Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်းဦးရေ ယခင်ထက်နည်းပါး
ချင်းပြည်နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်းဦးရေ ယခင်ထက်နည်းပါး
0
By Editor on August 20, 2020 Khonumthung
#Unicode
ချင်းပြည်နယ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အမျိူးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၁၈ ဦးရှိပြီး ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲထက် ပိုမိုနည်းပါးသွားကြောင်း  ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း တစ်သီးပုဂ္ဂလအပါအဝင် နိုင်ငံရေးပါတီ ၁၂ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၁၁ ဦးက ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားပြီး ယင်းအနက် အမျိူးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၁၈ ဦးသာ ပါဝင်လာခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၂၂ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
“၂၀၂၀ က အားလုံးသိတဲ့အတိုင်း ကိုဗစ်ဖြစ်နေတဲ့အချိန်မှာ ပါတီတွေက ကိုယ်စားလှယ်လောင်းတွေကို အမြန်ရွေးချယ်ရတဲ့အနေအထားတွေ ကျနော်တို့တွေ့ရတယ်၊ နောက်ကိုဗစ်ကြောင့်ပဲ အမျိုးသမီးတွေကတော့ ဒီမိသားစုတွေနဲ့ အနီးကပ်ရှိနေတာကို အဲဒီတော့ စိတ်အေးလက်အေးနဲ့ ဝင်ပြိုင်နိုင်ဖို့အတွက် ဟန့်တားမှုတွေရှိတယ်၊ ကိုဗစ်ရဲ့ အကျိုးအဆက်ကလည်းအဟန့်အတားဖြစ်စေတယ် အမှန်ဆိုရင်တော့ ကျနော်ထင်တယ် ပိုများလာဖို့ကျနော်က ယုံတယ်လေ အခုကျတော့နည်းနည်းလျော့သွားတာပေါ့။ လျော့သွားတာကတော့ အခုနကပ်ရောဂါတစ်ခုကြောင့်လို့ပဲ မြင်တယ်” ဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်က ပြောသည်။
အဆိုပါ အမျိုးသမီးကိုယ်စားလှယ်လောင်းများသည်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ငါးဦး၊ အမျိူးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ခြောက်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ခုနစ်ဦးတို့ဖြစ်ပြီး ၎င်းတို့အနက် နှစ်ဦးသည် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ချင်းအမျိူးသမီးများ နိုင်ငံရေးတွင် ပါဝင်မှုအားနည်းနေမှုသည် ချင်းအမျိူးသမီးများကိုယ်တိုင် အတွေးအခေါ်ပြုပြင်ပြောင်းလဲရန်လိုအပ်သည့်အပြင် နိုင်ငံရေးပါတီကိုဦးဆောင်နေကြေသာ အမျိူးသားများကလည်း နိုင်ငံရေးတွင် အမျိူးသမီးများပါဝင်မှုများလာစေရန်  ဦးစားပေးလုပ်ဆောင်သင့်သည်ဟု ကျား/မတန်းတူရေးနှင့် အမျိူးသမီးအရေးဆောင်ရွက်နေသော NiNu ၏ ဒါရိုက်တာ Mai Len Neih Cer ကပြောသည်။
“အမျိူးသမီးပါဝင်မှုက အရမ်းအားနည်းနေတယ်။ နေရာတိုင်းမှာပြောင်းလဲမှုလိုမယ်လို့ထင်တယ်။ အထူးသဖြင့် ဒီအမျိုးသမီးဘက်ကလည်း ပြောင်းလဲဖို့လိုလာတယ်။ နောက်ပြီးအမျိုးသမီးတွေက နိုင်ငံရေးကိုစိတ်ဝင်စားဖို့လိုလာတယ်။ တစ်ဖက်မှာ လည်း ပါတီကို ဦးဆောင်တဲ့သူတွေအနေနဲ့  အမျိုးသမီးတွေပါဝင်ခွင့်ရလာဖို့ ဦးစားပေးပြီးတော့ လုပ်ဆောင်သင့်တယ်လို့မြင်တယ်။ ရွေးကောက်ပွဲနီးလာမှ ဒီအမျိုးသမီးကိုယ်စားလှယ်လောင်းတွေ  ဖိတ်ခေါ်တာတို့ ဘာတို့မဟုတ်ဘဲ အမျိုးသမီးတွေက နိုင်ငံရေးအတွက်ဘယ်လိုပါဝင်လာနိုင်လာမှာလဲဆိုတာ အထူးစဉ်းစားပေးဖို့လိုတယ်” ဟု Mai Len Neih Cer ကပြောသည်။
ထို့အပြင် ချင်းအမျိူးသမီးများ နိုင်ငံရေးတွင် ပါဝင်မှုအားနည်းနေရသည့် အဓိကအကြောင်းအရင်းတစ်ခုမှာ ဓလေ့ထုံးတမ်းအစဉ်အလာလွှမ်းမိုးကြီးစိုးနေသေးသည့်အတွက်ကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
#Unicode
ချင်းပြည်နယ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၁၈ ဦးရှိပြီး ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲထက် ပိုမိုနည်းပါးသွားကြောင်း  ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း တစ်သီးပုဂ္ဂလအပါအဝင် နိုင်ငံရေးပါတီ ၁၂ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၁၁ ဦးက ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားပြီး ယင်းအနက် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၁၈ ဦးသာ ပါဝင်လာခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၂၂ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးကိုယ်စားလှယ်လောင်းများသည်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ငါးဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ခြောက်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ခုနစ်ဦးတို့ဖြစ်ပြီး ゞင်းတို့အနက် နှစ်ဦးသည် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ချင်းအမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှုအားနည်းနေမှုသည် ချင်းအမျိုးသမီးများကိုယ်တိုင် အတွေးအခေါ်ပြုပြင်ပြောင်းလဲရန်လိုအပ်သည့်အပြင် နိုင်ငံရေးပါတီကိုဦးဆောင်နေကြေသာ အမျိုးသားများကလည်း နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်မှုများလာစေရန်  ဦးစားပေးလုပ်ဆောင်သင့်သည်ဟု ကျား/မတန်းတူရေးနှင့် အမျိုးသမီးအရေးဆောင်ရွက်နေသော NiNu ၏ ဒါရိုက်တာ Mai Len Neih Cer ကပြောသည်။
ထို့အပြင် ချင်းအမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှုအားနည်းနေရသည့် အဓိကအကြောင်းအရင်းတစ်ခုမှာ ဓလေ့ထုံးတမ်းအစဉ်အလာလွှမ်းမိုးကြီးစိုးနေသေးသည့်အတွက်ကြောင့်ဖြစ်ကြောင်း ゞင်းက ဆက်လက်ပြောသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website
Related Posts
ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ
တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး
ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်
Leave A Reply Cancel Reply
The reCAPTCHA verification period has expired. Please reload the page.
  • Featured Article
January 7, 2026
သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ
January 2, 2026
#Article”ချင်းကို ကာရံညှိခြင်း”
December 17, 2025
တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး
November 28, 2025
“ပေးဆပ်မှု ကြီးမားကြသူများ”
Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026
သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ
January 2, 2026
#Article”ချင်းကို ကာရံညှိခြင်း”
December 17, 2025
တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး
November 28, 2025
“ပေးဆပ်မှု ကြီးမားကြသူများ”
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Type above and press Enter to search. Press Esc to cancel.