Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ခ်င္းအမ်ဴိးသားေတာ္လွန္ေရးေခါင္းေဆာင္ ဦး၀မၼသူးေမာင္းေၾကးရုပ္ႏွင့္ ပန္းျခံဖြင့္လွစ္

ခ်င္းအမ်ဴိးသားေတာ္လွန္ေရးေခါင္းေဆာင္ ဦး၀မၼသူးေမာင္းေၾကးရုပ္ႏွင့္ ပန္းျခံဖြင့္လွစ္

0
By Editor on February 25, 2020 Khonumthung

Zawgyi

By လားႏြန္ – ခ်င္းအမ်ိဳးသားေတာ္လွန္ေရးေခါင္းေဆာင္ ဦး၀မၼသူးေမာင္း ေၾကးရုပ္ႏွင့္ ပန္းျခံ ဖြင့္ပြဲအခမ္းအနားကို ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕တြင္ ယေန႔မနက္ ၈ နာရီက က်င္းပျပဳလုပ္ခဲ့ၾကၿပီး ခ်င္းျပည္နယ္ ၀န္ႀကီးခ်ဴပ္ ဆလိုင္းလ်န္လြယ္ကဖြင့္လွစ္ေပးခဲ့သည္။

အက်ယ္ ၃ ဧကခန္႔ရွိသည့္ ပန္းျခံႏွင့္ ဦး၀မၼသူးေမာင္းေၾကးရုပ္တုကို မင္းတပ္ၿမိဳ႕အ၀င္ မင္းတပ္-မတူပီ ကားလမ္းနေဘးတြင္ စိုက္ထူခဲ့ၾကၿပီး ဦး၀မၼသူးေမာင္း၏ တိုင္းျပည္ႏွင့္လူမ်ဴိးအတြက္ စြန္႔လႊတ္အနစ္နာခံခဲ့သည့္ မ်ဴိးခ်စ္စိတ္မ်ား ေနာင္လာေနာက္သားမ်ား အတုယူႏုိင္ရန္အတြက္ ရည္ရြယ္ျပီးဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္ဟု ဦ၀မၼသူးေမာင္း ပန္းျခံႏွင့္ ေၾကးရုပ္ျဖစ္ေျမာက္ေရးေကာ္မတီဥကၠဌ ဆလိုင္းကီးရိွန္းကေျပာသည္။

“ခ်င္းအမ်ိဳးသားေခါင္းေဆာင္ကို ျပန္လည္ျပီးေတာ့ ေအာက္ေမ့သတိရမယ့္ သူ႕ရဲ႕စြမ္းေဆာင္ရည္ေပါ့ ဂုဏ္သတိၱေတြ သူ႔ရဲ႕ဥာဏ္ရည္တို႔ ကာယစြမ္းရည္ေတြ ကေလးေတြက ျပန္ျပီးအားက်ျပီးေတာ့ သူ႔လိုပဲ ကိုယ့္ရဲ႕ ေဒသ ကိုယ့္ရဲ႕ႏိုင္ငံ ကိုယ့္ရဲ႕လူမ်ိဳးအေပၚမွာ အနစ္နာခံျပီးေတာ့ စြန္႔လႊတ္စြန္႔စားျပီးေတာ့ ကိုယ့္ရဲ႕အမ်ိဳးသားေရးကိုျမွင့္တင္ႏုိင္တဲ့ ကေလးေတြျဖစ္လာေစဖို႔ ဆိုျပီးေတာ့ ဒီဟာေတြကိုလုပ္ရျခင္းျဖစ္ပါတယ္” ဟု ဥကၠဌ ဆလိုင္းကီးရွိန္း ကေျပာသည္။

ဦး၀မၼသူးေမာင္း ပန္းျခံႏွင့္ ေၾကးရုပ္တည္ေဆာက္မႈလုပ္ငန္းကို ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ၁ ရက္ေန႔မွစတင္ျပီး ၀င္းနားကုမၸဏီမွ ေငြေၾကးအရင္စိုက္ထုတ္၍ တာ၀န္ယူတည္ေဆာက္ခဲ့ျခင္းျဖစ္သည္ဟု သိရသည္။ ကုန္က်သည့္ေငြေၾကးပမာဏမွာ အေသးစိတ္ထြက္ရွိလာၿပီးသည့္ေနာက္တြင္ ပန္းျခံႏွင့္ ေၾကးရုပ္အတြက္ ေကာက္ခံရရွိသည့္ျပည္တြင္း၊ ျပည္ပအလွဴေငြမ်ားျဖင့္ ျပန္လည္ေပးေခ်မည္ဟု ဆလိုင္းကီးရွိန္းကေျပာသည္။

အဆိုပါဖြင့္ပြဲအခမ္းအနားတြင္ ခ်င္းျပည္နယ္ ၀န္ၾကီးခ်ဳပ္ ဆလိုင္းလ်န္လြယ္အပါအ၀င္၊ လႊတ္ေတာ္ဥကၠဌ ဦးဇိုဘြဲ႔ႏွင့္ ၀န္ႀကီးမ်ားလည္း တက္ေရာက္ခဲ့ၾကသည္ဟု သိရသည္။

ဦး၀မၼသူးေမာင္းသည္ ၁၉၀၀ ခုႏွစ္ ဧျပီလတြင္ ဦးေမာင္းထန္းပက္ႏွင့္ ေဒၚေလာမာန္ေရာင္တို႕မွ ဖြားျမင္ျပီး၊ ေမြးရပ္ဇာတိ ဝမၼသူးရြာ (မင္းတပ္ျမိဳ႔နယ္) ကိုအစြဲျပဳ၍ ဝမၼသူးေမာင္းဟု ေခၚၾကျခင္းျဖစ္သည္။ သူ၏နာမည္ အရင္းမွာ ထန္းပက္ေမာင္းျဖစ္ျပီး နယ္ခ်ဲ႕ျဗတိသ်ွ ႏွင္႔ ဖက္ဆစ္ဂ်ပန္ ေတာ္လွန္စဥ္ကာလအခ်ိန္မ်ားတြင္ သခင္ေအာင္ေမာင္း ဟုလူသိမ်ားခဲ့သည္။

၁၉၄၇ ခုႏွစ္ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံ ဥပေဒ အပုိဒ္ – ၅၊ ခ်င္း၀ိေသသတုိင္း အခန္း၊ ပုဒ္မ – ၁၉၆၊ ၁၉၇၊ ၁၉၈ တုိ႕ အရ ခ်င္းေရးရာေကာင္စီ၊ ခ်င္းေရးရာဌာနႏွင့္ ခ်င္းေရးရာ၀န္ၾကီးတုိ႕ ေပၚေပါက္လာခဲ့ၿပီးေနာက္ ဦးဝမၼသူးေမာင္း ခ်င္း၀ိေဒသတိုင္း၏ ပထမဆံုး ခ်င္းေရးရာ၀န္ၾကီးျဖစ္လာခဲ့သည္။

Unicode

By လားနွန် – ချင်းအမျိုးသားတော်လှန်ရေးခေါင်းဆောင် ဦးဝမ္မသူးမောင်း ကြေးရုပ်နှင့် ပန်းခြံ ဖွင့်ပွဲအခမ်းအနားကို ချင်းပြည်နယ် မင်းတပ်မြို့တွင် ယနေ့မနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြပြီး ချင်းပြည်နယ် ဝန်ကြီးချူပ် ဆလိုင်းလျန်လွယ်ကဖွင့်လှစ်ပေးခဲ့သည်။

အကျယ် ၃ ဧကခန့်ရှိသည့် ပန်းခြံနှင့် ဦးဝမ္မသူးမောင်းကြေးရုပ်တုကို မင်းတပ်မြို့အဝင် မင်းတပ်-မတူပီ ကားလမ်းနဘေးတွင် စိုက်ထူခဲ့ကြပြီး ဦးဝမ္မသူးမောင်း၏ တိုင်းပြည်နှင့်လူမျိူးအတွက် စွန့်လွှတ်အနစ်နာခံခဲ့သည့် မျိူးချစ်စိတ်များ နောင်လာနောက်သားများ အတုယူနိုင်ရန်အတွက် ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု ဦဝမ္မသူးမောင်း ပန်းခြံနှင့် ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဆလိုင်းကီးရှိန်းကပြောသည်။

“ချင်းအမျိုးသားခေါင်းဆောင်ကို ပြန်လည်ပြီးတော့ အောက်မေ့သတိရမယ့် သူ့ရဲ့စွမ်းဆောင်ရည်ပေါ့ ဂုဏ်သတ္တိတွေ သူ့ရဲ့ဉာဏ်ရည်တို့ ကာယစွမ်းရည်တွေ ကလေးတွေက ပြန်ပြီးအားကျပြီးတော့ သူ့လိုပဲ ကိုယ့်ရဲ့ ဒေသ ကိုယ့်ရဲ့နိုင်ငံ ကိုယ့်ရဲ့လူမျိုးအပေါ်မှာ အနစ်နာခံပြီးတော့ စွန့်လွှတ်စွန့်စားပြီးတော့ ကိုယ့်ရဲ့အမျိုးသားရေးကိုမြှင့်တင်နိုင်တဲ့ ကလေးတွေဖြစ်လာစေဖို့ ဆိုပြီးတော့ ဒီဟာတွေကိုလုပ်ရခြင်းဖြစ်ပါတယ်” ဟု ဥက္ကဌ ဆလိုင်းကီးရှိန်း ကပြောသည်။

ဦးဝမ္မသူးမောင်း ပန်းခြံနှင့် ကြေးရုပ်တည်ဆောက်မှုလုပ်ငန်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ဝင်းနားကုမ္ပဏီမှ ငွေကြေးအရင်စိုက်ထုတ်၍ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ကုန်ကျသည့်ငွေကြေးပမာဏမှာ အသေးစိတ်ထွက်ရှိလာပြီးသည့်နောက်တွင် ပန်းခြံနှင့် ကြေးရုပ်အတွက် ကောက်ခံရရှိသည့်ပြည်တွင်း၊ ပြည်ပအလှူငွေများဖြင့် ပြန်လည်ပေးချေမည်ဟု ဆလိုင်းကီးရှိန်းကပြောသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်အပါအဝင်၊ လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့နှင့် ဝန်ကြီးများလည်း တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

ဦးဝမ္မသူးမောင်းသည် ၁၉၀ဝ ခုနှစ် ဧပြီလတွင် ဦးမောင်းထန်းပက်နှင့် ဒေါ်လောမာန်ရောင်တို့မှ ဖွားမြင်ပြီး၊ မွေးရပ်ဇာတိ ဝမ္မသူးရွာ (မင်းတပ်မြို့နယ်) ကိုအစွဲပြု၍ ဝမ္မသူးမောင်းဟု ခေါ်ကြခြင်းဖြစ်သည်။ သူ၏နာမည် အရင်းမှာ ထန်းပက်မောင်းဖြစ်ပြီး နယ်ချဲ့ဗြတိသျှ နှင့် ဖက်ဆစ်ဂျပန် တော်လှန်စဉ်ကာလအချိန်များတွင် သခင်အောင်မောင်း ဟုလူသိများခဲ့သည်။

၁၉၄၇ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ အပိုဒ် – ၅၊ ချင်းဝိသေသတိုင်း အခန်း၊ ပုဒ်မ – ၁၉၆၊ ၁၉၇၊ ၁၉၈ တို့ အရ ချင်းရေးရာကောင်စီ၊ ချင်းရေးရာဌာနနှင့် ချင်းရေးရာဝန်ကြီးတို့ ပေါ်ပေါက်လာခဲ့ပြီးနောက် ဦးဝမ္မသူးမောင်း ချင်းဝိဒေသတိုင်း၏ ပထမဆုံး ချင်းရေးရာဝန်ကြီးဖြစ်လာခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ချင်းပြည်ကို ဖြတ်ကျော်နေပြီး ချင်း၊ ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးကြီးမည်

ထန်တလန်မြို့နယ်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ငါးဖမ်းခြင်း ပိတ်ပင်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.