Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းအမျိုးသားနေ့မှာ CNF ကိုမိန့်ခွန်းပြောကြားရန် ပြန်လည်ခွင့်ပြု
ချင်းအမျိုးသားနေ့မှာ CNF ကိုမိန့်ခွန်းပြောကြားရန် ပြန်လည်ခွင့်ပြု
0
By Editor on February 18, 2020 Headline
Zawgyi
ချင်းပြည်နယ် ထန်တလန်မြို့တွင်၊ ပြည်နယ်အဆင့်ဖြင့် ကျင်းပပြုလုပ်မည့် (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲ တော်အခမ်းအနားတွင် ချင်းအမျိုးသားတပ်ဦး (CNF) ကို မိန့်ခွန်းပြောကြားရန် ပြန်လည်ခွင့်ပြုလိုက်ပြီဟု သိရသည်။
ထို့ကြောင့် ထန်တလန်မြို့ချင်းအမျိုးသားနေ့အခမ်းအနားတွင် ချင်းအမျိုးသားတပ်ဦး(CNF) မှ ဒု-ဥက္ကဌ (၂) ဒေါက်တာလျန်မှုန်းဆာခေါင်က မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “အထက်က ခွင့်ပြုထားပါတယ်၊ NRPC (အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန) ကို သူတို့တရားဝင်စာတင်ပြီးတော့ NRPC ကနေ တရားဝင်ပြန်ခွင့်ပြုတာလိုက်တာပေါ့ CNF ဘက်ကတော့ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်၊ ဒေါက်တာရွှေခါးတို့ တက်ရောက်မယ် အဲလိုလေးတွေသိထားတဲ့အတွက် ဒေါက်တာလျန်မှုန်းဆာခေါင်က နှုတ်ဆက်စကားပေါ့နော် ပြောမယ်လို့ အကြမ်းဖျင်းသိထားပါတယ်’’ ဟု ပြောသည်။
ယခင်စစ်အစိုးရခေတ်အဆက်ဆက်ကာလတုန်းက ချင်းအမျိုးသားနေ့ကို မြန်မာနိုင်ငံအတွင်း “အမျိုးသားနေ့” အဖြစ် တရားဝင်ကျင်းပခွင့်မပြုခဲ့ကြဘဲ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို “ပြည်နယ်နေ့’’ အဖြစ်သာ ကျင်းပခွင့်ပြုခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် ယခုကဲ့သို့ တရားဝင်ပြန်လည်ကျင်းပလာနိုင် ရေးအတွက် အဓိကဦးဆောင်လှုပ်ရှားသူများထဲတွင် ချင်းအမျိုးသားတပ်ဦး(CNF)လည်း အဓိကအခန်းကဏ္ဍတွင်ပါဝင်ခဲ့သည်။
သမ္မတဦးသိန်းစိန်အစိုးရတက်လာသည့်နောက်ပိုင်း ၂၀၁၂ ခုနှစ် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် အစိုးရအဖွဲ့တို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူစာချူပ်ချူပ်ဆိုခဲ့သည့်အချိန်တွင် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် တရားဝင်ပြန်လည်ကျင်းပခွင့်ပြုရန် သဘောတူညီခဲ့ကြပြီး ၂၀၁၃ ခုနှစ်ကစ၍ ချင်းအမျိုးသားနေ့ကို တရားဝင်ပြန်လည်ကျင်းပနိုင်ခဲ့ကြခြင်းဖြစ်သည်။
Unicode
ချင်းပြည်နယ် ထန်တလန်မြို့တွင်၊ ပြည်နယ်အဆင့်ဖြင့် ကျင်းပပြုလုပ်မည့် (၇၂) နှစ်မြောက် ချင်းအမျိူးသားနေ့ပွဲ တော်အခမ်းအနားတွင် ချင်းအမျိူးသားတပ်ဦး (CNF) ကို မိန့်ခွန်းပြောကြားရန် ပြန်လည်ခွင့်ပြုလိုက်ပြီဟု သိရသည်။
အစကနဦးပိုင်းတွင် ချင်းအမျိူးသားတပ်ဦး(CNF) ကို ချင်းအမျိူးသားနေ့အခမ်းအနားသို့တက်ရောက်ရန်သာ ဖိတ်ကြား ပြီး မိန့်ခွန်းပြောကြားခွင့်ကို အထက်ပေါ်လစီအရဟုဆိုကာ ချင်းပြည်နယ်အစိုးရအဖွဲ့က ခွင့်မပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စကို CNF က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ တရားဝင်စာရေးအကြောင်းကြားပြီးနောက် ယခုကဲ့သို့ပြန်လည်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်ဟု CNF တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးကပြောသည်။
“ကျနော်တို့ CNF ဘက်ကမိန့်ခွန်းပြောဖို့တောင်းတယ် ဒါပေမယ့်ချင်းပြည်နယ်အစိုးရအဖွဲ့ဘက်ကပြောတာတော့ ဒါက အထက်ရဲ့ပေါ်လစီမူဝါဒတွေဖြစ်တယ် ခွင့်မပြုနိုင်ဘူးဆိုပြီးတော့ပြောတာပေါ့၊ ဒါဆိုရင် ခွင့်မပြုရင်မတက်တော့ဘူးလို့ ပြောတာပေါ့နော်၊ ထန်တလန်မြို့မိမြို့ဖတွေက ဟားခါးမှာ ချင်းပြည်နယ်အစိုးရအဖွဲ့ကိုသွားတွေ့ပြီး ပြန်တောင်းဆိုတာတယ် အဲဒီမှာလည်း အထက်ရဲ့မူဝါဒအရဆိုပြီး ခွင့်မပြုနိုင်ဘူးလိုထပ်ပြောတာပေါ့၊ ဒါကြောင့် ဒီလိုအထက်ကပေါ်လစီတကယ်ရှိသလားဆိုတာသိချင်တာပေါ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီကို စာရေးလိုက်တော့ ဒီလိုပေါ်လစီပိတ်ပင်တားမြစ်တာတွေမရှိဘူး ပြောလို့ရတယ်ဆိုပြီး အဲဒါနဲ့အခုတော့ ပြောဖို့ဖြစ်သွားတာပေါ့နော်’’ ဟု ဒေါက်တာရွှေခါးကပြောသည်။
ထို့ကြောင့် ထန်တလန်မြို့ချင်းအမျိူးသားနေ့အခမ်းအနားတွင် ချင်းအမျိူးသားတပ်ဦး(CNF) မှ ဒု-ဥက္ကဌ (၂) ဒေါက်တာလျန်မှုန်းဆာခေါင်က မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “အထက်က ခွင့်ပြုထားပါတယ်၊ NRPC (အမျိူးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန) ကို သူတို့တရားဝင်စာတင်ပြီးတော့ NRPC ကနေ တရားဝင်ပြန်ခွင့်ပြုတာလိုက်တာပေါ့ CNF ဘက်ကတော့ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်၊ ဒေါက်တာရွှေခါးတို့ တက်ရောက်မယ် အဲလိုလေးတွေသိထားတဲ့အတွက် ဒေါက်တာလျန်မှုန်းဆာခေါင်က နှုတ်ဆက်စကားပေါ့နော် ပြောမယ်လို့ အကြမ်းဖျင်းသိထားပါတယ်’’ ဟု ပြောသည်။
ယခင်စစ်အစိုးရခေတ်အဆက်ဆက်ကာလတုန်းက ချင်းအမျိူးသားနေ့ကို မြန်မာနိုင်ငံအတွင်း “အမျိူးသားနေ့” အဖြစ် တရားဝင်ကျင်းပခွင့်မပြုခဲ့ကြဘဲ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို “ပြည်နယ်နေ့’’ အဖြစ်သာ ကျင်းပခွင့်ပြုခဲ့ကြသည်။ မြန်မာနိ်ုင်ငံတွင် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို ချင်းအမျိူးသားနေ့အဖြစ် ယခုကဲ့သို့ တရားဝင်ပြန်လည်ကျင်းပလာနိုင် ရေးအတွက် အဓိကဦးဆောင်လှုပ်ရှားသူများထဲတွင် ချင်းအမျိူးသားတပ်ဦး(CNF)လည်း အဓိကအခန်းကဏ္ဍတွင်ပါဝင်ခဲ့သည်။
သမ္မတဦးသိန်းစိန်အစိုးရတက်လာသည့်နောက်ပိုင်း ၂၀၁၂ ခုနှစ် ချင်းအမျိူးသားတပ်ဦး (CNF) နှင့် အစိုးရအဖွဲ့တို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူစာချူပ်ချူပ်ဆိုခဲ့သည့်အချိန်တွင် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို ချင်းအမျိူးသားနေ့အဖြစ် တရားဝင်ပြန်လည်ကျင်းပခွင့်ပြုရန် သဘောတူညီခဲ့ကြပြီး ၂၀၁၃ ခုနှစ်ကစ၍ ချင်းအမျိူးသားနေ့ကို တရားဝင်ပြန်လည်ကျင်းပနိုင်ခဲ့ကြခြင်းဖြစ်သည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website
Related Posts
ကလေးငယ်နှင့် အမျိုးသမီးအများစု ပါဝင်သည့် ချင်းလူမျိုး ၂၀ ခန့် မလေးရှားသို့ အဝင်မှာ အဖမ်းခံရပြီး အမှုရင်ဆိုင်နေရ
နယူးဒေလီရောက် မြန်မာစစ်ရှောင်များ သတိထားနေထိုင်ကြရန် India for Myanmar သတိပေး
တိုက်ပွဲကြောင့် တီးတိန် စစ်ဘေးရှောင် ၁၀၀၀ ကျော် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါများ လိုအပ်နေ
Leave A Reply Cancel Reply
The reCAPTCHA verification period has expired. Please reload the page.
  • Featured Article
May 30, 2025
“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”
May 16, 2025
“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”
April 24, 2025
“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”
April 11, 2025
“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”
Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Type above and press Enter to search. Press Esc to cancel.