမှု၊ တာဝန်ယူမှုကို ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း၊ နောင်အခါတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပျက်ပြားစေမည့် ပြောဆိုမှုများကို မပြုလုပ်ကြရန် အလေးအနက်သတိပေးအပ်သည်ဟု CPP ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ရက္ခိုင့်တပ်မတော် (AA) သည် ပလက်ဝမြို့နယ်အတွင်း လှုပ်ရှားစဉ် ကျေးရွာရှိပြည်သူများအား ပလက်ဝမြို့နယ်သည် ရခိုင်ပိုက်နက်ဖြစ်ကြောင်း၊ တော်လှန်ရေးပြီးဆုံးပါက ရခိုင်ပြည်နယ်တွင် ပေါင်းထည့်မည်ဟု ၀ါဒဖြန့်ပြောဆိုခဲ့သည့်အပြင် အစိုးရတပ်မတော်နှင့် (AA) အကြားတိုက်ပွဲကြောင့် ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 10, 2026

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

July 10, 2026

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

July 10, 2026

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

July 9, 2026

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.