Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ခ်င္းျပည္နယ္တြင္ ကိုယ္စားလွယ္ေလာင္းအမည္စာရင္းတင္သြင္းသူ ၂၀၀ ေက်ာ္ရွိ

ခ်င္းျပည္နယ္တြင္ ကိုယ္စားလွယ္ေလာင္းအမည္စာရင္းတင္သြင္းသူ ၂၀၀ ေက်ာ္ရွိ

0
By Editor on August 13, 2020 Headline

#Unicode

၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်မဲဆန္ဒနယ်မြေအသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းထားသူ ၂၁၁ ဦးရှိကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။

“အမည် လာရောက်တင်သွင်းတာ ပထမ ၂၁၂ ယောက် ရှိတယ်။ပြီးတော့မှ တစ်ယောက်က ပြန်ရုတ်သိမ်း သွားတော့ ၂၁၁ဦးဖြစ်သွားတယ်။ ယောက်၊ အခုလျှောက်လွှာတင်ရက်ကုန်သွားပြီဆိုတော့ တင်သွင်းလို့မရတော့ဘူး။ သူတို့တွေကို သြဂုတ် ၇ ရက်က ကစပြီးကျနော်တို့ စီစစ်နေတယ်” ဟု ဦးလင်းကျော်ကပြောသည်။

ချင်းပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်များသည် ပြည်နယ်လွှတ်တော်နေရာအတွက် ၉၉ ဦး၊ အမျိူးသားလွှတ်တော်နေရာအတွက် ၆၄ ဦးနှင့် ပြည်သူ့လွှတ်တော်နေရာအတွက် ၄၆ ဦး ဖြစ်ကြောင်း သိရသည်။

ယင်းအနက် တစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၁၇ ဦးရှိပြီး ပြည်သူ့လွှတ်တော်တွင် လေးဦး၊ အမျိုးသားလွှတ်တော်တွင် သုံးဦးနှင့် ပြည်နယ်လွှတ်တော်တွင် ၁၀ ဦးရှိသည်ဟု ဆိုသည်။

မြို့နယ်ပေါင်း ကိုး မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေစုစုပေါင်း ၃၉ နေရာရှိပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ ကိုး နေရာ၊ အမျိူးသားလွှတ်တော်မဲဆန္ဒနယ်မြေ ၁၂ နေရာ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေ ၁၈ နေရာရှိသည်။

ချင်းပြည်နယ်တစ်ပြည်နယ်လုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၄၂၁၄၂ ဦးရှိပြီး မဲရုံပေါင်း ၁၁၀၇ ရုံထားရှိရန်လျာထားကာ ထပ်တိုးနိုင်သည်ဟုလည်း ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း နိုင်ငံရေးပါတီ ၁၂ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယင်းပါတီများမှာ ချင်းတိုင်းရင်းသားများပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ခူမီး (ခမီး) အမျိုးသားပါတီ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ပြည်သူ့ပါတီ တို့မှဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတုန်းက ချင်းပြည်နယ်တွင် နိုင်ငံရေးပါတီ ၁၃ ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၂၀၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

#Zawgyi

၂၀၂၀ ခုႏွစ္အေထြေထြေရြးေကာက္ပြဲတြင္ ခ်င္းျပည္နယ္မဲဆႏၵနယ္ေျမအသီးသီးမွ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ကိုယ္စားလွယ္ေလာင္းအမည္စာရင္းတင္သြင္းထားသူ ၂၁၁ ဦးရွိေၾကာင္း ခ်င္းျပည္နယ္ ေရြးေကာက္ပြဲ ေကာ္မရွင္ အတြင္းေရးမႉး ဦးလင္းေက်ာ္ကေျပာသည္။

“အမည္ လာေရာက္တင္သြင္းတာ ပထမ ၂၁၂ ေယာက္ ရွိတယ္။ၿပီးေတာ့မွ တစ္ေယာက္က ျပန္႐ုတ္သိမ္း သြားေတာ့ ၂၁၁ဦးျဖစ္သြားတယ္။ ေယာက္၊ အခုေလၽွာက္လႊာတင္ရက္ကုန္သြားၿပီဆိုေတာ့ တင္သြင္းလို႔မရေတာ့ဘူး။ သူတို႔ေတြကို ၾသဂုတ္ ၇ ရက္က ကစၿပီးက်ေနာ္တို႔ စီစစ္ေနတယ္” ဟု ဦးလင္းေက်ာ္ကေျပာသည္။

ခ်င္းျပည္နယ္တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည့္ ကိုယ္စားလွယ္ေလာင္မ်ားသည္ ျပည္နယ္လႊတ္ေတာ္ေနရာအတြက္ ၉၉ ဦး၊ အမ်ိဴးသားလႊတ္ေတာ္ေနရာအတြက္ ၆၄ ဦးႏွင့္ ျပည္သူ႔လႊတ္ေတာ္ေနရာအတြက္ ၄၆ ဦး ျဖစ္ေၾကာင္း သိရသည္။

ယင္းအနက္ တစ္သီးပုဂၢလအျဖစ္ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္း ၁၇ ဦးရွိၿပီး ျပည္သူ႔လႊတ္ေတာ္တြင္ ေလးဦး၊ အမ်ိဳးသားလႊတ္ေတာ္တြင္ သုံးဦးႏွင့္ ျပည္နယ္လႊတ္ေတာ္တြင္ ၁၀ ဦးရွိသည္ဟု ဆိုသည္။

ၿမိဳ႕နယ္ေပါင္း ကိုး ၿမိဳ႕နယ္ရွိသည့္ ခ်င္းျပည္နယ္တြင္ မဲဆႏၵနယ္ေျမစုစုေပါင္း ၃၉ ေနရာရွိၿပီး ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္ေၿမ ကိုး ေနရာ၊ အမ်ိဴးသားလႊတ္ေတာ္မဲဆႏၵနယ္ေၿမ ၁၂ ေနရာ၊ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္ေၿမ ၁၈ ေနရာရွိသည္။

ခ်င္းျပည္နယ္တစ္ျပည္နယ္လုံးတြင္ ဆႏၵမဲေပးပိုင္ခြင့္ရွိသူ ၃၄၂၁၄၂ ဦးရွိၿပီး မဲ႐ုံေပါင္း ၁၁၀၇ ႐ုံထားရွိရန္လ်ာထားကာ ထပ္တိုးနိုင္သည္ဟုလည္း ေရြးေကာက္ပြဲေကာ္မရွင္အတြင္းေရးမႉး ဦးလင္းေက်ာ္ကေျပာသည္။

လာမည့္ နိုဝင္ဘာလ ၈ ရက္ေန႔ ေရြးေကာက္ပြဲတြင္ ခ်င္းျပည္နယ္အတြင္း နိုင္ငံေရးပါတီ ၁၂ ပါတီ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္ၿပီး ယင္းပါတီမ်ားမွာ ခ်င္းတိုင္းရင္းသားမ်ားပါတီ၊ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၊ ခူမီး (ခမီး) အမ်ိဳးသားပါတီ၊ ဇိုတိုင္းရင္းသားေဒသဖြံ့ၿဖိဳးေရးပါတီ၊ ဇိုမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၊ ညီညြတ္ေသာဒီမိုကရက္တစ္ပါတီ၊ တိုင္းရင္းသားစည္းလုံးညီညြတ္ေရးပါတီ၊ တိုင္းရင္းသားလူမ်ိဳးစုမ်ားဖြံ့ၿဖိဳးေရးပါတီ၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီႏွင့္ ျပည္သူ႔ပါတီ တို႔မွျဖစ္သည္။

ၿပီးခဲ့သည့္ ၂၀၁၅ ခုႏွစ္အေထြေထြေရြးေကာက္ပြဲတုန္းက ခ်င္းျပည္နယ္တြင္ နိုင္ငံေရးပါတီ ၁၃ ပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ ၂၀၂ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်

CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း

CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.