Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်တွင် မြန်မာ့တပ်မတော်စစ်အင်အားတိုးချဲ့မှု ချင်းပါတီများစိုးရိမ်

ချင်းပြည်နယ်တွင် မြန်မာ့တပ်မတော်စစ်အင်အားတိုးချဲ့မှု ချင်းပါတီများစိုးရိမ်

0
By Editor on February 8, 2019 Headline

By လားနွန် – ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ဘက်တွင် မြန်မာ့တပ်မတော်မှ စစ်အင်အား အလုံးအရင်းနှင့် တိုးချဲ့လာမှုအပေါ် တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ကို ချင်းနိုင်ငံရေးပါတီများက စိုးရိမ်မကင်းဖြစ်နေကြသည်။

ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးဇိုဇမ်းက “တကယ်တမ်းတော့ မတူပီတို့ဘာတို့ စစ်မျက်နှာပြင်ဖွင့်လာမယ်ဆိုရင် လက်နက်ကိုင်တဲ့ AA ဖက်ကရော၊ တပ်ဖက်ကရော ခံရတာက ကျွန်တော်တို့ပြည်သူ တွေကခံရတာကိုး၊ နောက်အေးအေးဆေးဆေးဖြစ်နေတဲ့ ကျွန်တော်တို့ ချင်းပြည်နယ်ကို စစ်မျက်နှာပြင်အနေနဲ့ အဲလိုရှေ့တန်းမျက်နှာပြင်တစ်ခုအနေနဲ့ ဖြစ်လာမှာကို တော်တော်စိုးရိမ်တယ်” ဟု ပြောသည်။

မတူပီမြို့နယ်သည် ယခုလက်ရှိ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) အကြား တိုက်ပွဲဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်နှင့် နယ်နိမိတ်ခြင်းထိစပ်နေပြီး ဖေဖော်ဝါရီ (၃) ရက်နေ့က စစ်ကားအစီး (၁၀၀) ကျော်နှင့် စစ်ရဟတ်ယာဉ် (၂) စီးရောက်ရှိလာပြီး တပ်မတော်ဖက်မှ တပ်အင်အားတိုးချဲ့လာခဲ့သည်။

ယခုကဲ့သို့ မတူပီမြို့နယ်တွင် မြန်မာ့တပ်မတော်မှ တပ်ရင်းအမြောက်အများနှင့် အလုံးအရင်းလာရောက်သည့်အတွက်  တပ်မတော်နှင့် AA အကြားတိုက်ပွဲသည် ပလက်ဝမြို့နယ်တွင်သာမက မတူပီမြို့နယ်ဘက်သို့ ကူးစက်လာမည်ကို စိုးရိမ်စရာရှိသည်ဟု ချင်းဒီမိုကရေစီအဖွဲ့ချူပ် (CLD) ပါတီအတွင်းရေးမှူး ဆလိုင်းအောင်လိန်းကပြောသည်။

“အခု AA က ပလက်ဝနေရာတစ်ခုတည်းကို နေရာယူထားတယ်လေ၊ ယူထားတဲ့အခါကြတော့ မတူပီမှာ စစ်တပ်ဗျူဟာ (မြန်မာ့တပ်မတော်) ရှိတဲ့အခါကျတော့ မတူပီဗျူဟာကနေတဆင့် AA ကို ထိန်းချင်တဲ့သဘောရှိတယ်၊ AA က ရခိုင်ပြည်နယ်နဲ့ ပလက်ဝမှာ စစ်ရေးလှုပ်ရှားနေတဲ့အခါကြတော့ မတူပီက AA တွေအတွက် ကချင်ပြည်ဘက်ကိုသွားတဲ့လမ်းကြောင်းဖြစ်နေတယ်၊ အဲဒီလမ်းကြောင်းကနေ သူဖြတ်တောက်ပြီးတော့မှ ထိန်းချုပ်မယ့် သဘောမှာရှိတယ်၊ အဲလိုထိန်းချုပ်တဲ့အခါမှာ ဘာဖြစ်လာမလဲဆိုလို့ရှိရင် တိုက်ပွဲတွေက ပလက်ဝမြို့နယ်တွေမကပဲနဲ့ မတူပီမြို့နယ်အထိပါ တိုက်ပွဲတွေက ပျံ့နံ့သွားနိုင်တဲ့ အနေအထားမှာရှိတယ်၊ တိုက်ပွဲတွေက ပျံ့နှံ့သွားတယ်ဆိုလို့ရှိရင် ပိုပြီးတော့မှ ပြည်သူလူထုက ဒုက္ခရောက်မယ်၊ ပိုပြီးတော့မှ ခက်ခဲလာမှာဖြစ်ပါတယ်’’ ဟု ဆလိုင်းအောင်လိန်းကပြောသည်။

ထို့အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် AA တပ်ဖွဲ့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါက ချင်းပြည်နယ်၏ စီးပွားရေးကို ထိခိုက်လာနိုင်သည်ဟု သူကဆက်ပြောသည်။

“အထူးသဖြင့် ကျွန်တော်တို့ ဒီပလက်ဝမြို့နယ်မှာလုပ်နေတဲ့ ကုလားတန်ဘက်စုံစီမံကိန်း ရပ်တန့်သွားနိုင်တယ်၊ အဲဒီဟာက ကျွန်တော်တို့နိုင်ငံတော်ရဲ့ စီးပွားရေးသော်လည်းကောင်း၊ ချင်းပြည်နယ်ရဲ့စီးပွားရေးကိုလည်းကောင်း အကြီးအကျယ်ထိခိုက်ပြီးတော့မှ ဒေသငြိမ်းချမ်းရေးသာမက ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုပါ အများကြီးထိခိုက်မှာဖြစ်တယ်၊ ပြည်သူလူထုက ပိုပြီးတော့ ဒုက္ခရောက်မယ်”ဟု ဆလိုင်းအောင်လိန်းကပြောသည်။

ယခုလက်ရှိ မတူပီမြို့တွင် မြန်မာ့တပ်မတော်မှ ညနေ (၅) နာရီနောက်ပိုင်း တပ်မတော်တပ်ရင်းစခန်းရှေ့ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း၊ နေ့ခင်းဘက် တပ်ရင်းစခန်းရှေ့ ဖြတ်သန်းသွားလာသည့်အခါ ဓါတ်ပုံရိုက်ယူခြင်း၊ ဖုန်းပြောဆိုခြင်း၊ ဆိုင်ကယ်ရပ်နားခြင်းများမပြုလုပ်ရန်နှင့် မည်သူမှ သေနတ်ဖြင့် တောလည်ခြင်းမပြုလုပ်ရန် တပ်မတော်မှ ဖေဖော်ဝါရီလ (၆) ရက်နေ့က အမိန့်ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.