Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်တွင် မဲပေးခွင့်ရှိသူဦးရေ ၆ သောင်းကျော်တိုးလာ

ချင်းပြည်နယ်တွင် မဲပေးခွင့်ရှိသူဦးရေ ၆ သောင်းကျော်တိုးလာ

0
By Editor on September 20, 2019 Headline

By လားနွန် – လာမည့် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်၌ မဲပေးခွင့်ရှိသူ ၆ သောင်းကျော်တိုးလာမည်ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ထုတ်ပြန်သော ၂၀၂၀ အခြေခံမဲဆန္ဒရှင်စာရင်းအရသိရသည်။

ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်းရေးမှူး
ဦးလင်းကျော်က “ကျနော်တို့ ၂၀၂၀ မှာ (၁၈) ပြည့်လာမယ်သူတွေထည့်ထားတယ်
အဲလိုထည့်ထားဖြစ်တဲ့အတွက် ဒီငါးနှစ်တာကာလအတွင်းမှာ (၁၈)
နှစ်ပြည့်လာတဲ့လူက ၂၀၁၄ သန်းခေါင်စရင်းစမ်းသပ်ချက်အရ
ငါးသောင်းကျော်လောက်ရှိတယ် ချင်းပြည်နယ်ထဲမှာ အခုလက်ရှိမှာလည်း
ခြောက်သောင်းကျော်လောက်ပိုနေတဲ့ဟာသည် ငါးသောင်းကျော်ကတော့ (၁၈)
နှစ်ပြည့်လာမယ့်တဲ့သူပေါ့ ပြီးရင်
တခြားနယ်ကနေပြောင်းလာတဲ့ဝန်ထမ်းတွေလည်းပါမယ် နောက်တစ်ခုကတော့
ကျနော်တို့ပြန်စီစဉ်ဖို့ လုပ်ငန်းရှင်တစ်ရပ်အနေနဲ့
ကျန်နေတဲ့ထပ်နေတဲ့သူတွေရှိမယ် ဘယ်လိုထပ်လဲဆိုရင်
ဒီဟားခါးမြို့မှာဆိုလို့ရှိရင် ကျောင်းတွေ တက္ကသိုလ်တွေ ကောလိပ်တွေ
အဲဒီကလူတွေက တခြားမြို့မှာလည်း စာရင်းပါတယ် ကျနော်တို့ဟားခါးမှာလည်း
စရင်းပါတယ် အဲလိုလဲထပ်မယ် ပြီးရင် ကျေးရွာကနေပြီးမှ မြို့ပေါ်တွေကို
ပြောင်းလာတဲ့လူတွေလည်းရှိတယ် ကျေးရွာမှာလည်းပါနေမယ်
မြို့ပေါ်မှာလည်းပါနိုင်တယ် အဲလိုလူတွေကို ကျနော်မှန်းကြည့်တယ်
သောင်းဂဏန်းလောက်ရှိတယ် အဲဒီအတွက်ကြောင့် (၆) သောင်းကျော်လောက်က ၂၀၁၅
မဲစရင်းထက်စာရင် ၂၀၂၀ အခြေခံမဲစာရင်းကတိုးလာတာပေါ့” ဟု
ဦးလင်းကျော်ကပြောသည်။


ချင်းပြည်နယ် အခြေခံမဲစာရင်းအရ ပြည်နယ်ချုပ်အားဖြင့် ၂၀၁၅-၂၀၁၇-၂၀၁၈ ခုနှစ်တွင်
မဲဆန္ဒရှင် စုစုပေါင်း ၂၇၅၄၁၈ ရှိပြီး ၂၀၂၀ အခြေခံမဲစာရင်းတွေ့ရှိချက်အရ
၃၄၂၆၁၃ ရှိကာ ကွာဟမှုသည် ၆၇၁၉၅ ရှိကြောင်းသိရသည်။



ချင်းပြည်နယ်တွင် ပြည်နယ်ချုပ်အားဖြင့် ရပ်ကွက် ၇၀ အုပ်စု ၄၆၄ ရှိပြီး
၂၀၁၅ ရွေးကောက်ပွဲ၌ မဲရုံစုစုပေါင်း ၁၀၃၁ ရှိကာ လာမည့် ၂၀၂၀ အတွက်
လျာထားမဲရုံစုစုပေါင်း ၁၀၈၇ ထိတိုးမြှင့်ထားကြောင်း သိရသည်။

၂၀၂၀ ရွေးကော်ပွဲတွင် တိကျမှန်ကန်သည့် မဲစာရင်းရရှိရန်အတွက်
ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ အိမ်ထောင်စုများအစဉ်လိုက်
အခြေခံမဲစာရင်းတွေပြုစုခြင်း၊ ရပ်ကျေးကော်မရှင်ထံမှ သေဆုံးမှုစာရင်းနှင့်
ကျန်နေသည့်စာရင်းများ ပြန်လည်စီစစ်ခြင်း၊ မသန်စွမ်းစာရင်းထဲရှိ
မသန်စွမ်းလေးမျိုးမှ မထည့်ဖြစ်သူများရှိမရှိပြန်စစ်ဆေးခြင်း၊
နိုင်ငံရပ်ခြားထွက်ခွာသူများစာရင်းစိစစ်ခြင်းများလုပ်ဆောင်ပြီး
လစဉ်အထွေထွေဦးစီးဌာနမှ ပြောင်းလဲလာသည့် စာရင်းများကို
ပြုပြင်မွမ်းမံခြင်းလုပ်ဆောင်ကာ ညှို့နှိုင်းအစည်းဝေးများပြုလုပ်ပြီး
မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ပြန်စီစစ်
မဲဆန္ဒရှင်စာရင်းတွင်ပြန်ထည့်ခြင်းများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ဦးလင်းကျော်ကဆက်ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်

CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း

CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.