Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်တွင် ပထမဆုံး နေရောင်ခြည်သုံး ကော်ဖီအခြောက်လှန်းစက်ရုံ စတင်လည်ပတ်

ချင်းပြည်နယ်တွင် ပထမဆုံး နေရောင်ခြည်သုံး ကော်ဖီအခြောက်လှန်းစက်ရုံ စတင်လည်ပတ်

0
By Editor on February 14, 2019 Khonumthung

By လားနွန် – နေရောင်ခြည်ကိုအသုံးပြု၍ ကော်ဖီများကို အခြောက်လှန်းနိုင်သည့် စက်ရုံတစ်ခုကို ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ယခုလဆန်းပိုင်းက စတင်လည်ပတ်နေပြီဖြစ်ကြောင်းသိရသည်။

ချင်းတောင်တွင်ထွက်ရှိသည့် ကော်ဖီများသည် ယခင်က အခြောက်ခံလိုပါက ပြင်ပတွင် နေပူလှန်းရပြီး ကော်ဖီများသည် အနံ့အသက် စုပ်ယူမှုအလွန်အားကောင်းသည့်အတွက် အရည်အသွေးပိုင်းတွင် အားနည်းချက်များဖြစ်လာစေသည့်အပြင် နေပူချိန်အားနည်းခြင်းကြောင့် အခြောက်ခံရန် အချိန်ကြာမြင့်စွာ စောင့်နေရသည့်အတွက် (Solar Dryer Dome) နေရောင်ခြည်သုံးအခြောက်ခံစက်ကို စမ်းသပ်ကာ စတင် အသုံးပြုကြည့်ခြင်းဖြစ်သည်ဟု ပိုင်ရှင် ဆလိုင်းမာဟုန်းကပြောသည်။

“အမှန်က ကော်ဖီက အနံ့စုပ်လည်းအရမ်းအားကောင်းတယ်၊ ကောင်းတဲ့အခါကြတော့ တချို့ဆိုရင် ကြက်တွေ၊ ၀က်တွေသတ်လိုက်၊ အဲလိုမျိုးတွေပေါ့၊ ကော်ဖီကအနံ့ပေါင်းစုံကိုစုပ်တယ်၊ အမှန်က ကျွန်တော်တို့ချင်းပြည်နယ်က ကော်ဖီတွေက အရည်အသွေးကောင်းပေမယ့် ကျွန်တော်တို့ ခူးတဲ့အချိန်ကစပြီး အခြောက်လှန်းတဲ့အထိ စနစ်မကျတဲ့အတွက် ကျွန်တော်တို့ ရသင့်သလောက် ကော်ဖီတွေရဲ့အရည်အသွေးတွေ ထွက်မလာဘူး၊ အဲဒါကြောင့် ကျွန်တော်တို့က ၂၀၁၆ ခုနှစ်ကစပြီး လှန်းစင်လေးတွေသုံးတယ်၊ အဲဒီမှာဖုံတွေ ဘာတွေက ကျွန်တော်တို့မကာကွယ်နိုင်ဘူး၊ ဖုံတွေထတာတွေရှိတယ်၊ နောက်ပိုင်းမိုးရာသီပိုင်းရောက်လာတော့ အထားအသိုလည်း အများကြီးလိုအပ်တာပေါ့၊ မှိုနည်းနည်းလိုက်ချင်တာမျိုးတွေဖြစ်တယ်၊ တစ်ချို့ဆိုရင် ပျက်စီးသွားတာရှိတယ်၊ မှိုလုံးလုံးတက်သွားတာရှိတယ်၊ အဲလိုဖြစ်လာတဲ့အတွက် ကျွန်တော် ဒီနေရောင်ခြည်သုံး အခြောက်ခံနဲ့ဆိုရင် (Solar dryer dome) နေလည်းကောင်းကောင်းရမယ်၊ အဲဒီအထဲမှာ အခြောက်လှန်းရင် အခြောက်လှန်းတဲ့ ခြောက်နှုန်းကညီမယ်၊ စနစ်တကျလုပ်ထားရင်တော့ အရင်နှစ်တွေကထက် ပိုပြီးတော့ အရည်အသွေးပိုထိန်းနိုင်မယ်ဆိုတဲ့ အမြင်လေးနဲ့ နေရောင်ခြည်သုံးအခြောက်ခံ (Solar Dryer Dome) စတည်ဖြစ်တာပေါ့” ဟု ဆလိုင်းမာဟုန်းက ခိုနူမ်းသုန်မီဒီယာအဖွဲ့ကိုပြောသည်။

ယင်းကော်ဖီအခြောက်လှန်းစက်ရုံအတွက် ဒိန်းမတ်အစိုးရထံမှ RBF (Responsible Business Fund) ၈၀ ရာခိုင်နှုန်းကူညီပန့်ပိုးမှုရရှိပြီး လုပ်ငန်းရှင်ဖက်မှ ၂၀ ရာခိုင်နှုန်းအကုန်ကျခံပြီး စက်ရုံကို တည်ဆောက်ခြင်း ဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ အခြောက်လှန်းစက်ရုံတွင် စနစ်တကျလုပ်ဆောင်ခြင်းအားဖြင့် လုပ်ငန်းလည်ပတ်မှု ပိုမိုလွယ်ကူ စေမည်ဖြစ်သကဲ့သို့ ကော်ဖီအရည်အသွေးလည်း ပိုမိုကောင်းမွန်လာမည်ဟု ဆလိုင်းမာဟုန်းကပြောသည်။

“အခြောက်လှမ်းတဲ့အချိန်မှာ မိုးအုံ့တာမျိုးတွေ ဘယ်လိုပဲဖြစ်နေဖြစ်နေ ကျွန်တော်တို့အထဲမှာ အလုံနဲ့ပဲ မိုးလုံ လေလုံနဲ့လုပ်ထားတဲ့အတွက် အနံ့အသက်တွေ ဖုံတွေလည်း အထဲမှာမ၀င်တော့ဘူး၊  ဈေးကွက်ထဲသွားရင်လည်း ပိုပြီးအခွင့်အလမ်းတွေရှိမယ်၊ ပိုပြီးမှ အဆင်ပြေတဲ့အပိုင်းကတော့ အခြောက်လုံးဝညီသွားတယ်၊ ပြီးရင် အရင်က တစ်လလုံးလုံးနေလှန်းထားတယ်၊ အဲဒါတောင်မှ ဘယ်လိုအခြေအနေရှိတယ်၊ ကျွန်တော်တို့သုံးသပ်ဖို့ အရမ်းခက်နေတယ်၊ အခုဟာကျတော့ လုံးခြောက်ကို နှစ်ပတ်အတွင်းပေါ့၊ နှစ်ပတ်ကနေသုံးပတ်ကြားပေါ့၊ ပြီးရင်လုပ်ငန်းမြန်ဆန်မှုပိုရှိလာတာပေါ့ ပြီးရင် အရည်အသွေးပိုမြင့်လာတယ်” ဟု ဆလိုင်းမာဟုန်းဆက် ပြောသည်။

နေရောင်ခြည်သုံးအခြောက်ခံ (Solar Dryer Dome) တည်ဆောက်ရန်အတွက် အောက်မြစ်ခံနှင့် စက်အတွက် ကျပ်ငွေ သိန်း (၁၉၂) နှင့် မီးပါမည်ဆိုပါကသိန်း (၂၀၀) ခန့် ကုန်ကျသည်ဟု သိရပြီး အဆိုပါစက်တွင် တစ်ကြိမ်လှန်းလျှင် ကော်ဖီ (၅၆၀) ပိသာလှန်းနိုင်သည်ဟု သိရသည်။

ဆလိုင်းမာဟုန်းသည် ချင်းပြည်နယ်မှ ပထမဦးဆုံး ကော်ဖီဝိုင်ထုတ်လုပ်သူလည်းဖြစ်ပြီး အဆိုပါကော်ဖီဝိုင်သည် လက်ရှိတွင် အစမ်းကာလသာဖြစ်ပြီး စီးပွားဖြစ်အနေဖြင့် မရောင်းချသေးကြောင်းလည်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသား နှစ်ဦးထံ ရူပီး သိန်း ၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

HPO/CDF-Hualngoram က ရိခေါဒါရ်မြို့ မူကြိုကျောင်းမှာ ဘိန်းဖြူဟောင် ၄၀၀ ကျော်ဖမ်းမိ

မတူပီ-မင်းတပ်လမ်း ပြုပြင်နေသောကြောင့် ခေတ္တလမ်းပိတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.